Part - 11

54 1 0
                                    

အေးခဲနေသည့် လားရှိုးမြို့လေး၏ ဒီဇင်ဘာညတစ်ည....
ရုတ်တရက်မျက်ဝန်းနားကပ်လာသည့် စူးရှကို လန့်ပြီးတွန်းဖယ်မည် အလုပ်..ပြိုလှဲကျမတက် ယိမ်းယိုင်နေသည့် သူ့ခန္ဓာကိုယ်ကြီးကို ပြန်ထိန်းထားမိသည်။

မျက်ဝန်း: ငါ..ငါ..အိမ်မက်များမက်နေတာလားးးး အာ..လေးလိုက်တာ..အိမ်မက်မဖြစ်နိုင်ဘူးးး စူးရှ..စူးရှ......အိပ်ပျော်နေတာလားးးး

သူကမျက်ဝန်း ပုခုံးပေါ်ခေါင်းတင်ကာ မှီလျက်ငြိမ်သက်နေသည်။ မျက်ဝန်းလည်းကိုယ့်လက်ကိုယ် ဆွဲစိတ်မိသည်။

မျက်ဝန်း: အား..အားးး..နာလိုက်တာ..

ရင်ခုန်သံတွေကထိန်းချုပ်မရ။ လက်ဖျားတွေတောင်တုန်နေသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေစဉ်...စူးစူးရှရှ ခပ်ပြင်းပြင်းအနံ့နှင့် ရာသီဥတုအအေးဒဏ်ကြောင့် မျက်ဝန်းကိုမှီလျက် ငြိမ်သက်နေသည့် စူးရှကို စိုးရိမ်သွားသည်။ နဖူးကို လက်ဖြင့် သပ်မိတော့ ကိုယ်တွေလည်းပူနေသည်။ သူ့ခန္ဓာကိုယ်ကြီးကိုမနဲထိန်းကာ ကားနောက်ခန်းတံခါးကို လှမ်းဖွင့်လိုက်သည်။ ကားနောက်ခန်းထဲပြောင်းထည့်၍ ထိုင်ခုံနောက်မှီကိုပါ လျော့ချပေးလိုက်သည်။ ချမ်းနေသည်ဟုထင်ရ၍ မျက်ဝန်းအပေါ်အကျီ ဒူးထိရှည်သည့် Long Coatထူထူကြီးကို ချွတ်ကာ သူ့ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။

မျက်ဝန်း: ဟာ..ငါဘာဆက်လုပ်ရမလဲ.... သူ့အိမ်လည်းမသိ..မိုးကလည်းချုပ်နေပြီ..ဒီတိုင်းထားခဲ့ပြန်ရင် အေးခဲပြီးခံနိုင်မှာမဟုတ်ဘူးးးးးး ကိုယ်တွေလည်းပူနေတယ်....စဉ်းစားစမ်း..စဉ်းစားစမ်း...နင်တစ်ခုခုတော့ လုပ်နိုင်ပါတယ်

ကားနောက်ခန်း စူးရှ၏ဘေးတွင် ထိုင်၍ မျက်ဝန်းတစ်ယောက် ပျာယာခက်နေသည်။ ရုတ်တရက်...

Ringtone: "But if you like causing trouble up in hotel rooms... And if you like having secret little rendezvouus if you like to do the things you know that we shouldn't do Baby, I'm perfect Baby, I'm perfect for you...."

မျက်ဝန်း: အမလေးးးးး....

ရုတ်တရက် သီချင်းသံတစ်ခုကြောင့် မျက်ဝန်းလူပါတုန်၍ လန့်သွားသည်။ ကားရှေ့ခန်းထဲမှ ဖြစ်သည်။ စူးရှ၏ဖုန်းRingtoneသံဖြစ်သည်။

မျက်ဝန်း: ဟုတ်သားပဲ ငါဘာလို့မစဉ်းစားမိပါလိမ့်...သူ့ဖုန်းကြီးရှိနေတာပဲ သူ့အိမ်ကို အကြောင်းကြားပေးရင်ရတာပဲ.....

မျက်ဝန်းဖုန်းကိုလှမ်းယူလိုက်ကာ...screenပေါ်မှ နာမည်လေးကိုဖတ်မိသည်။ တီလေး.....

မျက်ဝန်း: ဟယ်လို....

မျက်ဝန်း ဖုန်းကိုင်၍ ဖြေလိုက်သည်။

ဒေါ်မေဖြူရှိန်ဝါ: ဟယ်လို..သားးး..စူးရှမဟုတ်ဘူးလားးးးး
မျက်ဝန်း: ဟုတ်ကဲ့..အန်တီ..စူးရှရဲ့ဖုန်းပါ...စူးရှအရမ်းမူးပြီး ကားပေါ်မှာ အိပ်နေလို့ပါ.. နေလည်းသိပ်ကောင်းပုံမရဘူးးးး.. အဲ့ဒါ သမီးနဲ့က အခုလမ်းမှာတွေ့တာပါ..
အန်တီ့ဆီကဖုန်းလာတာနဲ့အတော်ပါပဲ.. ဒီကိုမြန်မြန်လာခဲ့ပေးပါနော်..

ဒေါ်မေဖြူရှိန်ဝါ စူးရှကိုစိုးရိမ်သွားသည်။ ဒီအချိန်ကြီးဘယ်သူဘယ်ဝါနှင့်ရှိနေမှန်းမသိ။ မူးကလည်းမူးနေသည် ဆိုတော့..

ဒေါ်မေဖြူရှိန်ဝါ: သမီး..နေရာလေးပြောပါကွယ်.. အခုပဲလိုက်လာပါ့မယ်.....

မျက်ဝန်း: ဟုတ်ကဲ့ရှင်..နေရာက....

မျက်ဝန်းလည်းနေရာကို အသေအချာပြောပြ့ပီးဖုန်းချလိုက်သည်။ တော်သေးသည်က ဒီကနေနည်းနည်းဆက်သွားလိုက်လျှင်မျက်ဝန်းတို့ရပ်ကွက်လေးရောက်ပြီ။ နာရီကြည့်မိတော့ ရှစ်နာရီခွဲကျော် နေပြီ။ အိမ်ကတော့စိတ်ပူနေတော့မည်။ ဖုန်းဆက်ဦးမှ ငါ့ဖုန်းဘယ်နားထားမိပါလိမ့် စဉ်းစားရင်း...လူလည်းပျာယာခက်နေသည်။ လွယ်ထားသည့်အိတ်လေးထဲလည်းနှိုက်ကြည့်မိသည် မရှိ။ မျက်ဝန်းဖုန်းကလေးက စူးရှကိုခြုံထားပေးသည့် အကျီအိတ်ကပ်ထဲမှာ ဖြစ်သည်။

မျက်ဝန်း: ဟုတ်သားပဲ အကျီအိတ်ကပ်ထဲမှာ

သတိရ၍ အိတ်ကပ်ထဲ လှမ်းယူရန် လက်လှမ်းလိုက်သည့်အချိန်တွင် ထင်မှတ်မထားဘဲ စူးရှ၏လက်များက မျက်ဝန်းခါးကို တိုင်းဖက်လိုက်သည်။ မျက်ဝန်းလည်းလန့်ပြီးရုံးမိတော့ သူက ပို၍ တင်းတင်းကြပ်ကြပ်ဖက်ထား သည်။ မျက်ဝန်းအသက်ရှုသံတွေကော ရင်ခုန်သံတွေပါ ပြင်းထန်းဝုန်းဒိုင်းကြဲကုန်သည်။ သူ့မျက်နှာကို အခုလို နီးနီးကပ်ကပ်မြင်ရလိမ့်မည် ဟုထင်မှထင်မထားခဲ့။ သူ့ဝင်သက်ထွက်သက်လေလေးက မျက်ဝန်းပါးပြင်ကို ထိရိုက်နေသည်။ မျက်နှာချင်းကတကယ့်ကို နီးနီးကပ်ကပ်လေးးး။ ရှေ့နည်းနည်းလေးသာထပ်တိုးမိမယ် ဆိုလျှင်..သူ့နှုတ်ခမ်းနှင့် မျက်ဝန်းပါးပြင်ဟာ.........
စူးရှနှင့်ပတ်သက်သည့် ခံစားချက်တွေ တည်ငြိမ်အေးဆေးနေမှ မျက်ဝန်းနှလုံးသားကို ဂယက်ရိုက် အဟောင်းတွေအသစ်ဖြစ်အောင်များ ပြန်လုပ်နေသည်လားမသိ။သူ့မျက်နှာလေးကို ငေးကြည့်နေမိရင်း မျက်ဝန်းလည်း ဒီအခိုက်အတန့်လေးကို ခနတာမေ့မျောသွားသည်။ ရုတ်တရက် အသိပြန်ဝင်လာ၍...
သူ့ရင်ခွင်ထဲရောက်နေသည့် မျက်ဝန်းကိုသာ သူ့တီလေးသာ မြင်သွားလျှင်....မျက်ဝန်းကိုအထင်လွဲစရာတွေ ဖြစ်ကုန်မည်။ မျက်ဝန်းကို တိုင်းဖက်ထားသည့် သူ့လက်များကို အသာလေးဖယ်မိသည်။ ဒီတစ်ခါတော့ လက်တွေက ပြေလျော့နေလေပြီ မျက်ဝန်းလည်း အသာလေးရုန်းထွက်လိုက်မိသည်။

မျက်ဝန်း: ဟူးးးးး..တော်ပါသေးတယ်....ခပ်ဝေးဝေးနေမှပဲ....

မျက်ဝန်းလည်း ရှေ့ခန်းကို ပြောင်းထိုင်လိုက်သည်။ နောက်သိပ်မကြာပါ မျက်ဝန်းတို့ကားနှင့် ဘေးချင်းယှဉ်လျက် ကားတစ်စီးထိုးရပ်လာသည်။ နောက်ကားပေါ်မှ ဖြူဖြူချောချော သန့်သန့်နှင့် စူးရှဖုန်းcontactထဲမှဓါတ်ပုံလေးနှင့် တထေရာတည်းတူသည့် တီလေးလို့ထင်ရသည့် အန်တီရယ်။ ကားDriverရယ်အမျိုးသားနှစ်ယောက်။ မျက်ဝန်းလည်းကားပေါ်မှ ဆင်းလိုက်သည်။ မျက်ဝန်းကပဲ စနှုတ်ဆက်လိုက်သည်။

မျက်ဝန်း: မင်္ဂလာပါအန်တီ..စူးရှတီလေးလားမသိဘူးရှင်...

စူးရှကားပေါ်မှ ဖြူဖြူသန့်သန့်နှင့်ဆင်းလာသည့် ကလေးမလေးကို မေဖြူအကဲခက်လိုက်သည်။ ဟော့ဟော့ ရမ်းရမ်းထဲကတော့ဟုတ်မည်မထင်။ သိသည့်အတိုင်း သားနားကိုကပ်နေကြသည့် ကောင်မလေးတွေက အများကြီး လူပေါင်းစုံစိတ်ပေါင်းစုံနှင့်ဆိုတော့...သတိမထား၍မရ...

ဒေါ်မေဖြူရှိန်ဝါ: ဟုတ်ပါတယ်..သမီးက..ခုနဖုန်းကိုင်တဲ့ သမီးလေးထင်တယ်....

