Part - 7

24 1 0
                                    

🌻 I try not to miss you. But in the end you're always in my mind..!!! 🌻

မျက်၀န်း နာရီကြည့်မိတော့ ည၁၁နာရီကျော်နေပြီ…စူးရှ၏ Miss Call ၀င်ထားသည့်အချိန်က ၁၀နာရီခွဲကျော် ဆိုတော့ နာရီ၀က်လောက်တော့ ကြာပြီ။ ဒီအချိန်အိပ်များအိပ်နေပြီလားမသိ…ပြန်ခေါ်ကြည့်လျှင်ကောင်းမလား အိပ်နေ လျှင်လည်းအားနာစရာ…ခေါ်တော့ကြည့်လိုက်ပါ့မယ်…မျက်၀န်းလည်း စဉ်းစားရ ကျပ်နေသည်။ နောက်တော့ ပြန်ခေါ် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ဖက်မှ ဖုန်းကိုင်သည်…

စူးရှ: ဟယ်လို….

မျက်၀န်း: Aww..ဟိုလေ ဖုန်းခေါ်ထား သေးလားလို့ပါ အိပ်နေပြီလားမသိဘူးးးးး

စူးရှ: ဟုတ်တယ်… အိပ်တော့မအိပ်သေးပါဘူး…ညနေက ကိစ္စမေးမလို့ပါ..

မျက်၀န်း: ဟုတ်.. မအိပ်သေးဘူး ဆိုတော့တော်သေးတာပေါ့ မေးလေ…

စူးရှ: ကျွန်တော့နေ့နာမ်တွေ ဘာတွေမေးလို့လေ…ဘာဖြစ်လို့လဲ မေးမလို့ပါ…

မျက်၀န်း: aww..ဘုရားရောက်နေလို့ အဲ့ဒါကြောင့်

စူးရှ: ဘာဖြစ်လို့အဲ့လိုလုပ်ပေးတာလဲ…

စူးရှ အမေးကြောင့် မျက်၀န်းလည်း နည်းနည်းတော့ ကြောင်သွားသည်။ ဘာလို့ရယ်ဆိုသည့် အကြောင်းပြချက် မှမရှိခဲ့တာ…တိုက်ဆိုင်သွား၍သာ စူးရှ အတွက်လုပ်ခဲ့ခြင်းဖြစ်သည်။ နောက်မှ ဖြူဖြူပြောသည့် စကားကို ပြန်သတိရ၍….

မျက်၀န်း: သူငယ်ချင်းတွေက ပြောတယ်..စူးရှရောဂါသက်သာအောင်လို့ လုပ်ပေးလိုက်ပါတဲ့…

စူးရှ: ဗျာ..!ကျွန်တော့မှာ ဘာရောပါမှမရှိပါဘူး…

မျက်၀န်း: ရှိတာပေါ့ မာနကြီးတဲ့ရောဂါလေ…ချက်ခြင်းတောင်အကျိုးသက်ရောက်မှုရှိသလိုပဲ…..

မျက်၀န်း စကားကြောင့် စူးရှက ရယ်သည်။

စူးရှ: ဗျာ..ဟဟ… မဟုတ်ရပါဘူး…ကျွန်တော်သူငယ်ချင်းတွေက အရမ်းနောက်တတ်လွန်းလို့ ခံရပေါင်းများနေလို့ပါ Eye ကိုလည်း နောက်နေတယ်ထင်တာနဲ့ပါ….

မျက်၀န်း: ဟုတ်ပါပြီ..
ထားလိုက်ပါတော့....

စူးရှ: ဟုတ်ကဲ့ပါ…ဒါနဲ့ Eye ကဘယ်ကလဲ ရန်ကုန်ကပဲလားးးးး

Finally Found You ( စ/ဆုံး )Where stories live. Discover now