Zawgyi
........တီးလုံးသံတွေဆူညံကာ မဖွယ်မရာတွေ လည်းလုပ်နေကြသော ဘုန်းမြတ်တို့ နှင့် အတူ ဝိုင်ပဲသောက်ကာ ထိုင်နေသော ဆက်ခန့် လည်းရှိခဲ့သည်။
အားလုံးပျော်ပါးနေကြတာမို့ ဆက် လည်း ပျော်နေကာ ၅ နာရီ ဆိုတဲ့အချိန်ကိုမေ့လာလေသည်။ သတိရတော့ ၅ နာရီကျော်နေလေပြီ။ ထရန်ပြင်တော့
"ဘယ်တုန်းကွ မင်းကလည်းဒီမှာကောင်းနေပြီကို "
"မရဘူး ငါသွားမှရမယ်"
"ဆက်ခန့် မင်းကလည်း ကျော်စွာ တို့ကော ငါကောရှိနေတာကို ခဏနေပါဦး"
"မရဘူးလို့ပြောနေတယ်လေ!!! "
ထိုကဲ့သို့ ဆက်ခန့် စိတ်တိုနေတဲ့ပုံစံမျိုး ဘယ်သူငယ်ချင်းမှ မမြင်ဖူးတာမို့ လွတ်သာပေးလိုက်ရသည်။ အခုချိန် သူ့စိတ်ထဲမှာစိုးရိမ်မှုက နေရာ ယူနေလေသည်။
...............။
အချိန်က ၆ နာရီတောင်ကျော်ပြီ။ လူပျက်တဲ့နေရာမို့လို့လည်း လူက ကြက်သီးတွေထလာလေသည်။
ခြင်တွေကလည်း သူ့နားကိုဝဲကာ တဂျီဂျီ အော်နေလေသည်။ တစ်ဖက်လမ်းမှ အရက်မူးနေတဲ့ လူ၃ ဦး လာနေတာမို့လို့ ပြေးရန်ပြင်တော့ တစ်ခုခုက လက်ကိုလှမ်းဆွဲလိုက်သည်။"အလှလေး လူလိုနေတာလား"
"ဖယ် လွှတ်နော် ကျွန်တော့်ကိုလွှတ် "
ထိုလူတွေထဲက နောက်ထပ်တစ်ယောက်က
"ကိုယ်တို့ရှိတယ်လေ လာပါ "
"ဟုတ်သားပဲ ဒီမှာ ထိုင်နေတဲ့ပုံကတော့ ဖောက်သည်ရှာနေတာနေမှာ "
လွန်းရိပ် ကိုယ့်ကိုကိုယ်ရှက်လာသလို ကြောက်လဲကြောင်လာတာမို့ အသားကုန်အော်ငိုပြစ်လိုက်သည်။
ထိုလူသုံးယောက်က လွန်း ကိုမှောင်ရိပ်တစ်နေရာကိုခေါ်သွားတာမို့ လွန်း အသည်းအသန်းရုန်းလေသည်။
"မလုပ်ပါနဲ့...ကျွန်တော်...အဲ့လိုလူမဟုတ်ဘူး"
"ရှူး ငြိမ်ငြိမ်နေ မင်းလိုချင်တာရတော့မှာလေ"
"တောင်းပန်ပါတယ်...အဲ့လိုမလုပ်...ပါနဲ့..."
ထိုလူ၃ယောက် ထဲက ၁ ယောက်က လွန်း ရဲ့ အင်္ကျီကို ဆွဲဖြဲလိုက်တော့ ပုခုံးသားဖြူဖြူတို့ ပေါ်လာကြသည်။

BẠN ĐANG ĐỌC
"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }
Lãng mạnS1 အရင်ဖတ်ပေးပါ ဆက်စပ်မှုရှိလို့ မတူညီနေရာနှစ်ခုက ကောင်လေး ၂ ယောက် ဆုတောင်းတစ်ခုကြောင့် ပြန်လည်စုံစည်းလာတော့.... S1 အရင်ဖတ်ပေးပါ ဆက်စပ်မှုရှိလို့ မတူညီနေရာနှစ်ခုက ကောင်လေး ၂ ယောက် ဆုတောင်းတစ်ခုကြောင့် ပြန်လည်စုံစည်းလာတော့.... 30.10.2020 #VeraVicki2...