Part - 4

43 2 0
                                    

(Unicode)
🌻 The worst feeling is when you don't want to give up but juz want to know "How to get my Crush's Heart?? 🌻

>> (16.2.2013) ဘွဲ့နှင်းတဘင်နေ့

စူးရှ: ဘာလိုလိုနဲ့ ကျောင်းကြီးကိုတောင် နှုတ်ဆက်ရတော့မှာပါလားးးးး

ကျောင်းကြီးကိုငေး၍ အတွေးလွန်နေမိသည်။ ကျွန်တော်ကျောင်းရောက်တော့ မာန်နှင့်သွန်းကမရောက်သေးပါ။ နည်းနည်းလေးစောနေသည်။ ကျွန်တော် နှင့်အတူ မေလေး၊မမ၊တီလေးရယ် ကျွန်တော်နှင့်အလွန်တူသောကျွန်တော့ တူလေးလည်းပါသည်။ အသက်သုံးနှစ် ပင်မဲ့ စကားအလွန်တတ်သည်။ ဖေဖေ ကတော့ အလုပ်ကိစ္စနှင့်နိုင်ငံခြားမှာဆို တော့ ကျွန်တော့ပွဲလေးကို မတက်နိုင် တော့ပါ။ ဖေဖေနှင့်တစ်လနေလို့ တစ်ကြိမ်တွေ့ ဖို့ခက်ခဲသည်။အခုလည်း ဒီလိုနေ့မျိုးကို ဘယ်အချိန်ပေးနိုင်ပါ့မလဲ၊ စိတ်မကောင်းတော့နည်းနည်းဖြစ်မိသည်။ ကျွန်တော်တို့ မောင်နှမနှစ်ယောက်သည် ဖေဖေနှင့် စိတ်ချင်းဝေးကွာသည်ဟု ခံစားမိသည်။ မမနှင့် ကျွန်တော်က ဆယ်နှစ် ကွာသည်။ ထိုနေ့လေးကို မမေ့နိုင်သေးပါ။ ကျွန်တော်ကိုမွေးပြီး နောက်ပိုင်း မှာ မေမေက ကျန်းမာရေးချူချာလာခဲ့သည်ဟု တီလေးပြောပြ၍ သိခဲ့ရသည်။ ဖေဖေကတော့ အလုပ်ထဲမှာပင် စိတ်နစ်ပြီး အောင်မြင်အောင် ကြိုးစားနေသည့် အချိန်ဖြစ်သည်။ ကျွန်တော်အသက်၅နှစ်၊ ထိုအချိန်တုန်းက အဖြစ်အပျက်တွေကို ကျွန်တော်ပြန်မတွေးချင်ပါ။ မေမေဆုံးပါးသွားခဲ့သည်။ ထိုအချိန်ကျွန်တော်တို့အနားတွင် ဖေဖေလည်းမရှိပါ၊ အချိန်မပေးနိုင်သည်ဟု ထင်ပါသည်။ မေမေကလည်း ကျွန်တော်တို့နှင့်အဝေး ဆုံးကိုထွက်သွားပြီ။ ကျွန်တော် ဘယ်လို ဖြေသိမ့်ရမလဲ ဆိုတာကိုလည်းမသိ၊ နားမလည်။ကလေးငယ်တစ်ယောက်ဟာ လိုချင်တာမရလို့ အော်ဟစ်ငိုပြီးတောင်းလျှင် ရသည်ဆိုသည့် အတွေးနှင့် ငိုခဲ့သည် မေမေများပြန်လာလေမလား ဟုအထင်ခဲ့မိသည်။ တီလေးနှင့်မမကသာ ကျွန်တော့၏အားကိုး မှီခိုရာ။ တီလေးက ဖေဖေ့၏တစ်ဦးတည်းသော ညီမငယ်လေးဖြစ်သည်။ ဖေဖေက ဦးလေးနက်ရှိန်ဝါ၊ မေမေက ဒေါ်စိမ်းလဲ့ဝါဆို၊ တီလေး