ကျွန်တော်လည်း သင်တန်းပိတ်ရက်နှင့် အလုပ်နားရက်ကြုံသည်နှင့်….Lsoအိမ်ပြန်ဖို့ဖြစ်သွားသည်။ တီလေးတို့ နီနီတို့နှင့်လည်းတွေ့ချင်သည်။ ကျွန်တော် ဒီနှစ်ကုန်ရင်တောင် Companyက ပညာတော်သင် Japanလွှတ်သည့် အထဲ ပါမည်လားတောင်မသိ။ အချိန်ရမည်ဆိုလျှင် Eye ကိုပါသွားတွေ့မည်။ Eyeကိုလည်း ပြန်တောင်းပန်သင့် သည်မလားးးး……Novemberလထဲတောင်ရောက်နေပြီဆိုတော့ Eyeလည်းစားမေးပွဲပြီးရောပေါ့.. လားရှိုးမှာတောင်ရှိရဲ့လားမသိ။ ကျွန်တော်တို့မြို့လေးက ဒီအချိန်ဆို အအေးစနေပြီလေ…… အေးချမ်းသာယာပြီးနေချင်စဖွယ်မြို့လေးတစ်မြို့ပါ….မပြောဖြစ်တာကြာပြီဖြစ်၍ ပြန်စခေါ်ရမှာလည်း စိတ်ထဲတစ်မျိုးကြီး ဒီတစ်ခါ Eyeကလည်း တော်တော်နေနိုင်သည် မဟုတ်လားးးးးးးးး ကျွန်တော် SMSလေး တစ်စောင်နှင့်သာအစပျိုးလိုက်သည်။
“Eye…ငါ..လားရှိုးပြန်လာဖြစ်မှာ ဘာမှာဦးမလဲ….”
********
စာမေးပွဲပြီးကတည်းက အားလပ်ရက်တွေအခုမှ ပြည့်ပြည့်၀၀ အသုံးချနေရသည်ဆိုတော့ မျက်၀န်းတို့့တော့ TV ရှေ့တွင် Coffee တစ်ခွက်နှင့်ဇိမ်ကျနေသည်။ ရုတ်တရက် ဖုန်းလေးတုန်သွားသည်ကြောင့် ကောက်ကြည့်မိ လိုက်သည်။ မြင်လိုက်ရသည့် စာလေးတစ်ကြောင်းကြောင့်….သေချာသည်။ မျက်၀န်းဆုံးဖြတ်တာမှန်သွားသည် လားးးးးး။ စာလေးကတိုတိုလေးဆိုပင်မဲ့ ဒါမျက်၀န်းအတွက်တော့ အဓိပ္ပါယ် တွေအများကြီးပြည့်နှက်နေသည်။ သူသာ မျက်၀န်းကို တကယ်မခင်လျှင် မေ့မေ့ပျောက်ပျောက်ထားလိုက်လျှင်လည်း ရသည်မဟုတ်လားးးး။ ၀မ်းသာမိသည်က အမှန်ပင်။ မျက်၀န်းအကြောင်းသိသည်မလား စိတ်ထဲမှာ အရမ်းတင်းမထားတတ်တာ အခုလည်း စကားပြန်ပြောတဲ့သူကို မသိချင်ယောင်ဆောင်နိုင်မည်တဲ့လားးးး replyလေးတော့ပြန်လုပ်ပေးလိုက်သည်။ သူတစ်ခွန်းမေးကိုယ်တစ်ခွန်းဖြေပေါ့….“မှာစရာမရှိပါဘူးးး..သတိတရမေးပေးလို့ကျေးဇူးပါ…ဒီမှာတော့အေးနေပြီ အနွေးထည်ထူထူလေး၀တ်ခဲ့….”
“နေ့လည်လည်းအေးတာပဲလားးး..နေ့လည်ရောက်မဲ့Flightနဲ့ပြန်လာမှာ…ကားကတော့မမောင်းနိုင်တော့ဘူး ပင်ပန်းတယ်…”
“aww..ဟုတ်လား…မသိပါဘူး…ကားနဲ့ထင်လို့ပါ ..နေ့လည်ဆိုမအေးပါဘူးးးးးး”
“imm…thz u Eye..See you…”
“ရပါတယ်…See you pr..”