Part - 6

27 1 0
                                    

ဒီနေ့ရန်ကုန်ပြန်ဖြစ်သည်။ ကားကို ကိုယ်တိုင်မောင်း၍ ဆင်းမည်ဆိုတော့ တီလေးကစိတ်မချ။ ကျွန်တော်နှင့် အတူလိုက်လာသည်။ အရင်လည်းဒီလိုပဲ သွားနေကျကို တီလေးက စိုးရိမ်လွန်နေသည်။ မတွေ့တာကြာပြီဖြစ်သည့် သူမအစ်ကိုကိုတွေ့ချင်တာလည်းပါမည်။ မန်းလေးနှင့် lashioကအလုပ်တွေကတော့ နီနီ ဦးဆောင်နေ၍ ဖေဖေ လှည့်ကြည့်စရာပင်မလို။ ဖေဖေက သူ့(ဆောက်လုပ်ရေး၊Hotel, Travel and Tour)လူငန်းများနှင့် လုံးခြာလိုက်နေသည်။ ကျွန်တော်တောင်မှ မငြင်းဆန်နိုင်၍ ရန်ကုန်ကဖေ့ဖေ့အိမ်မှာနေရခြင်းဖြစ်သည်။ မဟုတ်လျှင်အဆောင်ဖြစ်ဖြစ်တိုက်ခန်းကောင်းကောင်းလေးဖြစ်ဖြစ် ငှားနေမည် သူငယ်ချင်းများနှင့်စု၍။။ ရန်ကုန်၊ မန်းလေး၊ လားရှိုး ဒီသုံးမြို့မှာ ခြံ၀န်းကျယ်ကျယ်နှင့် ခမ်းနားထည်ဝါသည့် အချိန်မရွေး အပန်းဖြေနိုင်အောင်ဆိုပြီး ဆောက်လုပ်ထားသည့်အိမ်ကြီးတွေ ရှိနေမှတော့ ဖေဖေ့ Hotelတွေရှိပေမဲ့ နေခွင့်မပြု။ တစ်ခြားမြို့ နေပြည်တော်တို့ တောင်ကြီးတို့ဆိုရင်တော့ ဖေဖေ့၏ 5Stars Hotel ကြီးတွေမှာတက်နေရုံပေါ့။ ဒီမနက် အိမ်ကထွက်တာနဲနဲနောက်၍ တစ်လမ်းလုံးကျွန်တော်နှင့်တီလေးသိပ်တောင် မနားဖြစ်။ ဆက်တိုက်ဆင်းလာ ကြသည်။ ကားမောင်းနေရင်း သတိရမိသည်။ မနက်က Eye ဆီမှ SMS လေးဖတ်မိတော့ စိတ်တော့မကောင်း.. “ငါနည်းနည်း အတွေးလွန်သွားတယ်ထင်တယ်” စူးရှစိတ်ထဲမှ…ထိုအချိန်...နောက်ခန်း တီလေးဘေးမှ ကျွန်တော့ဖုန်းလေး Silent လုပ်ထား၍ တချွီချွီမြည်နေသည်။ ကားမောင်းနေ၍ မကိုင်အားသဖြင့် တီလေးကိုပေးထားမိခြင်းကြောင့်ဖြစ်သည်။ တီလေးကိုကြည့်မိတော့ တီလေးကအိပ်ပျော်နေသည်။ အင်းလေနောက်မှပဲ ပြန်ခေါ်လိုက်ပါတော့မယ်…….(PCO ကဆက်နေပါတယ်ဆိုမှ……)
********

မျက်၀န်း: ဖုန်းတော့၀င်တယ်ဟ… မကိုင်ဘူး…ဘာဖြစ်လို့လဲမသိဘူးးးးး

မျက်၀န်းလည်း သုံးကြိမ်လောက်ဆက်တိုက်ခေါ်လိုက်သည်။ မကိုင်ပါ…….

လင်းလက်: မအားဘူးထင်တယ်.. ဒါမှမဟုတ်မကြားတာထင်တယ်…

ငါးယောက်သား စဉ်းစားစရာများဖြင့် မီမီအိမ်ကိုပြန်လာ ခဲ့ကြသည်။

Finally Found You ( စ/ဆုံး )Where stories live. Discover now