Zawgyi
.........
"မောင်...."
တိုးလျစွာခေါ်လိုက်သော စကားလုံးတ်ို့နောက် ဆက် ရဲ့မျက်လုံးတို့သည် လွန်း ကိုကြည့်လိုက်လေသည်။ ပြီးတော့ မျက်ရည်တွေဝဲကာ လွန်း ရဲ့ပါးကိုင်၍ ကြင်နာစွာသော
အနမ်းတို့ကို ဖန်တီးလေသည် ။
ငို၍နီရဲနေသော လွန်း ရဲ့မျက်လုံးတို့က အရည်ကြည်တွေကိုသုတ်ကာ မျက်လုံးကိုသေချာစိုက်ကြည့်၍
"မောင် ပြန်လာပြီလေ "
ဆက် ရဲ့ စကားအဆုံးမှာ လွန်း တကယ်ကိုမထိန်းထားနိုင်တော့ဘဲငိုမိသည်။
ဘယ်နှနှစ်တောင်လဲ သူ စိတ်ထဲမှာပေါ်နေတဲ့အကြောင်းအရာတွေကဘာတွေလဲ ဆိုပြီးခဏခဏ စဉ်းစားဖူးတယ်
၁၈ နှစ် ။ ၁၈ နှစ်ကြာခဲ့ပြီ။ အချိန် တွေသာကုန်သွားပေမဲ့ အဲ့အဖြစ်အပျက်တွေကိုသူအခုမှသိခဲ့ရသည်။
ဆက် က လွန်း ကိုဖက်ကာ ငိုကြွေးလေသည် ။
"မောင်....မောင် တောင်းပန်ပါတယ် မောင့် အတွက်အချစ်ဆိုတာဘာမှန်းတကယ်မသိခဲ့ဘူး မောင် လွန်း ကိုစောင့်နေခဲ့သေးတယ် ဒါ ဒါပေမဲ့ "
ဆက် ကတော့လွန်းကိုတင်းကြပ်စွာဖက်ကာငိုကြွေးလေသည်။ လွန်း ကလည်းဆက်ကိုဖက်ကာ
"မောင် မငိုနဲ့နော် ငါကမောင့်အတွက်အမြဲရှိနေပေးမှာမို့ "
"......"
"ငါတို့ရေစက်တွေကထူးဆန်းတယ်နော် မောင် "
လွန်း ဆက်ပြောမယ့်စကားတွေကို ဂရုတစိုက်နားထောင်နေလေသည်။
"ငါလေ အရမ်းနာကျင်ရတယ် ငါတကယ်ကိုပြေးထွက်သွားချင်ခဲ့တာ မောင်နဲ့ဝေးသထက်ဝေးရာကိုပေါ့ ဒါပေမဲ့လည်း မောင် ကငါ့ကိုဆွဲထားပြန်တယ် ငါအရမ်းနာကျင်တယ်လို့! မောင်နဲ့ဟိုမိန်းမနဲ့ဖြစ်နေကြတဲ့ ဗီဒီဖိုဖိုင်နဲ့ဓာတ်ပုံတွေ မောင်လုပ်လိုက်လို့ မီးလောင်သွားတဲ့ ဂျူတီကုပ်လေး မောင့်ကြောင့်ပျက်ခဲ့ရတဲ့ဆက်ဆံရေးတွေ တကယ်တော့ ငါကတုံးလွန်းတာ ငါမောင်နဲ့မတွေ့ဆုံခဲ့သင့်သလိုချစ်လည်းမချစ်ခဲ့သင့်ဘူး !!!!"
ဆက် ကတော့ အကုန်လုံးကသူ့အမှားတွေမို့ ခေါင်းငုံကာသာ နေလေသည်။ ပြီးကျတော့မှ လွန်း ကိုကြည့်၍
ВЫ ЧИТАЕТЕ
"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }