(8)ခရီးလမ်းလေး ခရီးလမ်းလေး

6.7K 665 24
                                        

Zawgyi
.......

ဒီနေ့က ကျောင်းတော့မပိတ်ဘူးလေ ။ မနက်ဖြန်ကတော့ကျောင်းပိတ်တယ် ။ ပိတ်တယ်ဆိုတာထက် ကျောင်းကပွဲကြောင့်မသွားဘဲနေလိုက်တာဆိုပိုမှန်တယ် ။ ဘာလို့ဆို ဟိုကိုယ်တော်ချောက စိတ်ကောက်နေမှာလေ။

အဲ့တာနဲ့ပဲ ဒီနေ့တစ်ရက်ကိုပါခွင့်တိုင်လိုက်လေသည်။
ပြီးတော့ ဘယ်သွားရင်ကောင်းမလဲ ဆက် တို့နဲ့တိုင်ပင်တော့ ချောင်းသာ တဲ့။ အခုဆို ၄ရက်ရသွားတာပေါ့ ။ ကျောင်းကတစ်ရက်ပျက် နောက်တစ်ရက်ကမသွား ပြီးတော့ စနေ တနင်္ဂနွေ ။

ဒီနေ့ညစထွက်ကြမယ်ဆိုပဲ ဘယ်သူမောင်းမှာလဲ ဆိုတော့ ဆက် သူငယ်ချင်းရဲ့ဦးလေး တဲ့။ အင်း...စိတ်တော့သိပ်မချဘူး။ ကိုယ်မသိတဲ့လူလေ။ ပြီးတော့ တောင်တတ်လမ်းကအရမ်းကွေ့ကောက်ပြီး အန္တရယ်များတယ်မဟုတ်လား။
တော်သေးတယ်ပဲပြောရမယ် ငပလီ သာဆိုပိုဆိုးမယ်။

"လွန်း... "

ကျွန်တော်အဝတ်တွေထည့်နေရင်း ခေါ်သံကြားတာမို့ကြည့်လိုက်တော့ ဆက် ခေါ်တာဖြစ်နေလေသည်။ ဝရန်တာကနေ အောက်ကိုငုံကြည့်တော့ ကောင်လေး၂ယောက်နဲ့ အတူတူခြံရှေ့မှာရပ်နေလေသည်။

ကျွန်တော်လည်း ဘာမှန်းမသိတာကြောင့်အိမ်ထဲမခေါ်တော့ဘဲ ထွက်တွေ့လိုက်လေသည်။

"ဆက် ဘာလို့အပြင်ကအော်ခေါ်နေတာလဲ"

"Wow....ဆက်ခန့် မင်းဟာလေးက မိုက်တယ်နော်"

တစ်ဖက်ကောင်လေးရဲ့ပြောစကားကြောင့် လွန်း ရဲ့စိတ်တ်ို့က ကသီကအောက်ဖြစ်သွားရလေသည်။

ဘုတ်!

ခုနက လွန်း ကိုပြောတဲ့ကောင်လေးရဲ့ကျောခုံးကို ဆက် ကရိုက်ချလိုက်လေသည်။

"စကားပြောဆင်ခြင် "

အဲ့တစ်ခွန်းထဲကိုပြော၍ တည်ငြိမ်နေသော ဆက် ကိုကြည့်၍ တကယ်ကိုအံ့သြရသည်။ ဖြစ်နိုင်လို့လား သူနဲ့တွေ့ရင် အမြဲတမ်း မျက်နှာပြောင်နေတာ အခု လွန်းရှေ့မှာရပ်နေတဲ့ သူကောဟုတ်ရဲ့လား?

"ဆက် တို့လာလေ အထဲဝင်ဦး"

"မိတ်ဆက်ပေးဖို့ခေါ်လာတာလေ "

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Where stories live. Discover now