မျက်ဝန်း: ဟုတ်ပါတယ်အန်တီ...စူးရှနောက်ခန်းထဲမှာ အိပ်ပျော်နေပါတယ်..ကိုယ်တွေလည်းပူနေတယ်.. မူးပြီးမောင်းလာတာထင်တယ်....သမီးဆိုင်ကယ်ကိုဝင်တိုက်မိမလို့ဖြစ်သွားတယ်...အဲ့ဒါသမီးလည်းဆင်းကြည့်မိတော့ စူးရှဖြစ်နေတာနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ အန်တီဖုန်းဆက်လာတာနဲ့အတော်ပဲဖြစ်သွားတာရှင့်..

ဒေါ်မေဖြူရှိန်ဝါ: ကျေးဇူးပါသမီးရယ်..တော်သေးတာပေါ့ သားအသိနဲ့တိုးနေလို့..သမီးကောဘာဖြစ်သွားသေး လဲ..

မျက်ဝန်း: ရပါတယ်..အန်တီ..သမီးဘာမှမဖြစ်ပါဘူးးးးး..... ဟိုလေ..အန်တီတို့လည်းရောက်လာပြီဆိုတော့ စူးရှကိုစိတ်ချသွားပါပြီ..နောက်ကျနေလို့သမီးပြန်လိုက်ပါဦးမယ်ရှင်..

ဒေါ်မေဖြူရှိန်ဝါ: သမီးလေး..တစ်ယောက်တည်းပြန်လို့ အဆင်ပြေပါ့မလား... အန်တီတို့လိုက်ပို့ပေးမယ်လေ... သမီးဆိုင်ကယ်ကို အေးချမ်းတို့မောင်းခိုင်းလိုက်မယ်.. လာသမီးကားပေါ်တက်...

မျက်ဝန်း: ဟာ..မဟုတ်တာ ရပါတယ်အန်တီ..သမီးအိမ်နဲ့နီးနေပါပြီ...စူးရှက နွေးနွေးထွေးထွေးနဲ့အနားယူမှအဆင်ပြေမယ် ထင်တယ်..သူအရမ်းချမ်းနေတယ်...

သူအရမ်းချမ်းနေသည်သာ ပြောရသည် အကျီလက်ရှည်လေးတစ်ထပ်နှင့် မျက်ဝန်းလည်းချမ်းနေသည်။

ဒေါ်မေဖြူရှိန်ဝါ: ရရဲ့လားသမီးရယ်...အန်တီတို့ကိုအားမနာပါနဲ့....

မျက်ဝန်း: ဟုတ်...စိတ်ပူပေးနေတာနဲ့တင်ကျေးဇူးတင်နေပါပြီ.. သမီးသွားလိုက်ပါဦးမယ်အန်တီ...

ဒေါ်မေဖြူရှိန်ဝါ: အေးပါ...အန်တီကသာကျေးဇူးတင်ရမှာပါ...ဂရုမောင်းနော် ဒါနဲ့..သမီးလေးနာမည်က....

သားနှင့် ပတ်သက်ခဲ့ကြဖူးသည့်ကောင်းမလေးတော်တော်များများကို မေဖြူမြင်ဖူးတွေ့ဖူးသည်။ ၀င်လည်းမစွက်ဖက် စိတ်လည်းမ၀င်စားခဲ့။ သားနားမှာ ရှိနေသည့် မိန်းကလေးအများစုက ဂုဏ်တုဂုဏ်ပြိုင်တွေ များနေသည်မဟုတ်လားး၊ ဒါပေမဲ့ အခုလို အေးချမ်းသည့်မျက်နှာလေးနှင့် စကားပြောယဉ်ကျေးသိမ်မွေ့သည့် ကလေးမလေးကိုတော့ စိတ်ဝင်စားသိချင်မိသည်ကအမှန်ပင်.....

မျက်ဝန်း: မျက်ဝန်းနက်ပါ အန်တီ....

မျက်ဝန်းလည်းအန်တီတို့ကို နှုတ်ဆက်၍ အိမ်ကို အမြန်ပြန်ခဲ့ရသည်။ အိမ်ကစိတ်ပူနေကြတော့မည်။ အိမ်ပြန်ရောက်တော့ လမ်းမှာ သူငယ်ချင်းတစ်ယောက်ကားပျက်နေလို့ ခန၀ိုင်းကူစောင့်ပေးနေတာပါ လို့ဖြေရှင်းချက်ပေးလိုက်ရသည်။ မျက်ဝန်းအိမ်ပြန်ရောက်ပြီဆိုတော့မှ စိတ်ချသွားကြ၍ ဘာမှထပ်မမေးကြ။ ကိုကိုတို့ကတော့နောက်မိုးချုပ်လျှင် ဖုန်းဆက်လိုက်လာကြိုမည် တစ်ယောက်တည်းပြန်မလာနှင့် ဟုစိုးရိမ်စိတ်နှင့် ၀ိုင်းပြောကြသည်။ မျက်ဝန်းအိမ်က မျက်ဝန်းကိုယုံကြည်ကြသည်။ မိန်းကလေးတစ်ယောက်တည်း မိုးချုပ်လို့သာ စိတ်ပူကြခြင်းဖြစ်သည်။ မျက်ဝန်းလည်း ကိုယ့်အခန်းကိုယ်ပြန်ကာ အ၀တ်လှဲပြီး ကုတင်ပေါ် လဲချ၍ စူးရှအကြောင်းစဉ်းစားနေမိသည်။

မျက်ဝန်း...သူ့မျက်နှာကို အကဲမိသလောက် တစ်ခုခုကို ခံစားနေရပုံပဲ ဘာတွေများ ဖြစ်ထားလို့ဒီလောက်တောင် သောက်ထားရတာလဲ.. နောက်ကိုယ်တွေလည်းပူနေတယ်... ဘာလို့ရုတ်တရက် ကြီးငါ့ရှေ့ပြန်ပေါ်လာတာလဲ..ဘယ်ချိန်ကတည်းကပြန်ရောက်နေတာပါလိမ့်.. မနက်ဖြန် ငါနဲ့တွေ့ခဲ့တာတောင် မှတ်မိပါ့မလားးး နောက်တစ်ခေါက်လောက်ပြန်ဆုံနိုင်ပါ့ဦးမလားးး ပြန်တွေ့တော့ကော ငါ့ကိုမမှတ်မိတဲ့ သူတစ်ယောက်ကို ဘယ်လိုစမိတ်ဆက်ရမှာလဲ... အရင်ကလို ပြောစရာ၊ပြောချင်တဲ့ စကားတွေမရှိတော့ဘူးး သူJapanမသွားခင်နှစ်နှစ်နဲ့ဆို..လွန်ခဲ့တဲ့ ငါးနှစ်လောက်ကလို မျက်ဝန်းက စ,စကားပြောရတာမျိုးတွေ မလုပ်ချင်တော့ဘူး ကလေးတွေမှမဟုတ်တော့တာ၊ မျက်ဝန်းအပေါ်ဘာခံစားချက်မှ မရှိတဲ့သူတစ်ယောက်ကို ပြန်စဖို့ကြိုးစားမိရင်လည်း လွန်ခဲ့တဲ့ ငါးနှစ်ကလိုပဲ ပြန်ဖြစ်နေဦးမှာပဲ ဒါကြောင့်နောက်တစ်ခေါက်ထပ်ဆုံဖို့ မမျှော်လင့်တော့ပါဘူးး ထပ်တွေ့ဖို့လည်းမကြိုးစားသင့်ဘူးထင်ပါတယ်၊ Nothing is Impossible! လို့တွေးခဲ့ ပင်မဲ့ နှလုံးသားကိစ္စမှာတော့ တစ်ထပ်တည်းကျဖို့ခက်ခဲတယ်မလားးးးး ဟုတ်တယ်...အခုချိန်ထိတောင် အေးအေးဆေးဆေး နေနိုင်နေခဲ့တာပဲ နောက်လည်း ဘာလို့မနေနိုင်ရမှာလဲ... မျက်ဝန်းခံစားချက်တွေ လေးနက်ပြီးစစ်မှန်ခဲ့လို့ ကိုယ်လည်း ကိုယ့်အပေါ်လေးနက်စစ်မှန်တာမျိုးကိုပဲပြန်လိုချင်မိတယ်၊ ဒုတိယအကြိမ် ပြန်စတင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးးးး၊ မျက်ဝန်းစူးရှအပေါ်မှာထားခဲ့တဲ့ ခံစားချက်လေးနဲ့ပဲ နှိုင်းယှဉ်ဆုံးဖြတ် လိုက်တယ်.. မျက်ဝန်းတောင်သူ့ကိုလွယ်လွယ်နဲ့မေ့လို့ရခဲ့တာမှမဟုတ်တာ..တကယ်လို့ သူသာမျက်ဝန်း အတိုင်းပဲ မျက်ဝန်းကိုသတိရနေသေးတယ်ဆိုရင် ဘာနဲ့မှမလဲနိုင်တဲ့ ဆုလာဘ်တစ်ခု၊ ဒါမှမဟုတ် မျက်ဝန်းကို မေ့နေခဲ့တယ်ဆိုရင်တော့ ဒါလည်းဝမ်းနည်းစရာတော့မဟုတ်၊ သူ့မှာလည်းလွတ်လွတ်လပ်လပ် ရွေးခြယ်ပိုင်ခွင့် ရှိတာပဲ.. နှလုံးသားချင်းတစ်ထပ်တည်းကျဖို့ဆိုတာ လုပ်ယူလို့ရတာ...မဟုတ်ဘူးးး၊ မျက်ဝန်းလည်းကိုယ် စိတ်မ၀င်စားတဲ့သူတစ်ယောက်ကို သနားလို့ ခင်ခဲ့ဖူးလို့ သူကငါ့ကိုချစ်နေလို့ ဆိုပြီး တွဲမှမတွဲနိုင်ပဲ ဟုတ်တယ်မလားးးးး၊ အဲ့လိုအတွေးမျိုးနဲ့ နေလာခဲ့တာ အခုငါးနှစ်လောက်ရှိနေပြီ အေးချမ်းတဲ့ ကိုယ့်ကိုယ်ပိုင် ရင်ခုန်သံလေးကို နားထောင်ရင်းးးးးးး ဟာ..နေဦးးးးငါမမလင်းတို့ဆီဖုန်းဆက်ရဦးမယ်...ငါ့ဆီလည်းပြန်ရောက်လားတောင် တစ်ယောက်မှ မဆက်ကြဘူးးးးးတော်တော်နေနိုင်တဲ့ဟာတွေ.....
မျက်ဝန်းးးးအတွေးများနှင့် အပြစ်တင်ရင်းးးးပိုက်ဆံအိတ်လေးကို လှမ်းယူကာ..ဖုန်းလေးကိုရှာမိသည် မရှိ.... ခေါင်းကုတ်၍ စဉ်းစားမိသည်။

