မျက်၀န်း: ဘာလိုလိုနဲ့ နောက်နှစ်ဆိုဘွဲ့ယူရတော့မှာပါလား……..အရင်ကလိုပေါ့ပေါ့နေ ပေါ့ပေါ့စားမလုပ်လို့ မရတော့ဘူး….
ဒီရက်ပိုင်းမှာတော့ သင်တန်းတက်ရန် ဆုံးစမ်းရင်း။ သင်တန်းကိုနည်းနည်းအာရုံရောက်နေသည်နှင့်။ တခြားဘာမှတောင်မလုပ်ဖြစ်။ စူးရှနှင့်တောင်အဆက်အသွယ်ပြတ်နေသည်။ အလုပ်ကိစ္စနှင့် ပြန်သွားသည့်နောက် ပိုင်းမျက်၀န်းလည်းအဆက်အသွယ်မလုပ်ဖြစ်။ နှစ်သစ်တောင်ရောက်တော့မှာ မနက်ကဖတ်လိုက်ရသည့်အတိုင်း နှစ်သစ်မှာစိတ်သစ်လူသစ်နှင့် စရမည်တဲ့…နှစ်ဟောင်းကအရာတွေ နှစ်ဟောင်းမှာပဲချန်ခဲ့သင့်သည်တဲ့လေ……… စူးရှ…စူးရှ…..နှစ်ဟောင်းမှာပဲထားခဲ့ရမှာလားးးးးးးးးးးး…မျက်၀န်းