"The more I try to ignore you....The more hurt I'm getting."
"စိမ်းလဲ့ရှိန်ဝါ ဂေဟာ" ရှေ့တွင်ခြေချလိုက်မိသည်နှင့်....ခြံ၀န်းထဲတွင် ဆော့ကစားနေသည့် ကေလးမ်ားကို ငေးကြည့်နေမိရင်း ကျွန်တော့ငယ်ဘ၀ကို ပြန်သတိရမိသည်။ မမရယ်၊ နီနီရယ်၊ ကျွန်တော်ရယ်..... မမ၏အားလပ်ရက်များတွင် ဒီနေရာလေးကိုအမြဲလာဖြစ်၍ ကျွန်တော်တို့နှင့်အတူ ကစားဖော်ကစားဖက်တွေ၊ သူတို့တွေလည်းအခုလောက်ဆို ကျွန်တော်တို့လိုပဲ ကိုယ္ဘ၀ကို ရုန်းကန်နေကြပြီထင်ပါသည်။ ကျွန်တော့ ကားလေးထိုးရပ်လိုက်သည်ကို ကစားနေသည့် ကလေးများသတိထားမိသွားပုံရသည်။ တစ်ချို့ကျွန်တော့ဆီပြေးလာသည်။ တစ်ချို့က အထဲပြန်ပြေး၀င်သွားသည်။ အန်တီမျိုးပြောထားလို့ ဧည့်သည်လာမယ်ဆိုတာ သိထားပုံရကြသည်။ ကျွန်တော်ကားပေါ်မှ အထုတ်များချနေသည်ကို ကလေးတစ်ချို့က ၀ိုင်းကူပေးသည်။
မျိုးဆက်သစ်: ကိုကြီးးးစူးရှ.....
ကျွန်တော့နာမည်ကို ခေါ်သံကြောင့် နောက်လှည့်ကြည်လိုက်မိသည်။ ကျွန်တော့ကို တစ်ရင်းတနှီးပြုံး၍ ပြေးဖက်သော ကောင်လေးတစ်ယောက်..... ကျွန်တော်ရုတ်တရက် မင်သက်သွားသည်။ နောက် ဦးနှောက်ကိုချက်ချင်းအလုပ်ပေးရသည်။
စူးရွ: မင်း....မင်းးးက
မျိုးဆက်သစ်: အသစ်လေကိုကြီး မမှတ်မိတော့ဘူးလာဘူးးးးးး
စူးရွ....ဟာာ..ဟုတ္သားပဲ...အသစ်....ကျွန်တော်ဂျပန်ရောက်နေသည့်သုံးနှစ်နှင့်ဆိုလျှင် လွန်ခဲ့တဲ့ငါးနှစ် လောက်ကတည်းက မတွေ့ဖြစ်တော့သည့် အသစ်..။
စူးရွ: ဟာ..အသစ်..မမှတ်မိစရာလားဟ...နေပါဦးးးမင်းကတော်တော် ထြားလာတာပဲ.. မင်းခုနှစ်လောက်ကတည်းက ငါနဲ့မတွေ့ဖြစ်တော့တာ မင်းကငါ့ကို တန်းမှတ်မိပါလားးး...ဒါနဲ့ မင်းကို မွေးစားဖို့ခေါ်သွားတဲ့မိဘတွေကကော..မင်းကဘယ်လိုလုပ်ဒီပြန်ရောက်နေတာလဲ....
မျိုးဆက်သစ်: ဟာ...ကိုကြီးကလည်း တစ်ခုချင်းစီမေးပါ....လာအထဲရောက်မှ အေးအေးဆေးဆေးပြောရအောင်....
အသစ္က အခုလောက်ဆို ၁၂နှစ်ကျော်လောက်ရှိရောပေါ့ ဒါပေမဲ့ တကယ်လူကြီးလေးတစ်ယောက်လို ကျွန်တော့ကို ဦးဆောင်ခေါ်သွားသည်။ အထဲတွင် အန်တီမျိုးက ဆီးကြိုလျက်.....