မျက်ဝန်း: ဟာ...သွားပါပြီ...ငါ့အကျီနဲ့ဖုန်းးးးးး
*******

မျက်လုံးမဖွင့်ကြည့်မိဘဲ လှဲလျောင်းနေရာမှ ရင်းနှီးသည့်အငွေ့အသက်လေးခံစားမိလိုက်သည်။ ကျွန်တော့ အိမ်၊ ကျွန်တော့အခန်းလေးနှင့်ဝေးနေသည်မှာ ၃နှစ်တောင်ရှိနေပြီမဟုတ်လား။ မြန်မာပြည်ပြန်ရောက်နေတာ တစ်လလောက်ရှိပြီ ဖေဖေ့ကိုအရွဲ့တိုက်ချင်၍ ရန်ကုန်အိမ်လည်းမပြန် မန်းလေးအိမ်ကိုလည်းမပြန် ဟိုတယ်တွေမှာနေရင်း တစ်လလုံးအချိန်ဖြုံးနေခဲ့သည်။ လားရှိုးကိုတော့ မနေ့ကမနက်ရောက်ပြီး သွန်းတို့နဲ့သောက်ဖြစ်သည်။ နောက်.....အိမ်မပြန်ချင်သည့် ကျွန်တော့ ဘယ်လိုလုပ် အိမ်ပြန်ရောက်နေ ပါလိမ့်.....မျက်လုံးဖွင့်ကာထထိုင်လိုက်သည်။

စူးရှ....အား...ခေါင်းတွေကိုက်လိုက်တာ...ငါဘယ်လိုလုပ်အိမ်ပြန်ရောက်နေပါလိမ့်.....စိတ်ထဲမှာဝိုးတိုးဝါးတားးးး ငါမနေ့ည အိမ်မက်ထဲမှာလားးး ရင်းရင်းနှီးနှီးသိနေတဲ့သူတစ်ယောက်ကိုတွေ့ခဲ့တယ်...ဒါပေမဲ့ဘယ်သူလဲ စဉ်းစားလို့မရဘူးးးးးးးး
မနေ့ညကအရှိန်ကြောင့်လားမသိခေါင်းတွေအရမ်းကိုက်နေသည်။

ဒေါ်မေဖြူရှိန်ဝါ: သား..နိုးပြီလားးးးး

စူးရှ: တီလေးးးးသားဘာလိုလုပ်အိမ်ပြန်ရောက်နေတာလဲ... သားဒီကိုရောက်နေတာတီလေးဘယ်လိုလုပ်သိတာ လဲ.....

ဒေါ်မေဖြူရှိန်ဝါ: သိတာပေါ့...ဒါပေမဲ့လားရှိုးလာတာတော့ သွန်းပြောမှသိရတာ...တော်တော်နေနိုင်တာပဲ တီလေးကိုလာတွေ့မယ်ထင်ထားတာာာာ....အခုတောင်အမူးလွန်နေလို့ အိမ်ပြန်ခေါ်နိုင်တာထင်တယ်....

စူးရှ: မနေ့ကသွန်းလိုက်ပို့တာလားးးး ဒီကောင်အပိုတွေလုပ်နေတယ်..lsoမှာတော့တီလေးရှိနေတာပဲ တီလေးဆီပဲလာမှာပေါ့...ဒါပေမဲ့....

ကျွန်တေယ်ဆက်မပြောဘဲ စကားရပ်လိုက်မိသည်။ အခုချိန်မှာ ကျွန်တော် နီနီနှင့် မျက်နှာချင်းမဆိုင်ချင်သေး၍ ဖြစ်သည်။ ဒါပေမဲ့ နီနီနှင့်မေလေး မန်းလေးရောက်နေသည်ကြား၍ ကျွန်တော် LSOကိုပြန်လာခဲ့ခြင်းဖြစ်သည်။ ဒါကိုနားလည်နေသည့် တီလေးက....စကားလမ်းကြောင်းလွဲလိုက်သည်။

ဒေါ်မေဖြူရှိန်ဝါ: မနေ့ကသားအရမ်းမူးပြီးတားမရဘဲ ကားမောင်းထွက်သွားတာ အိမ်ပြန်ရောက်ပြီလားလို့ သွန်းကတီလေးကိုဖုန်းလှမ်းဆက်လို့..တီလေးလည်းစိတ်ပူပြီးသားကိုဖုန်းဆက်တော့သားကဖုန်းမကိုင်ဘူးးးးး ဒါပေမဲ့..သားသူငယ်ချင်းကောင်မလေးတစ်ယောက်ကဖုန်းကိုင်တယ်....သူသားနဲ့အတူရှိနေတယ် ဆိုလို့...တီလေးလည်းသိချင်နေတာ..သားကိုမေးမလို့....သူကဘယ်သူလဲ..သားနဲ့ဘယ်တုန်းကခင်တာလဲ...စကားပြောတာအေးအေးချမ်းချမ်းလေးနဲ့ ချစ်စရာလေး တီလေးမြင်မြင်ချင်းအဲ့ကလေးမလေးကိုသဘောကျ သွားတယ် သားရဲ့....

စူးရှ: မနေ့ကသားကိုလိုက်ပို့တာ..သွန်းမဟုတ်ဘူးလားးးးး... မနေ့ကမူးပြီးအိပ်ပျော်နေတာလေ..သားဘာမှမ မှတ်မိတော့ဘူးးးးး တီလေးတွေ့ခဲ့တာဘယ်သူလဲ..သားသူငယ်ချင်းတွေထဲကတီလေးမြင်ဖူးတဲ့သူ တစ်ယောက်ယောက်မဟုတ်ဘူးလားးးး

ဒေါ်မေဖြူရှိန်ဝါ: ဟော်တော..သားကတီလေးပြန်မေးနေတယ်...ဒုက္ခပါပဲ..မသိဘူးသားရဲ့..တီလေးအခုမှ မြင်ဖူးတာပဲ....သေချာစဉ်းစားပါဦးးးးးးကဲပါ.. နောက်မှဆက်ပြောတာပေါ့ မျက်နှာအရင်သစ်လိုက်...ခေါင်းကိုက်ပျောက်အောင်တစ်ခုခုစားပြီးဆေးလည်း သောက်ရဦးမယ်...မနေ့ညကတည်းနေသိပ်ကောင်းတာမဟုတ်ဘူးးးး..သားနေမကောင်းတော့အဲ့ကလေးမလေး ကစိုးရိမ်နေပုံပဲ..တီလေးကိုတောင်သားကိုအရင်ပြန်ပို့ပေးဖို့မှာသွားပြီးးးးသူကသူဘာသာသူပြန်သွားတယ်...

စူးရှ: ဟုတ်လား...ဘယ်သူဘာလိမ့်.. သားသူ့ကိုရင်းရင်းနှီးနှီးသိနေတယ်...အိမ်မက်မက်နေတယ်ထင်တာ.. တကယ်ဆုံခဲ့တာပေါ့....သူ့နာမည်ကကော...

ဒေါ်မေဖြူရှိန်ဝါ: မျက်ဝန်းနက်တဲ့... နာမည်လေးနဲ့လူလေးနဲ့ကလိုက်ဖက်နေတာ့ တီလေးမှတ်မိနေတာ...ကဲ.. ထားလိုက်ပါတော့..မျက်နှာသစ်ပြီးအောက်ဆင်းခဲ့.....

စူးရှ...မျက်ဝန်းနက်...မျက်ဝန်းနက်.....

ကျွန်တော်မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာတော့ အေးချမ်းကျွန်တော့အခန်းထဲရောက်နေသည်။
စူးရှ: ငါ့ကောင်လေးတောင်လူကြီးဖြစ်နေပါလားးးး မတွေ့တာ သုံးနှစ်ရှိပြီနော်.. ဘာလိုလို့လဲအေချမ်းးးးအစ်ကိုအောက်ဆင်းခဲ့မယ်လေ....

အေးချမ်း: ဟုတ်အကိုလေးးးး... သက်သာရဲ့လားဗျာ..မနေ့ကကျွန်တော်ဖြင့်စိတ်ပူသွားတာ...ဒါအစ်ကိုလေး သူငယ်ချင်းအစ်မလေးရဲ့ အကျီ..မနေ့ကအကိုလေးချမ်းနေလို့ထင်တယ် ခြုံထားပေးတာ..သူကကတော့ အကျီလက်ရှည်ပါးပါးလေးနဲ့ ပြန်သွားတယ်.....အကိုလေးအဲ့အစ်မလေးက ချစ်စရာလေး အစ်ကိုလေးကို တော်တော်ဂရုစိုက်ပုံပဲ... ငါ့အစ်ကိုလေးကို ဂရုစိုက်ပေးတဲ့သူနဲ့တွေ့လိုက်တော့ စိတ်ပူတာနည်းနည်းလျော့သွားပြီ.... ငါ့အစ်ကိုလေးကတော်တော်ကံကောင်းတာပဲ...

ပြုံးစိစိနှင့်အေးချမ်းက ကျွန်တော့ကိုနောက်နေသည်။ ဒီကောင်တောင် လူကြီးဖြစ်လာတော့ စကားတွေဘာတွေ တောင်တတ်နေပြီ.။ အရင်ကို တေမိလားအောင်းမေ့ရတဲ့ကောင်....

စူးရှ: အေးးးငါလည်းသိချင်နေတာ..သူကဘယ်သူလဲ...

ကျွန်တော့အမေးကြောင့် အေးချမ်းကြောင်၍ ခေါင်းကုတ်သည်။

အေးချမ်း: ဗျာ..!!အကိုလေးတောင်မသိတာ ကျွန်တော်ကဘယ်လိုလုပ်....

စူးရှ: မင်းကိုမေးတာမဟုတ်ပါဘူးးးးး..ပေးပေး... အဲ့ဒါ..အောက်ဆင်းခဲ့မယ်.....

အေးချမ်း အူကြောင်ကြောင်ခေါင်းကုတ်၍ ဒီအခန်းထဲမှာ သူနှင့် ကျွန်တော်နှစ်ယောက်တည်း ရှိနေသည်ကို သူ့မမေးတော့ ဘယ်သူ့မေးပါလိမ့်ဟု စဉ်းစားနေပုံရသည်။ နောက် သူ့လက်ထဲကအကျီကို ကျွန်တော့ကို လှမ်းပေး၍ အခန်းထဲမှ ထွက်သွားသည်။ ကျွန်တော်လည်း အကျီလေးကို ကြည့်၍ သဲလွန်စ တစ်ခုခုရလို့ ရညား အိတ်ကပ်တွေထဲပါ နိုက်ကြည့်လိုက်မိသည်။ ကံကောင်းစွာပဲ အိတ်ကပ်ထဲမှ ဖုန်းလေးထွက်လာသည်။ ကျေနပ်စွာ ပြုံးလိုက်မိသည်။
စူးရှ...မင်းဘယ်သူလဲ..သိရဖို့ငါ့အမှာ အခွင့်အရေးရှိသေးတာပဲ.....

ဖုန်းလေးကအားကုန်၍ Powerပိတ်နေသည်။ အောက်ဆင်၍ ထမင်းစားခန်း တွင်အားပြန်သွင်းထားလိုက်သည်။ ကျွန်တော်လည်း တီလေးနှင့်အတူ Breakfastစားရန်ထိုင်လိုက်သည်။ ဖုန်းPowerပွင့်လာသည်နှင့် Notificationသံတွေ တန်းဝင်လာတော့သည်။ ကျွန်တော်လည်း ထိုင်ရာမှ ပြန်ထ၍ ဖုန်းလေးကိုကြည့်မိသည်။ တီလေးကတော့ ဘာမှမပြောဘဲ ကျွန်တော့ကို အကဲခက်နေသည် ထင်သည်။ ဖုန်းကLogချထားသည်။ ဖွင့်မရ။

စူးရှ: logကချထားသေးးးး...မင်းဆက်လာတာစောင့်ရမှာပေါ့လေ.....

