(17)မောင့်အပြစ်တွေ မောင့်အပြစ်တွေ

6.1K 597 30
                                    

Zawgyi
..........

ဆိုင်ကယ်ကိုမောင်းနိုင်သလောက်အမြန်မောင်းလာလိုကိသည်။

သင်တန်းနားမှာကြည့်တော့လည်းမရှိပေ။ စောင့်မနေပါစေနဲ့ အချိန်ကိုလည်းကြည့်ဦးလေ ၉ နာရီကျော်နေပြီ။

ပြီးတော့ အရမ်းချမ်းနေတယ်မဟုတ်လား?ဟာကွာ အင်္ကျီကလည်းပါးပါးလေး နေလည်းသိပ်ကောင်းတာမဟုတ်။

သူငယ်ချင်းမထားတတ်တော့လည်းခက်သားပဲ လွန်းရယ်။

အဲ့တာနဲ့ သင်တန်းဘေးနားမှာကားမှတိတိုင်တစ်ခုရှိတာပဲ အဲ့နေရာကိုလိုက်လာတော့မှ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ရင်ကိုနာစေသည်။

လွယ်အိတ်လေးပိုက်ကာ ခုံပေါ်မှာ ထိုင်နေရင်းအိပ်ပျော်နေလေသည်။

လွန်းရယ်တုံးအလိုက်တာ ပြန်နှင့်တာမဟုတ်ဘူး ဘာလို့စောင့်နေရတာလဲ?

"လွန်း..."

လှုပ်ကာနှိုးမိတော့ မျက်လုံးလေးပေကပ်ပေကပ်နဲ့ စိုက်ကြည့်လာသည်၊ မျက်ဝန်းမှာလည်းမျက်ရည်လေးတွေဝဲခိုနေသည်။ အရမ်းကြောက်နေခဲ့မှာပဲ ။

လက်ကိုဆွဲလိုကိတော့ မြင်လိုက်ရတာက ခြင်ကိုက်ဖုတွေ။ ဖြူဖွေးသောအသားအရည်ပေါ်တွင် အနီရောင်အကွက်တို့ကအထင်းသား။

မောင့်အပြစ်တွေ ။

"မောင် ရောက်လာပြီလေ ပြန်ကြမယ်နော် "

"အင်း.... "

လွန်း ထိုနေရာမှ ထ ထလိုက်ချင်း သတိမကပ်တော့ဘဲ ခေါင်းကမူးဝေသွားကာ ပစ်လဲကျလေသည်။

"လွန်း! "

"လွန်း!"

သူခေါ်နေသော်လည်း လွန်း က

"မောင် ငါစောင့်နေတာ...."

ပြောပြီးချက်ချင်းဆိုသလို အသိတို့ကအမှောင်ကျသွားလေသည်။

"မောင် တောင်းပန်ပါတယ် မောင့်အပြစ်တွေမို့ ထနော်"

ဆက် လည်းဘာလုပ်ရမယ်မှန်းမသိ ပြာယာခက်ကုန်သည်။

ခဏနေတော့ ဆိုင်ကယ်ကိုထားခဲ့ကာ ကားငှါး၍ ဆေးရုံကိုလာလိုက်သည်။

ကားကဆေးရုံရှေ့ရောက်တော့ ကားပေါ်ကဆင်း၍ လွန်းကိုပွေ့ချီကာ

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Where stories live. Discover now