🌻 I have a hopeless Cursh. I thought, I have no chance with you....But si it not?? 🌻
နွေရာသီ အားလပ်ရက်လေး အိမ်ပြန်လာဖြစ်သည်။ နီနီကလည်း အလုပ်ကိစ္စ နှင့် အပြင်သွားနေ၍ မရှိ။ ကျွန်တော် လည်းကားတစ်စီးနှင့် မတွေ့တာကြာပြီဖြစ်သည့် သွန်းနှင့်မာန်ကို ခေါ်ကာလျှောက်လှိမ့် နေသည်။ နောက် သွန်းဖွင့်ထားသည့် Coffee Shopလေးကိုပြန်လာ ဖြစ်ကြသည်။ သွန်းက စော်အလွန်ကြည့် တဲ့ကောင် ရည်းစားတွေလည်း အများကြီး။ အခုလည်း ကျွန်တော်တို့ကို ဦးဆောင်ခေါ်ပြီး သူ့Coffee Shopမှာ ကောင်မလေးတွေနှင့် အလုပ်ရှုပ်နေသည်။ ကျွန်တော်နှင့်မာန်က ငုတ်တုတ်။ မတွေ့ဖြစ်သည့်နှစ်လသုံးလအတွင်း ကျွန်တော်တို့သုံးယောက်လည်း အပြောအဆို အနေအထိုင်လေးတွေ မသိမသာ ပြောင်းလဲလာသည်ဟု ထင်မိသည်။ အရင်ကထက် နည်းနည်း ပိုရင့်ကြတ်လာသည်ဟု ထင်မိသည်။ ည ကျွန်တော်အိမ်ပြန်ရောက် တော့ ရှစ်နာရီကျော်နေပြီ။ နီနီလည်း ပြန်မရောက်သေး။ ညစာတော့မစား နိုင်တော့တာနှင့် လူလည်း်နည်းနည်း ပင်ပန်းနေသည်နှင့် နားတော့မည်ဟု တွေးကာ အခန်းသို့တက်ခဲ့သည်။ နေ့လည်က ဖုန်းကားပေါ်တွင်မေ့ခဲ့သည်နှင့် အရေးတကြီးကိစ္စ မရှိလောက် ဟုတွေးကာ မယူဖြစ်ပဲ ဒီတိုင်းပဲထားလိုက်သည်။ ကုတင်ပေါ်လှဲလိုက်ရင်း ဖုန်းကိုဖွင့််ကြည့်မိတော့ Miss Call တစ်ချို့နှင့် Message တစ်ချို့။ နောက် ကုတင်ပေါ်မှ ပြန်ထကာ ၀ရံတာသို့ထွက်ခဲ့သည်။ နီနီလည်းပြန်မ ရောက်သေးတော့ နီနီကိုစောင့်ရင်းးး၊ Miss Call တွေက နီနီ ဖြစ်သည်။ ကျွန်တော် နီနီ့ ကိုဖုန်းပြန်ခေါ်လိုက် သည်………………..
နီနီ: ဟယ်လို…စူး…
စူးရှ: နီနီ နောက်ကျနေပြီ ပြန်မလာသေးဘူးလား…ကိုးနာရီထိုးနေပြီ….
နီနီ: အမလေး..ပြန်နေပါပြီရှင်… အခုလမ်းမှာပါ..စိတ်မပူပါနဲ့…
စူးရှ: အင်းပါ…. တစ်ယောက်တည်းဆိုတော့ စိတ်တော့ပူရတာပေါ့ ဒါနဲ့ ညနေက ကျွန်တော့ကို ဖုန်းခေါ်ထားသေး တယ်…ဘာဖြစ်လို့လဲ ဖုန်းက ကားထဲကျန်ခဲ့တော့မသိလိုက်ဘူး…
နီနီ:Aww…ဘာမှတော့မဟုတ်ပါဘူး…အDinner ကိုစူးများလိုက်မလားလို့ ခေါ်မလို့ပါ ဒါပေမဲ့ စူးက Daddy လုပ်ငန်းတွေစိတ်မ၀င်စားဘူးဆိုတော့ မလိုက်လောက်ဘူးထင်တာနဲ့ ထပ်မဆက်ဖြစ်တော့တာ…