Ringtone: "မလွမ်းလောက်ပါဘူးးးး....................................."

ပြောနေတုန်းရှိသေးသည် ဖုန်းလေးကတန်းဝင်လာသည်။ သူမတော့မဖြစ်နိုင်။ screenပေါ်တွင် မြင်လိုက်ရသည့် ပုံနှင့် နာမည်က... 'ဆန်းခေတ်'..အကြောင်းအရင်းတော့သိရအောင် စူးရှဖုန်းကိုင်လိုက်သည်။

ဆန်းခေတ်: Ohayoo..Baka Honey...ဘာလို့ဖုန်းပိတ်ထားတာလဲ... မနေ့ကတစ်နေလုံးတစ်ညလုံးဆက်နေတာ... တော်တော်ပျော် နေပေါ့ kokyoမှာ ငါ့ကိုတောင်မေ့ပြီးတော့လေ.....

ကျွန်တော့ ဖုန်းပြန်ထူးတာကိုမစောင့်ဘဲ တစ်ဖက်မှ ပြောချင်ရတွေပြောနေသည်။ ဘာကြောင့်မှန်းတော့မသိ စိတ်ထဲတွင် မကျေမနပ်တော့ ဖြစ်သွားသည်။

စူးရှ: ဟယ်လို..မျက်ဝန်းနက် သူငယ်ချင်းလားမသိဘူးးးးး...မျက်ဝန်းနက်က မနေ့ညက ကျွန်တော့ကားပေါ်ဖုန်း ကျန်ခဲ့လို့..နောက်မှပြန်ဆက်လိုက်ပါနော်....

ဆန်းခေတ်....Bakaမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက် အသံကြားလိုက်ရ၍ ဆန်းခေတ် ထူပူသွားသည်။ မနေ့ညကဆိုသည့် စကားကြောင့်လည်းပါသည်။ သူငယ်ချင်းတွေနှင့်လည်တာမိုးချုပ်သွား၍ နေမှာပါလို့ ဖြေတွေးလိုက်မိသည်။

ဆန်းခေတ်: aww..ဟုတ်ကဲ့...Ba..ka..အဲ.. မျက်ဝန်းသူငယ်ချင်းထင်တယ်...ကျွန်တော်နောက်မှပြန်ဆက်လိုက် ပါ့မယ်.....

တစ်ဖက်မှ သူ့ဘာသာသူ ကျွန်တော့ကို မျက်ဝန်းနက်သူငယ်ချင်းလို့ ထင်ကာပြောပြီးဖုန်းချသွားသည်။ မျက်ဝန်းနက်နှင့်တော်တော်ရင်းနှီးပုံရသည်။

ဒေါ်မေဖြူရှိန်ဝါ: သား...ဘယ်သူ့ဖုန်းလဲသားးးး...

စူးရှ: မျက်ဝန်းနက်ဖုန်းးးးကျန်ခဲ့တာ အကျီနဲ့....သူ့သူငယ်ချင်းထင်တယ်ဖုန်းဆက်တာ....ဘာမှမမေးလိုက်ရ ဘူးးးးဖုန်းချသွားပြီ...

ဒေါ်မေဖြူရှိန်ဝါ: မျက်ဝန်းတော့ဆက်လာမှာပါ...နောက်တစ်ခါဖုန်းဝင်လာရင်..တီလေးကိုပေး...
*******

Ringtone: ".........................................."

လင်းလက်: Hello....

မျက်ဝန်း: မမလင်းး..မျက်ဝန်းပါ..မေမေ့ဖုန်းနဲ့ဆက်နေတာ....

လင်းလက်: စောစောစီးစီးးးး...ဘာဖြစ်လို့တုန်း...

လင်းလက် အိပ်ချင်မူးတူးအသံဖြင့်....

မျက်ဝန်း: မစောတော့ပါဘူးးးး..၇နာရီကျော်နေပြီ.... အရေးကြီးကိစ္စပြောစရာရှိတယ်..Breakfastစားရင်းလူစုရ အောင်....မေတို့ကိုပါဆက်ထားတယ်..မမလင်းထိုင်နေကြဆိုင်မှာဆုံရအောင်...အခုလာခဲ့တော့နော်

လင်းလက်: အင်းပါ..အင်းပါ... အိပ်မက်လေးတောင်ဘယ်ရောက်သွားမှန်းမသိဘူးးးးးးးး

လင်းလက်ညည်းရင်း အိပ်ယာမှထလိုက်တော့သည်။ စောစောစီးစီး မျက်ဝန်း အလောတကြီး ဖုန်းဆက်ခေါ် လိုက်၍ ထိုင်နေကျဆိုင်လေးတွင် ငါးယောက်ဆုံမိကြသည်။

မေ: ကဲ...ပြော..ဘာတွေအရေးကြီးနေတာလဲ.....

မျက်ဝန်း: မျက်ဝန်းဖုန်းမနေ့ညက မေ့ကျန်ခဲ့လို့....

မီမီ: ဘယ်မှာကျန်ခဲ့တာတုန်းးးးးးး

လင်းလက်: မနေ့ကနောက်ဆုံး ရုပ်ရှင်ကြည့်တာဆိုတော့ ရုပ်ရှင်ရုံမှာလားးးးး

ဖြူဖြူ:: မမလင်းကားပေါ်များလား...ဖုန်းကျန်တာများမျက်ဝန်းရယ်...ဆက်လိုက်ပေါ့....

ဖြူဖြူက ပြောလည်းပြော မျက်ဝန်းဖုန်းကိုဆက်ရန် သူမဖုန်းထုတ်လိုက်သည်။။။

မျက်ဝန်း: နေပါဦး..စကားလေးလည်းဆုံးအောင်နားထောင်ကြပါဦးးးး...အဲ့လိုရိုးရိုးမေ့တယ်ဆိုရင်..ပြောနေပါ့ မလား..အခုဟာက..ဘယ်မှာကျန်ခဲ့မှန်းသိပေမဲ့..ပြန်မယူရဲလို့ဘယ်လိုလုပ်ရမလဲမေးမလို့...

အားလုံး: အမ်....သွားမယူရဲရအောင်..ဘယ်မှာကျန်ခဲ့လို့တုန်းးးးးးး

မျက်ဝန်း: မနေ့ကျက ဒီလို.......................

မျက်ဝန်းလည်းမနေ့ညက ဖြစ်ပျက်ပုံစ/ဆုံးအဆင့်ဆင့်ပြောပြလိုက်ပါတော့သည်။ ထင်မှတ်မထားကြ၍ အံ့သြ နေကြသည်။

လင်းလက်: ဟ..ဟားးးး..မျက်ဝန်းရေ..ဇာတ်လမ်းကေ
တာ့စပြီ....

ဖြူဖြူ:: အေးလေ...တိုက်တိုက်ဆိုင်ဆိုင် တမင်ချိန်းထားရင်တော့ တွေ့ဖြစ်ချင်မှတွေ့ဖြစ်ကြမှာ...

မေ: သူကမျက်ဝန်းကိုမှတ်မိလားးးး... ဘယ်တုန်းကပြန်ရောက်တာတဲ့လဲ..

မျက်ဝန်း: အဲ့ဒါတော့မသိဘူးးးး... မူးနေတာဆိုတော့...စကားကိုမပြောလိုက်ရပါဘူးးး ဒါပေမဲ့ငါစိတ်ကမလုံတော့ သူနဲ့တွေ့ဖိုကသတ္တိမရှိသေးဘူး

မီမီ: မနေ့ညကတောင်.. အတူရှိနေသေးတာပဲ..ဘာကြောက်စရာလိုလဲ...

မျက်ဝန်း: ဟာ...မတူဘူးလေ... မနေ့ညကသူကဘာမှမသိဘူး..အိပ်ပျော်နေတာ...နောက်ပြီးအခုချိန်ပြန်စဉ်းစား မိရင် ကျောင်းတုန်းက ဆယ်ကျော်သက်ဆိုတော့ လုပ်ချင်တာလျှောက်လုပ်ခဲ့တာ အခုချိန်ပြန်တွေ့ တော့ အဲ့ဒါတွေက ကလေးကုလားနဲ့ ရှက်စရာကြီးးးးး..သူကမှတ်မိချင်မှ မှတ်မိမှာ ဒါပေမဲ့..ကိုယ်ကိုကိုယ်သိနေတော့ စိတ်ကမလုံဘူးးးးးးနောက်ပြီး..ငါသူ့ကိုပြန်တွေ့တော့ရင်ခုန်နေတုန်းပဲ...သူကမိန်းမတောင်ရနေပြီလားမသိဘူး
တကယ်လို့အဲ့လိုသာဆိုရင် နောက်သူကလည်းငါ့ကိုမှတ်မိတယ်ဆိုရင် ဟာ...ရှက်စရာကြီးးးးး

စိတ်ထဲမှာရှိနေသည်နှင့် ပါးစပ်ကပြောထွက်နေသည်က ဆန့်ကျင်ဖက်တွေ.......

ဖြူဖြူ:: ဘာမှရှက်စရာတော့မလိုပါဘူး မျက်ဝန်းရဲ့...သူငယ်ချင်းတစ်ယောက်လို့ ပေါ့ပေါ့ပါးပါးပဲ တွေးပြီးပြန့်တွေ့လိုက်ပေါ့ အရင်တောင်အဲ့လိုပဲ တွေးခဲ့တာမလားးးး

ဖြူဖြူ့စကားကမှန်တော့မှန်ပါသည်။ ဒါပေမဲ့ မျက်ဝန်းအတွက် မျက်ဝန်းအတွေးတွေနှင့် ခက်ခဲနေသည်မဟုတ်လား။

မျက်ဝန်း: ဟုတ်ပါတယ်..လောလောဆယ်မှာတော့... မတွေ့ချင်သေးဘူး...ငါစဉ်းစားမိသလောက်တော့... ငါ့ဖုန်း လေးကို ပြန်ယူပေးဖို့အသင့်တော်ဆုံးကမီမီထင်တာပဲ..ငါတို့အဖွဲ့ထဲမှာ မီမီကိုသာဆိုသိပ်မမှတ်မိလောက်ဘူးးးး မမလင်းကိုသာဆို ကျောင်းတုန်းကအတူတူ ဆိုတာချက်ချင်းမှတ်မိသွားမှာ...ဖြူဖြူနဲ့မေကိုလည်း သိလောက်တယ်.. တစ်ကျောင်းတည်းဆိုပြီးးးးး မီမီကတော့ သိတဲ့အတိုင်းကျောင်းတုန်းက ဘာပွဲညာပွဲလည်းသိပ်မပါ အေးအေး ဆေးဆေးနေခဲ့တာဆိုတော့ ချက်ချင်းမသိလောက်ဘူးးးးး မီမီ လုပ်ပါနော် စူးရှဆီက ဖုန်းလေးပြန်သွားယူပေးပါ..