ဒေါ်မေဖြူရှိန်ဝါ၊ မမက စိမ်းလဲ့ရှိန်ဝါ၊ ကျွန်တော်ကတော့ အားလုံးသိပြီးသား ဖေဖေနှင့်လုံး၀မတူသည့် စူးရှလေးနက်၊ တီလေးကတော့ ကျွန်တော့တို့ ဖေဖေ့ကို အထင်မမှား အောင် မေမေနှင့် ကျွန်တော်တို့ကိုလှည့် မကြည့်အားရ လောက်အောင် ကြိုးစားခဲ့ သည်ကမေမေနှင့်ကျွန်တော်တို့မောင်နှမ နှစ်ယောက်အတွက် ဟုအမြဲပြော လေ့ရှိသည်။ အပေါ်ယံကြည့်လျှင် ကျွန်တော်ဟာ အရာအားလုံးပြည့်စုံ နေသည့် ကောင်လေးတစ်ယောက် ဟုထင် ကောင်းထင်နေလိမ့်မည်။ အခုကျွန်တော်တို့နှင့် အတူဘွဲ့နှင်း သဘင်ကို တက်သည့် မေလေးဆိုသူက..........
ကျွန်တော်အသက်ဆယ်နှစ်မှာ ဖေဖေ့စီးပွားရေးလုပ်ငန်းတွေအရမ်းအောင်မြင်လာခဲ့သည်။ မေမေနှင့်အတူနေခဲ့ သည့် အိမ်လေးကို စွန့်ခွာပြီး ကြီးကျယ်ခမ်းနားသည့် အိမ်ကြီးကို ပြောင်းနေခဲ့ကြသည်။ ထို့နောက်မှာ မမကို ဆုံးရှုံးလိုက် ရသည်။ ဖေဖေနှင့် လုပ်ငန်းစပ်တူ shareရှင်၏သားနှင့် မမကို နေရာချပေးခဲ့သည်။ တကယ်တမ်း ပြောရလျှင် မမက အသက်နှစ်ဆယ်ပဲ ရှိသေးသည်။ ဖေဖေဟာ သူ၏စီမံကိန်းဖြင့် ကျွန်တော်တို့ဘ၀ကို plan ချထားသည်။ အိမ်ကြီးမှာ တီလေးရယ် ကျွန်တော်ရယ်။ ဖေဖေဖြည့်ဆည်းပေးနေသည့်အဆောင်အယောင်တွေက ကျွန်တော်လို အပ်နေ သည့်အရာတွေမဟုတ်ပါ။ ဒါပေမဲ့ မမလက်ထပ်ပြီးသိပ်မကြာလိုက်ပါ။ ကျွန်တော်တို့အိမ်ကြီးကို ကျွန်တော်တစ်ခါမှ မမြင်ဖူးသည့် အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးတစ် ယောက်ရောက်လာသည်။ ထိုအမျိုးသမီးက မကြာမီ ဖေဖေ လက်ထပ် ယူမည့် ဖေဖေ့ဇနီးလောင်း ဒေါ်ပန်းနု ဟုသိလိုက်ရသည်။ ကျွန်တော့အသက်ကဆယ်နှစ် ဆိုတော့ ဘာကိုမှသိပ်နားမလည်။ ဖေဖေနှင့်လက်ထပ်မည်။ ကျွန်တော်တို့နှင့်အတူနေ မည်။ သူမကိုမေမေလို့ခေါ်ရမည်။ သူမနှင့်အတူပါလာသော မိန်းကလေးကို မမလို့ခေါ်ရမည်ဟု တီလေးက သင်ပေးသည်။ မေမေမှမဟုတ်တာ ဘာလို့ကမေမေလို့ ခေါ်ရမှာလဲဟု ဖေဖေကိုမေးခဲ့ဖူးသည်။ အရာအားလုံးကို သူစီမံသည့်အတိုင်းဖြစ်ရမည်ဟု သြဇာကြီးသည့် ဖေဖေက ထူးဆန်းစွာ ဖြေခဲ့သည်မှာ 

Finally Found You ( စ/ဆုံး )Where stories live. Discover now