Part - 1

328 8 0
                                    

( Unicode )
🌻 I think you & me would make a great Couple 🌻

ဘာလိုလိုနှင့် မျက်၀န်းတို့တောင်တက္ကသိုလ်ကျောင်းသူကြီးတွေဖြစ်တော့မည်။ မျက်၀န်းနက်၊ ဖြူဖြူသော်၊ မေသဇင် ငယ်သူချင်းများဖြစ်ကြသည်။ မျက်၀န်းတို့ မြို့လေးသည် အေးချမ်းသာယာသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လေးဖြစ်သည်။ နှစ်အကုန် ဒီဇင်ဘာလရောက်လာ ပြီဖြစ်၍ တက္ကသိုလ်ပထမနှစ်ကိုစတက်ရတော့မည််၊ လိုအပ်တာလေးတွေပြင်ဆင်ရင်း စိတ်တော့လှုပ်ရှားနေသည်။ မျက်၀န်းတို့ကျောင်းသည် လားရှိုးကွန်ပျူတာတက္ကသိုလ် မြို့အပြင်ဘက် ခြောက်မိုင် လောက်ေ၀းသည်််။ ပထမနှစ်ဆိုတော့ ကျောင်းကေ၀းသည့်အတွက် စိတ်မချဖြစ်နေ သည်။ လားရှိုး - မန္တလေးအေ၀းပြေး လမ်းမကြီးဖြစ်၍ Truck ကားကြီးများ၊ အေ၀းပြေး Expressကားကြီးများနှင့် ကိုယ်တိုင်ဆိုင်ကယ်စီးသွားရန် ဘယ်စိတ်ချကြမည်နည်း။ ဖေဖေနှင့်မေမေက ပထမနှစ်တော့ ကျောင်းကားနှင့်သာ တက်ကြပါဆို၍ သူငယ်ချင်းသုံးယောက် ကျောင်းကားစီးခဲ့ကြသည်။ ပထမနှစ်မှာတော့ ဘာမှထွေထွေထူးထူးလည်းမရှိခဲ့ပါ။ ဘာပွဲမှလည်း မျက်၀န်းတို့ မပါ၀င်မဆင်နွှဲခဲ့ပါ။ မျက်၀န်းတို့ကျောင်းကကျောင်းသား၊ ကျောင်းသူ အလွန်နည်းသည်။ လေးနှစ်ပေါင်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်းက ၂၀၀ တောင်မပြည့်။ မျက်၀န်းတို့က သုံးနှစ်တန်းမီသည်။ First, Second, Third year & Honous (ဂုဏ်ထူးတန်း)ပါမွ လေးနှစ်ဖြစ်သည်။ ဖြစ်ချင်တော့ မျက်၀န်းတို့ ပထမနှစ်တွေကို ဆရာမကြီးရုံးခန်းနှင့် ဆရာ/ဆရာမများနားနေခန်း၊ နှစ်ခန်းကြား ညုပ်ထားတော့ အားလုံးက လည်းအသစ်လေးတွေဆိုတော့ ငြိမ်ကုပ်နေကြသည်။ မျက်၀န်းတို့ဆို အတန်းအပြင်တောင်သိပ်မထွက်ဖြစ်ကြပါ။ စာလုပ်လိုက်ကြအားရင် အိပ်လိုက် ဇာတ်လမ်းအကြောင်း လေးပြောလိုက်ကြနှင် ့အချိန်ကုန်ခဲ့သည်။ ကိုယ့်ကျောင်းကလူတွေ မျက်မှန်းတော့တမ်းမိကြပါသည်။ အားလုံးကို သိတာမျိုးတော့မဟုတ်။ ပထမနှစ်တွင် Welcome ဆိုလည်းမတက်ဖြစ်။ Farewell လည်းမသွား။ Kingတွေ Queenတွေတောင် သူများပြောမှ သိရသည်။ ပထမနှစ်ဆိုတော့ ကြောက်လည်းကြောက်သည်လေ။ စာလညး်အသေလုပ်ကြသည်။ ဒီလိုနှင့် ပထမနှစ်ကြီးက ပြီးဆုံးသွားခဲ့သည်။ ဒါပေမဲ့ မျက်၀န်းတို့သူငယ်ချင်းအဖွဲ့တွင် နောက်ထက်နှစ်ယောက်ထပ်တိုး လာခဲ့သည်။ မီမီကိုနှင့်လင်းလက်ချိုတို့ နှစ်ယောက်ဖြစ်သည်။ မလင်းလက်က repeater ဖြစ်သည်။ မနှစ်ကမဖြေလိုက်ရ၍ ဒီနှစ်မျက်၀န်းတို့နှင့် လာစုံခြင်းဖြစ်သည်။ မျက်၀န်းတို့ သူငယ်ချင်းငါးယောက် အဖွဲ့ကျပြီဖြစ်သည်။ ဒုတိယနှစ်မှာတော့ ပထမနှစ်က လောက်ပျင်းစရာ မကောင်းတော့ပါ။ ဒုတိယနှစ်ကြီးစတက်ကြပြီ ဆိုပါတော့။

Finally Found You ( စ/ဆုံး )Where stories live. Discover now