မီမီ: သွားယူတာက..ဟုတ်ပါပြီ...အခုလောက်ဆိုသူလည်း် မျက်ဝန်းဖုန်းကို ကြည့်ပြီးနေလောက်ရောပေါ့...
မျက်ဝန်း: Logခက်ထားလို့ ကြည့်လို့မရလောက်ဘူးးးး
သူ့တီလေးကတော့မျက်ဝန်းကို မြင်ဖူးနေတော့... ဖုန်းပိုင်ရှင်က ခရီးထွက်သွားလို့ သူ့သူငယ်ချင်းပါ ဆိုပြီးယူပေးပါနော်...

မီမီ: အင်းပါ...အင်းပါ...အဲ့လောက်တောင်မျက်နှာကြီးကပျက်မနေပါနဲ့ ယူပေးပါ့မယ်...စိတ်ထဲပေါ့ပေါ့ထားးး ဟုတ်ပြီလားးးး...

မမလင်းနှင့်ဖြူဖြူတို့ကတော့ ဘာမှဝင်မပြောတော့ဘဲ ဘေးကနေထိုင်နားထောင်နေကြတော့သည်။ မီမီစကားကြောင့် မျက်ဝန်းမျက်နှာလေး ပြန်ပြုံးလာသည်။

မေ: မျက်နှာက...အခုမှ...ပုံမှန်ပြန်ဖြစ်တော့တယ်... တကယ်ပါပဲ...တစ်ခါတစ်လေဘာလိုဟာမှန်းကိုမသိဘူး ဖြစ်ပျက်နေလိုက်တာ.....

မေ့၏ ဂရုဏာအပြစ်တင်သံလေးကို ပြုံးပြုံးကြီးခံယူရင်း မီမီ့ဖုန်းလေးကို လှမ်းယူလိုက်သည်။
********

Ringtone: "....................................."

မျက်ဝန်းနက်ဖုန်းမြည်သံလေးဖြစ်သည်။ စူးရှ screenပေါ်မှ မီမီဆိုသည့်နာမည်လေးကို ဖတ်၍ ဖုန်းလေးကောက်ကိုင်လိုက်သည်။

စူးရှ: ဟယ်လို.....

မီမီက Speaker ဖွင့်ထား၍.....

မျက်ဝန်း.....သုံးနှစ်လောက်ကွဲကွာနေသည့် ဟယ်လိုထူးသံလေးးးးးးးး

မျက်ဝန်း: ဟုတ်...မျက်ဝန်းနက်ပါ...မနေ့က ဒီဖုန်းလေးကျန်ခဲ့လို့ပါ...

ကျွန်တော် Speaker ဖွင့်ထားပေး၍ ဘေးမှ တီလေးကပါ နားထောင်နေသည်။ မျက်ဝန်းနက်ဆိုတော့ တီလေးက....

ဒေါ်မေဖြူရှိန်ဝါ: ဟုတ်တယ်..သမီးရေ.. ဖုန်းလေးကဒီမနက်မှတွေ့လို့...အန်တီကသမီးဖုန်းမျှော်နေတာ....

မေတို့အားလုံးက မျက်ဝန်းကို လူကြီးကိုချုပ်ထားတာ ပိုင်လှချီလား ဆိုသည့်သဘောဖြင့် ၀ိုင်းကြည့်ကြသည်။

မျက်ဝန်း: ဟုတ်ကဲ့..အန်တီ..ဟိုလေ မျက်ဝန်းကအရေးကြီးအလုပ်ကိစ္စနဲ့ ခရီးသွားစရာလေရှိလို့ ဖုန်းကိုသမီးသူငယ်ချင်းလာယူခိုင်းလိုက်ပါမယ်နော် ဘယ်ကိုလာယူရမလဲမသိဘူးးးးးရှင့်

ဒေါ်မေဖြူရှိန်ဝါ: ရပါတယ်...သမီးအိမ်လိပ်စာလေးပြော လိုက်သားကိုလာပို့ခိုင်းလိုက်မယ်....

မျက်ဝန်း: ရှင်...

မျက်ဝန်း လန့်၍ အသံနည်းနည်းကျယ်သွားသည်။ မမလင်းတို့က ဘေးကနေ ပါးစပ်ကိုလက်နဲ့ အုပ်၍ ရယ်နေကြသည်။

မျက်ဝန်း: ရ..ရပါတယ်..အန်တီ..မျက်ဝန်းက အခု Brightness Café shop မှာပါ..Breakfastစားနေတာ ခနနေသွားတော့မှာဆိုတော့လေ... ဒီကိုလာခဲ့လည်းရပါတယ်..လာပေးနေရမှာ အားနာစရာကြီးးးးး

ဒေါ်မေဖြူရှိန်ဝါ: အားမနာပါနဲ့.....ပို့ခိုင်းလိုက်မယ်နော်....

မျက်ဝန်း: ဒါနဲ့...အန်တီ.. စူးရှနေကောကောင်းရဲ့လားးးး..ပို့ခိုင်းလို့ဖြစ်ပါ့မလားးးးးးး

စောစောက တီလေးက ကျွန်တော့ကိုဖုန်းသွားပို့ခိုင်းမယ် ပြောနေတော့ စိတ်ထဲအောင့်သက်သက်တော့ ဖြစ်သွားသည်။ အဲ့လောက်လိုလို့လားးးပေါ့။ Speakerဖွင့်ထား၍ တစ်ဖက်မှ စကားသံတွေအကုန်ကြား နေရသည်။ ထင်မှတ်မထားသည့် သူမအမေးကြောင့် ခုနဖြစ်သွားစိတ်ကို နည်းနည်းရှက်မိသွားသည်။ မင်းဘယ်သူလဲ ဆိုတာ ငါအတိအကျသိချင်နေပြီမျက်ဝန်းနက်......
ဒေါ်မေဖြူရှိန်ဝါ: ကောင်းပါတယ်..သမီးရဲ့...သမီးသူငယ်ချင်းကိုအခုပဲလွှတ်လိုက်မယ် Breakfastလေးတော့ ကျွေးလိုက်ဦးးးးးး ဒါပဲနော်...သမီးးး
တီလေး စကားကြောင့် သောက်နေသည့် Coffeeခွက်တောင် ပြန်ချရတော့မလို တီလေးကို မော့ကြည့်မိသည်။ ငါ့တီလေး အပျိုကြီးတာပြောတယ် မထင်ရဘူးးးးးး ငါနဲ့မျက်ဝန်းနက်ကို မဆုံဆုံအောင်ဖန်တီးပေးနေတယ်.....

မျက်ဝန်း: ဟုတ်ကဲ့..အန်တီ....

မျက်ဝန်းဖုန်းချသည်နှင့်....မမလင်းတို့ကို

မျက်ဝန်း: ကဲ..လူစုခွဲ..မီမီနေခဲ့ ငါတို့က နည်းနည်းကွယ်တဲ့နေရာသွားထိုင်ရအောင်.....သူကဘယ်နားနေမှန်းမသိ ချက်ချင်းရောက်လာလိမ့်မယ်...
မျက်ဝန်းအလောသုံးဆယ်စကားကြောင့် အားလုံးကမန်းကတမ်းထရပ်လိုက်ကြသည်။

မီမီ: ဟင်....ငါကတစ်ယောက်တည်းလားးးးးးေ နကြပါဦး...ငါလည်းတစ်ယောက်တည်းကြောက်တယ်....

ဖြူဖြူ: ဘာမှမဖြစ်ဘူးးးး မီမီ သူလည်းနင့်ကိုသိမှာမဟုတ်ဘူး
မျက်ဝန်းကိုတောင်မသိတာ ငါတို့ဟိုဘက်မှာရှိမယ် Fighting!!

မေ၊မမလင်း၊မျက်ဝန်း: Fighting!!

အားလုံးကိုယ့်Coffeeခွက်လေးကိုယ်ကိုင်ကာ အကွယ်မလှမ်းမကမ်းတစ်နေရာတွင် ပြောင်းထိုင်လိုက်ကြသည်။
ထင်သည့်အတိုင်း သိပ်မကြာပါ မိနစ်နှစ်ဆယ်လောက်နေတော့ ဆိုင်တံခါး ခေါင်းလောင်းသံလေးးးးနှင့် အတူဆိုင်ထဲဝင်လာသည့် လူတစ်ယောက်ကြောင့်...ဒီတစ်ခါ ဖြေဖျားလက်ဖျားအေးပြီး လက်တွေပါတုန်နေသူ ကမီမီ....မီမီ့လက်ထဲမှ ဖုန်းလေးကရုတ်ရက်မြည်လာ၍ လူပင်တုန်သွားသည်....နံပါတ်စိမ်းဖြစ်နေပေမဲ့ ဘယ်သူခေါ်နေသည်ဆို ရှေ့တွင်မြင်နေရ၍ဖြစ်သည်။ ဖုန်းလေးကိုကောက်ကိုင်လိုက်သည်။

မီမီ: ဟယ်လို......

စူးရှ: ကျွန်တော်..မျက်ဝန်းနက်ဖုန်းလာပေးတာပါ
ဆိုင်ထဲရောက်နေပြီ..ဘယ်မှာလဲမသိဘူးးးး

မီမီ မတ်သပ်ထရပ်လိုက်သည်။

မီမီ: ရှေ့မှာရပ်နေတဲ့အစ်ကိုလားမသိဘူး ညီမအကို့ညာဘက်မှာပါ အကျီအ၀ါနဲ့ပါ

စူးရှ မီမီ့ကိုမြင်သွားပုံပေါ်သည်။ နောက်မီမီဆီတန်းတန်းမတ်မတ်လျှောက်လာသည်။
မီမီ...ငါလုပ်နိုင်တယ်...ငါလုပ်နိုင်တယ်...မကြောက်ဘူးးးးမကြောက်ဘူးးး...စိတ်ထဲမှ......

စူးရှ...ကျွန်တော်မနေ့ ကတွေ့ခဲ့တာသူမဟုတ်ဘူးးးး...ကောင်းကောင်းကြီးမှတ်မိနေတယ်...သူမ မဟုတ်ဘူးးး

စူးရှ: မျက်ဝန်းနက်လားးးမသိဘူးးး.....

မီမီ: မဟုတ်ဘူးရှင့်... မျက်ဝန်းကအခုပဲထွက်သွားတာ..ဖုန်းကအရေးတကြီးအလုပ်ခေါ်လို့....

စူးရှ: ဗျာ....

သေလိုက်ပါတော့....စကားကိုစောက်ထိုးတွေပြောမိနေပြီ....မျက်နှာကသာ ပြုံးထားတာ..ထိုင်ငိုလိုက်ချင်တယ် မလိမ်တတ်ပါဘူးဆိုမှ....

မီမီ: အလုပ်ကအ ရေးတကြီးဖုန်းခေါ်လို့...ဟီးးးး

စူးရှ: သူ့ဖုန်းက ကျွန်တော့ဆီမှာလေ....

မီမီ: ရှင်....aww.. ဟို...အိမ်...အိမ်..ဟုတ်တယ်..ညကတည်းကမျက်ဝန်းဖုန်းခေါ်မရတော့ အိမ်ကိုလှမ်းဆက်တာအလုပ်က...အိမ်ကအခုညီမတို့ဆီ လှမ်းဆက်လိုက်လို့...ခရီးသွားမှာဆိုတော့ အကို့ကိုမစောင့်နိုင်တော့တာ...ကျေးဇူးပါပဲ အကို ဒါမျက်ဝန်းဖုန်းမလားးးး ညီမယူသွားလိုက်တော့မယ်နော်.....

မီမီလည်းပြောပြောဆိုဆို စူးရှလက်ထဲမှ ဖုန်းလေးကို လှမ်းယူလိုက်သည်။

စူးရှ: နေဦး.. မင်းသူ့သူငယ်ချင်းဟုတ်မဟုတ်သိချင်တယ် သူ့Passwordဖွင့်ပေး...

မျက်ဝန်းရဲ့ ဖုန်းpasswordကို အားလုံးကမမေးပဲ သိနေသည်လေ Sueshaလို့ပေးထား၍ ပင်ဖြစ်သည်။ မီမီလည်းယောင်ပြီး ဖွင့်ပေးမိလိုက်သည်။
စူးရ...ဖုန်းလေးကို ပြန်ယူ၍ ဖုန်းနံပါတ်တစ်ခု ကိုနှိပ်၍ခေါ်လိုက်သည်။

စူးရှ: ဟုတ်ပြီ....ကျေးဇူး.... မျက်ဝန်းနက်ဆီရောက်မရောက်နောက်မှအတည်ပြုလိုက်မယ် လို့ပြောလိုက်ပါ

မီမီ: ဟုတ်..ကျေးဇူးပါအစ်ကို..အကိုအတွက် Breakfastမှာသွားပေးတယ် မျက်ဝန်းက ညီမလည်းအချိန်သိပ် မရလို့အားနာပါတယ် အရင်ပြန်နှင့်မယ်နော်....

စူးရှ: Okay...ကျေးဇူးBreakfastအတွက်.....

စူးရှပြောပြီး နေရာတွင်ဝင်ထိုင်လိုက်သည်။ မီမီလည်း မျက်ဝန်းတို့ကို မျက်ရိပ်ပြကာ ခပ်သုတ်သုတ်လေးဆိုင်ထဲ မှထွက်လာလိုက်သည်။ မျက်ဝန်းတို့လည်း မသိမသာ ထထွက်လာလိုက်ကြသည်။ စူးရှတော့ သတိထားမိပုံမ ပေါ်.....
အားလုံး မမလင်းကားပေါ်စုထိုင်လိုက်တော့မှ သက်ပြင်ချနိုင်တော့သည်။

မီမီ: ဟူးးးးး...မျက်ဝန်း..နောက်တစ်ခါ ပစ္စည်းမေ့ကျန်ခဲ့ကြည့် အမှုတ်ကြိတ်ပစ်မယ်......

မီမီ့စကားကြောင့် ကားပေါ်တွင် ရယ်သံများနှင့်ဆူညံသွားကြသည်။

မျက်ဝန်းတို့မေ့နေသည်က Brightness Café Shop ဆိုတာ သွန်းရဲ့Cafeဆိုင်လေးဆိုတာကိုပင်..... စူးရှ မျက်ဝန်းမှာခဲ့ပေးသည့် Breakfastစားဖို့ထိုင်သည်လို့ထင်နေကြသည်မလားးးး Breakfastကအိမ်မှာစားခဲ့ပြီလေ အမှန်တော့ Receptionနေရာကနေ သွန်းက နေဦးလို့ အဲ့နားမှာပဲထိုင်နေဆိုသည့်သဘော လက်ပြနေ၍ ဖြစ်သည်။
*********

မီမီဆိုသည့် ကောင်မလေး ထွက်သွားပြီး ခနအကြာမှ သွန်းကျွန်တော့နားရောက်လာသည်။ ဒီကောင် မမေ့က ကိစ္စနှင့် ကျွန်တော့ကို ကောတော့မည်ဟုထင်ထားပေမဲ့.....

သွန်း: ဟေ့ရောင်..မင်းမနေ့အဆင်ပြေရဲ့လား...နောက်ခုန ကောင်မလေးတွေနဲ့ဘာတွေရှုပ်ထားတာလဲ...

စူးရှ: အမ်...ဘယ်ကောင်မလေးတွေလဲ..တစ်ယောက်တည်းးးပါ.....
သွန်း: အေးးး..အစကတော့ဘာရယ်မဟုတ်ဘူးးးး..သူတို့က အရင်ကငါ့ဆိုင်ထိုင်နေကြဆိုတော့ သတိထားမိတာ ဒါပေမဲ့မလာကြတာတော့ကြာပြီ..ဒီနေ့မနက်ဘာတွေအလုပ်ရှုပ်နေကြတယ်မသိ..အစကထိုင်နေတာငါးယောက်မင်းရောက်မလာခင်ပေါ့..နောက်တစ်ယောက်က အခုဒီနေရာမှာ ကျန်ခဲ့ပြီးကျန်လေးယောက်က ဟိုဘက်ဝိုင်းရောက်သွားတယ်...ငါလည်းစိတ်ဝင်စားလို့ကြည့်နေတာ မင်းရောက်လာတော့ ပိုစိတ်ဝင်စားသွားတာ အဲ့ကောင်မလေးနဲ့မင်းက ဘာတွေလဲ သူ့သူငယ်ချင်းတွေက ရှောင်ပေးတာလားးးး....

သွန်းစကားကို နားထောင်ပြီး အခြေအနေတစ်ခုကို ရိပ်မိသလိုရှိ၍ စူးရှပြုံးလိုက်မိသည်။

စူးရှ: ဒါနဲ့..မင်းသူတို့ကိုသိမှာပေါ့ မင်းဆိုင်ထိုင်နေကြဆိုတော့.....

သွန်း: အင်း..ခင်တော့မခင်ဘူးးး မင်းလင်းလက်ချိုမှတ်မိသေးလားးးး ငါတို့ ကျောင်းတုန်းကတစ်တန်းတည်းတက်ခဲ့တာလေ

စူးရှ: အဲ့လိုမျိုးတော့ နာမည်နဲ့လူနဲ့တော့သိပ်မတွဲမိဘူးးးး..လူမြင်ရင်တော့သိလောက်တယ်...

သွန်း: အင်း..သူလည်းပါတယ်..နောက်..ကျန်လေးယောက်ကလည်း ငါတို့ကျောင်းတုန်းက Juniorတွေလေ.... ခုနတစ်ယောက်ကို မင်းမမှတ်မိဘူးလားးးး အဲ့ဒါ ငါတို့ကျောင်းတုန်းက Juniorကွ...

Junior....Juniorဆိုသည့်စကားလုံးလေးကြောင့် စူးရှ သဘောကျစွာ ပြုံးလိုက်မိပါတော့သည်။ ငါဘာလို့ သူ့မကိုမေ့နေခဲ့တာလဲ...ဒါကြောင့်ရင်းနှီးနေတယ်လို့ ငါ့စိတ်ကခံစားနေရတာကိုးးးးး၊ မဟုတ်ဘူး...ငါသူမကိုမေ့နေတာမဟုတ်ဘူးးး..မသိစိတ်က စွဲလန်းနေခဲ့တာကို ငါ့အသိစိတ်က ငြင်းဆန်နေခဲ့မိတာ.......

သွန်း: ဟေ့ရောင်...ငါမေးတာလေးလည်းဖြေပါဦးးးဘာတွေဒီလောက်တောင်စဉ်းစားနေတာလဲ......

စူးရှ: နေဦး...ငါအတည်ပြုစရာတစ်ခုရှိသေးတယ်.....

စူးရှ ဖုန်းလေးကိုထုတ်ကာ ခုန မျက်ဝန်းနက်ဖုန်းနှင့် ကျွန်တော့ဖုန်းကိုခေါ်ထားခြင်းဖြစ်သည်။ ဖုန်းနံပါတ်လေးကို နှိပ်လိုက်မိသည်....
*********

Ringtone: "..................................................................."
နံပါတ်စိမ်းတစ်ခုတစ်ကြောင့် ကိုင်တော့ကိုင်လိုက်သည်။ မမလင်:၏ကားပေါ်တွင် ငါးယောက်သားစကားကောင်းနေတုန်းဖုန်းလာခြင်းဖြစ်သည်။

မျက်ဝန်း: ဟယ်လို....

စူးရှ: မျက်ဝန်းနက်လားခင်ဗျာ....

စူးရှအသံဖျက်၍.....

မျက်ဝန်း: ဟုတ်ကဲ့.....

စူးရှ: မင်းဆီ..ဖုန်းပြန်ရောက်မရောက်အတည်ပြုချင်လို့ ခရီးသွားတဲ့မင်းဆီ ဖုန်းပြန်ရောက်တာ မြန်လာချည်လား အံ့သြစရာပဲ.... နောက်အချိန်ရရင် Brightnessက ဘုန်းလျှံသွန်းက အမြဲလာအားပေးနေတဲ့ မင်းတို့အဖွဲ့လေးကို ပြန်ဧည့်ခံပါရစေတဲ့...ငါလည်း....

တစ်ဖက်မှ စကားမဆုံးမီ မျက်ဝန်းဖုန်းချလိုက်တော့သည်။ မီမီတို့ကမျက်ဝန်းပုံစံကိုကြည့်၍ လန့်ပြီး ဘာဖြစ်တာလဲဟု ၀ိုင်းမေးကြသည်။

မျက်ဝန်း: မီမီ..ငါ့ဖုန်းနံပါတ်..စူးရှကိုပေးခဲ့တာလားးးးးး

မီမီ: မမေးပါဘူးးးးဟ...နင်ကလည်း....ဘာဖြစ်လို့....လို့....ဟိုလေ

မီမီပြောနေရင်း တစ်ခုခုကို သတိရမိ၍ စကားရပ်သွားသည်။ မမလင်းတို့ကပါ သိချင်စိတ်များ၍....

လင်းလက်: မီမီ...ဘာဟိုလေလဲ.....

မီမီ: မျက်ဝန်း..သူငယ်ချင်းဟုတ်မဟုတ်သိချင်လို့ passwordဖွင့်ခိုင်းတော့...ဖွင့်ပေးမိလိုက်တယ်.....

လင်းလက်၊ဖြူဖြူ၊မေ: ဒါဆိုအခုဆက်တာ စူးရှပေါ့..ကောင်းရောဟယ်...မျက်ဝန်းသူငယ်ချင်းပီသပါပေတယ်....

မျက်ဝန်း: နောက်ဆုံးတော့ကိုယ့်ဘက်ပဲမြားဦးလှဲ့လာတယ်...ထားလိုက်ပါတော့...နောက်Brightnessမှာ ဘယ်တော့မှမထိုင်တော့ဘူးးးးးးး

အာလုံး: ဘာဖြစ်ရပြန်တာလဲ......

မျက်ဝန်း: နေ့ပြောနောက်ကြည့်ဆိုတာအသေမှန်တယ်...Brightnessပိုင်ရှင်ကြီးကို မျက်ဝန်းတို့မေ့နေတယ်လေ မဟုတ်ဘူးလားးး မျက်ဝန်းတို့ဖြစ်ပျက်နေတာတွေ ဟိုကအားလုံးသိပြီးနေပြီ... နောက်တစ်ခါလာရင် သူဧည့်ခံပါမယ်တဲ့....

လင်းလက်: ဟာ..ဟုတ်သားပဲ....ဘုန်းလျှံသွန်းးးးး ရှက်လိုက်တာ...အစ်မက ကလေးတွေနဲ့ရောပြီးးး

ဖြူဖြူ: :ဟာ..အစ်မကလည်း... မျက်ဝန်းပြောတာထောက်ခံတယ်Brightnessမှာဘယ်တော့မှမထိုင်တော့ဘူးးးးးး

မေ:မထိုင်ရင်လည်း နောက်ဆုံးသူကျွေူးတာလေးစားရင်း..ဘယ်တော့မှမလာတော့ဘူးလို့သွားပြောရအောင်..

မီမီ: အေး...အဲ့ဒီအစီအစဉ်ကောင်းတယ်....ဟဟ..

မျက်ဝန်းတို့အဖွဲ့တစ်ယောက်တစ်ပေါက် မကျေနပ်မှုတွေနှင့် ပြောနေကြသည်။

မျက်ဝန်း: သူကရယ်နိုင်သေးတယ်..အရေးအကြီးဆုံးက passwordပြောင်းရမယ်....တစ်ယောက်passwordတစ်ယောက်မပြောဘဲ သိတဲ့ သူငယ်ချင်းအပြင်မှာရှိလို့လားးးးး

မီမီ: ရှိတာပေါ့...ငါတို့လေ.....

အားလုံး: ဘာလဲ ထပ်ပြောင်းမဲ့Passwordက လေးနက်လားးးးး ဟဟ....

မျက်ဝန်း: ဟာ......

မျက်ဝန်းဘာမှပြန်မပြောနိုင်ဘဲ ဟာ တစ်လုံးသာရေရွတ်မိသည်။ မျက်ဝန်း၏ စိတ်ကို မမေးဘဲ သိနေကြ၍ ၀ိုင်းစခြင်းခံရပါတော့သည်။

မျက်ဝန်း: ဆန်းခေတ်Messagesတွေပို့ထားတယ်.....

မျက်ဝန်းပင် စားမဆုံးသေး မေက မျက်ဝန်းဖုန်းကို ဇက်ခနဲ့ လှမ်းယူလိုက်ပြီးးးးးး

မေ: အားလုံးနာထောင်..ဖတ်ပြမယ်.....

မေ့ စကားကြောင့် စိတ်ဝင်တစား အာရုံစိုက်လိုက်ကြသည်။

မေ: Baka....ဘာလို့ဖုန်းပိတ်ထားတာလဲ.. ဖုန်းပြန်ဆက်ဦးးး..တအားလည်မနေနဲ့ဦးးးး..အဲ့မှာအေးတယ်ဆို... အဲ့ဒါမမေ့ညက...ပို့ထားတာဟ....

မီမီ၊ဖြူဖြူ:: မေ..ဆက်ဖတ်..ဆက်ဖတ်......အဲ့ဒါပဲလားးးနင့်ဟာကလည်း..

မျက်ဝန်း: တော်ပါတော့..ပေးပါ...စိတ်ဝင်စားစရာလည်းဘာမှမပါဘူးးးး

မမလင်းကတော့ မျက်ဝန်းတို့ကိုကြည့်ပြီး သဘောကျနေသည်။ နောက်မေက ဆက်မဖတ်ဘဲ..ဖုန်းကို စိုက်ကြည့်ပြီးးးး...မျက်နှာရှုံ့မဲ့သွားသည်။

ဖြူဖြူ : ဘာတွေရေးထားလို့လဲမေ...

မေ့ပုံစံကြည့်ပြီး ပိုစိတ်ဝင်းစားနေသွားကြသည်။ ဆန်းခေတ်ဘာတွေများရေးထားလို့လဲပေါ့....

မေ: ရော့...မျက်ဝန်း..နောက်တစ်ခါအဲ့ဆန်းခေတ်ပို့တာတွေယောင်လို့တောင် ငါတို့ကိုလာမပြနဲ့.....

မီမီ၊ဖြူဖြူ၊လင်းလက်: ဘာဖြစ်လို့လဲ...ဟ..

မျက်ဝန်းဖုန်းလေးကိုပြန်ယူ၍ သဘောကျစွာရယ်လိုက်မိသည်။

မေ: နောက်တစ်ခါလာပြလည်းငါတို့နားမှမလည်တာ Japanလိုတွေရေးထားတယ်လေ....

အားလုံးသဘောကျစွာရယ်လိုက်ကြမိသည်။
ဆန်းခေတ်ပို့ထားသည့် messageလေးများကိုဖတ်ပြီးမျက်ဝန်းပြုံးလိုက်မိသည်။
*******

ကျွန်တော့ဘေးတွက် အဆက်မပြတ်မေးနေသည့် သွန်းအမေးကို ပြန်မဖြေမိဘဲ ထရပ်လိုက်သည်။

သွန်း: စူးရှ...ငါ့မေးတာဖြေဦးလေ ပြန်တော့မလို့လားးးဟ....မင်းကလည်း

စူးရှ: ငါပိုသေချာအောင် အတည်ပြုစရာလေးရှိသေးလို့...နောက်မှ အေးဆေးရှင်းပြမယ် ငါလစ်လိုက်ဦးးမယ်....

ပြောပြောဆိုဆိုနှင့် ကျွန်တော်ထထွက်လာမိတော့သည်။ လွန်ခဲ့တဲ့ သုံးနှစ်ကကျွန်တော်ကိုင်ခဲ့သည့်ဖုန်းလေးးးး အဲ့ဖုန်းလေးရှာပြီး Eyeဟုတ်မဟုတ်ဆိုတာကို အတည်ပြုရမည်မဟုတ်လားးးးးး၊ ဖုန်းထဲမှာ Eyeပုံတွေရှိတယ် မဟုတ်လားးး၊ ကျွန်တော်အိမ်ကို တန်းပြန်လာလိုက်သည်။ အိမ်ပြန်ရောက်တော့....

ဒေါ်မေဖြူရှိန်ဝါ: သား...မျက်ဝန်းနက်နဲ့တွေ့ခဲ့လားးးးးးးး

စူးရှ: တီလေးးး...သားပြီးမှ ရှင်းပြမယ်...အရေးကြီးလို့ခနလေးးးးးး

တီလေးစကားကိုပင် ဆုံးအောင်နားမထောင်နိုင်.....အပေါ်ထပ်ကျွန်တော့အခန်းလေးဆီသို့ ခြေလှမ်းကြဲများဖြင့်.... အခန်းထဲရောက်တော့ ဗီရို၊အံဆွဲများနေရာအနံ့ ကျွန်တော်ရှာလိုက်သည်။ ကံကောင်းထောက်မစွာ ဖုန်းလေးကို လွယ်လွယ်ကူကူ ပြန်တွေ့သည်။

စူးရှ: Yeah....!!!

ဝမ်းသာ၍ အသံပင်ထွက်အော်မိသည်။ ဖုန်းလေးးကမသုံးတာကြာပြီဆိုတော့  စက်ပိတ်ထားသည်ကလည်း ကြာပြီ။ ကျွန်တော်ဖုန်းနံပါတ်လည်း ပြောင်းသုံးခဲ့သည်လေ။ အရင်ဆုံးဖုန်းလေးကိုအားသွင်းဖို့လိုသည်။

Ringtone: "..............................................................."

ကျွန်တော့ဖုန်းလေးကို အားသွင်းနေတုန်း ကျွန်တော့ နံပါတ်အသစ်ဖုန်းလေးမှ Ringtoneသံလေးဖြစ်သည်။

စူးရှ: ဟယ်လို......

ဒေါ်မျိုးမြင့်သီတာ: သားးး..စူးရှလားးး..အန်တီမျိုးပါ....

စူးရှ: ဟုတ်....အန်တီမျိုး... မတွေ့တာတောင်ကြာပြီ...ကျွန်တော်တောင်လာမလို့သတိရနေတာာ.....

ဒေါ်မျိုးမြင့်သီတာ: ဟုတ်တယ်... သားပြန်ရောက်နေပြီဆိုတာ...စိမ်းလဲ့(စိမ်းလဲ့ရှိန်ဝါ-စူးရှအစ်မ)ပြောမှသိရတော့တယ်..အခုတောင်စိမ်းလဲ့ဆီ ဖုန်းနံပါတ်လေးတောင်းထားရတာ....

စူးရှ: ဟုတ်..အန်တီမျိုး.. ကျွန်တော်လည်းမနေ့ကမှရောက်လို့..ပါဒီရက်ပိုင်းလာမလို့စဉ်းစားနေတာ... အန်တီမျိုးတို့အံ့သြသွားအောင် လုပ်မလို့...ကလေးတွေကော နေကောင်းကြတယ်မလားးးး.. မိသားစုဝင် အသစ်ထပ်တိုးသေးလားးးး ပြောနေရင်းအခုတောင် သိချင်လာပြီ ..အခုတောင်ပြေးလာချင်ပြီ...

ဒေါ်မျိုးမြင့်သီတာ: အားလုံးကသားကိုသတိရနေတာ... မိသားစုအသစ်လည်းတိုးတယ်... အုပ်ထိန်းသူအသစ်လည်းတိုးတယ်..

စူးရှ: အုပ်ထိန်းသူအသစ်... တစ်မျိုးပါလားးးး...အန်တီမျိုးလူသစ်ထပ်ခေါ်ထားတာလားးးးး

ဒေါ်မျိုးမြင့်သီတာ: သား...အမှန်တော့အန်တီဖုန်းဆက်တာ သားကိုအရေးတကြီးတိုင်ပင်စရာရှိလို့... အန်တီမျိုးတို့ရဲ့ စိမ်းလဲ့ဝါဆို (စိမ်းလဲ့ဝါဆို ဆိုတဲ့နာမည်လေးမှတ်မိသေးလားးး စူးရှမေမေ နာမည်ပါ) ဂေဟာလေးကို ဖျက်သိမ်းခံရတော့မယ်...

စူးရှ: ဗျာ...ဘာဖြစ်လို့လဲ...အန်တီမျိုး...သားနားမလည်တော့ဘူးးးး..

ဒေါ်မျိုးမြင့်သီတာ: သားအချိန်ရမယ်ဆိုရင်.. ဒီနေ့လာခဲ့ပါလားးးးသားကိုအေးအေးဆေးဆေးရှင်းပြ.. ပြောပြချင်တယ်.. သားအကူအညီလည်းလိုတယ်....ဖြစ်နိုင်ရင်အခုလာခဲ့ပါလားးးး ဖျက်သိမ်းမဲ့သူတွေက ဒီညနေတာင်လာမယ်ပြောနေကြတာ....

စူးရှ: ဟုတ်...အန်တီမျိုး..ကျွန်တော်အခုဘဲထွက်လာလိုက်မယ်...ဒါပဲနော်.....

ဖုန်းလည်းချပြီးရော အားသွန်းလက်စ ဖုန်းအဟောင်းလေးကိုပါ ဖြုတ်၍ အိမ်အောက်ထပ်ပြေးဆင်းလာမိသည်။ တီလေးကတော့ ကျွန်တော်တစ်ယောက်တည်း အလုပ်တွေရှုပ်နေသည်ဟုထင်မည်။ တီလေးကို ရှင်းပြမနေတော့ဘဲ အန်တီမျိုးဆီ ကားမောင်း၍ ထွက်လာလိုက်တော့သည်။

အန်တီမျိုးသည် မေမေ့၏တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ အာလုံးပဲ သိကြသည့်အတိုင်း ကျွန်တော်ငါးနှစ်အရွယ်မှာ မေမေဆုံးသွားခဲ့သည်။ မေမေဆုံးပြီးနောက်ပိုင်း ကျွန်တော်တို့မေမေနှင့်အတူနေခဲ့ သည့် အိမ်လေးစွန့်ခွာခဲ့ရသည်။ မေမေက ဟိုးအရင်ကတည်းက အန်တီမျိုးနှင့် လက်တွဲ၍ ပရဟိတတွေ လုပ်ခဲ့ခြင်းဖြစ်သည်။ မေမေနှင့်အတူနေခဲ့သည့် အိမ်လေးကပြောသလောက်မကြီးပင်မဲ့ ခြံဝိုင်းကတော့ အတော်ကျယ်သည်။ နောက်ပိုင်းမှာတော့ မေမေ့ဆန္ဒအတိုင်း အန်တီမျိုးကိုအပ်ခဲ့သည်။ အန်တီမျိုးက မေမေနှင့်အတူ တွဲလုပ်ခဲ့သည် ပရဟိတကိုဆက်လုပ်သည်။ နောက်အဲ့ဒီနေရာမှာပဲ စိမ်းလဲ့ဝါဆို ဆိုပြီး မေမေ့နာမည်လေးနှင့် မိဘမဲ့ဂေဟာလေးဖြစ်လာခဲ့သည်။ ကျွန်တော်ငယ်ငယ်က မေမေ့ကိုလွမ်းတိုင်းသတိရတိုင်း မမနှင့်အတူ သွားဖြစ်သည့်နေရာလေးပေါ့။ ကစားဖော်ကစားဖက် ဘော်ဒါတွေလည်းရှိသည်။ ဖျက်သိမ်းခံရတော့မည် ဆိုသည့် အန်တီမျိုးစကားကြောင့်ရင်ထဲမှာပူလောင်သွားရသည်။ စိမ်းလဲ့ဝါဆိုပေါ်မှာထားသည့် သံယောဇဉ်က ကျွန်တော်တို့ထက် အန်တီမျိုးကအများကြီးပိုသည်။ အန်တီမျိုးကျွန်တော့အပေါ် အလေးထားအားကိုးမှုကိုလည်း လေးစားသည်။ ကျွန်တော့စိတ်လောနေ၍ ကိုယ်ကိုကိုယ်တိုင်သတိမထားမိဘဲ ကားကို အရှိန်မြင့်၍ဖြင့် မောင်းနေမိသည်။
*******

Ringtone: "မလွမ်းလောက်ပါဘူးးးး.... မလွမ်းသင့်တော့ဘူး..........................................."

မျက်ဝန်း: ဟယ်လို...အန်တီမျိုးးးးးးး

ဒေါ်မျိုးမြင့်သီတာ: သမီးးး...မျက်ဝန်းးးး. .နေကောင်းလား...မန်းလေးမှာပဲလားးးးးး

မျက်ဝန်း: မဟုတ်ဘူးးးးး..အန်တီမျိုး.. သမီးlsoပြန်ရောက်နေတာ...အန်တီမျိုးတို့ကို သတိရနေတာ...ဒီနေ့တောင်လာမလို့...ကိကိလေး(စိမ်းလဲ့ဝါဆိုဂေဟာမှ မျက်ဝန်း၏အချစ်ဆုံး ဆွံ့အနေတဲ့ကလေးမလေးတစ်ယောက်)ကောနေကောင်းရဲ့လားးးးး....နှစ်တန်းတောင်ရောက်နေပြီနော်....

ဒေါ်မျိုးမြင့်သီတာ: သတိမှရသေးရဲ့လား လို့အေ... တော်သေးတာပေါ့...သမီးရောက်နေတယ်ဆိုတော့ ၀မ်းသာလိုက်တာ...ဒီနေ့အားတက်သွားပြီအန်တီမျိုးတော့..ကလေးတွေလည်းပျော်နေကြတော့မှာ..ဖြစ်နိုင်ရင် အခုလာခဲ့ပါလားသမီးအားရင်ပေါ့...အန်တီမျိုးငါ့သမီးကို မတွေ့တာလည်းကြာပြီ...ပြောစရာတိုင်ပင်စရာတွေ လည်းရှိတယ် နောက်မိတ်ဆက်ပေးချင်တဲ့သူလည်းရှိတယ်...သူ့ကိုတောင်အခုလာဖို့ခေါ်ထားတယ်...သမီးရဲ့

မျက်ဝန်း: အခုဆိုတော့.......

အန်တီမျိုး: သမီးမအားလို့လားးးးးးး

မျက်ဝန်း: ဟဟ...လာရမှာပေါ့... အားပါတယ်အန်တီမျိုးရဲ့...မဟုတ်ရင်တောင်ဒီနေ့လာမလို့စဉ်းစားနေတာ အန်တီမျိုးတို့ကို Surpriseလုပ်မလို့...အခုထွက်ခဲ့မယ်.....အန်တီမျိုးးးးးးးးးး

ဒေါ်မျိုးမြင့်သီတာ: ဟုတ်ပါပြီ...အန်တီမျိုးကို Supriseလုပ်ချင်တဲ့သူများနေပါလားးး ဆိုင်ကယ်ဂရုစိုက်မောင်းလာဦးးးးးးး

မျက်ဝန်း: ဟုတ်..အန်တီမျိုး.....

မျက်ဝန်းလည်းဖုန်းချပြီးသည်နှင့် အ၀တ်လဲကာ မေမေတို့ကိုပြောပြီး အန်တီမျိုးတို့ဆီထွက်လာ လိုက်တော့သည်။ မျက်ဝန်းကျောင်းပြီးတော့ မန်းလေးမလာခင် နှစ်နှစ်လောက်က သင်တန်းတွေတက်ရင်း စေတနာ့ ၀န်ထမ်းလုပ်ခဲ့သည့်နေရာလေးပေါ့...၊ မန်းလေးရောက်နေပင်မဲ့ အဆက်အသွယ်တော့မပြတ်ခဲ့၊ ကိကိလေးတို့ကိုလည်း သတိရတယ်...လွမ်းလိုက်တာ ငါ့ကလေးလေးတွေ.....

မျက်ဝန်း: ဒါနဲ့ ဘယ်သူနဲ့မှတ်ဆက်ပေးမှာလဲတောင်မမေးလိုက်ရဘူးးးး ဟိုရောက်ရင်သိမှာပဲလေ.....ကိကိလေးတို့အတွက် မုန့်တွေဝယ်သွားရမယ်........
*******

ဒေါ်ပန်းနု: သမီး..သိပြီးနေပြီမလားးး..စူးရှ...လားရှိုးမှာဆိုတာကို.....

နီနီ: ဟုတ်...မာမီ...သမီးသိပါတယ်.. နီမန်းလေးကိုလာလို့..စူးlsoကိုပြန်သွားတာပါ.....

ဒေါ်ပန်းနု: ဒါများသမီးရယ်... မာမီတောင်အခုမှသိရတယ် မေဖြူပြောလို့....မာမီတို့လည်းပြန်တော့မှာဆိုတော့ အတော်ပဲ သားနဲ့မတွေ့တာတောင်အတော်ကြာပြီ....

နီနီ: Daddyခိုင်းထားတဲ့ကိစ္စနဲ့ နီတို့ပြန်ရတော့မှာပါ...နီနီ စူးကိုအိမ်ပြန်လာဖို့လည်း ပြန်ခေါ်နိုင်မှာပါ...

နီနီ တိုးတိုးလေးရေရွတ်ရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ စူးထွက်သွားပြီးသည့် နောက်မှာ နီ ကိုယ့်ကိုကိုယ်မညာချင်ပါ။ နီ့နှလုံးသားကလက်မခံနိုင်တဲ့သူတစ်ယောက်ကို ငြင်းဆန်ဖို့ထိသတ္တိတွေရှိလာခဲ့သည်။ အဲ့ဒါ စူး..နီ့ကိုပေးသွားသည့် သတ္တိတွေပါ။ ကိုမင်းခန့်လူကို တောင်းပန်ပြီး မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့သည်။ ဒါပေမဲ့ နီရွေးခြယ်မှုအတွက် ပြန်ပေးစပ်လိုက်ရသည်က Daddy ယုံကြည်မှုဆုံးရှုံးခဲ့ရသည်။ Daddyရဲ့အဝေးတစ်နေရာကို နီရောက်နေသလိုခံစားခဲ့ရသည်။ နီလည်းလုပ်ငန်းတွေ ကိုပုံမုန်ဆက်လုပ်နေခဲ့သည် Daddyနောက်ကွယ်ကနေပေါ့။ နီ့ မင်္ဂလာပွဲပျက်သွားတာ စူးသိနေပင်မဲ့ နီ့ဆီမှမလာခဲ့တာ နီ့ကိုရှောင်နေသည်။ စူးပြန်လာပြီး သိပ်မကြာပါ Daddy နီတို့ကို လှမ်းခေါ်သည်။ နီ့အတွက် ၀မ်းသာစရာလို့မှတ်ယူရမလိုပါပင် Daddyနှင့် စကားမပြောဖြစ်သည်မှာ သုံးနှစ်တောင်ပြည့်တော့မည်မဟုတ်လားးးး၊ Daddy နီ့ကိုခေါ်ရတဲ့ အဓကအကြောင်းရင်းက......

စူးကို အိမ်ပြန်ခေါ်နိုင်အောင် ၀ှက်ဖဲတစ်ချပ်ပေးခဲ့သည်။ အဲ့ဒီ ၀ှက်ဖဲကို သုံးပြီး ပြန်ခေါ်ဖို့ တာဝန်ပေးခဲ့သည်။ စူးက အရင်ကလို ကလေးမှမဟုတ်တော့တာ..သူ့ဘ၀သူရပ်တည်နေနိုင်နေပြီ....၊ Daddy ၀ှက်ဖဲကို နီသုံးခဲ့လျှင် စူးအိမ်ပြန် လာမှာသေချာနေပင်မဲ့...နီကတော့......

ဘယ်လိုပဲဖြစ်ဖြစ်ပါ...အဲ့ဒါတွေ စဥ်းစားနေလို့အပိုပဲ.........

ကံကြမ္မာကြီးကမျက်နှာသာပေးတာလားးးးးးးးးးးးကိုယ်ပိုင်ဆိုင်ပြီးသားးးးးနှလုံးသားတစ်ခုကို...အဆုံးရှုံးမခံနိုင်ဘဲ....ကျောခိုင်းဖို့ကြိုးစားခဲ့တာ.... သိပ်မိုက်မဲရာကျတယ်....ဟုတ်တယ်...ဒီတစ်ကြိမ်တော့..မလွတ်တမ်းဖမ်း ဆုတ်ထားတော့မည်...

*** To Be Continued ***

Thanks For Reading....

#MyatMady

Finally Found You ( စ/ဆုံး )Where stories live. Discover now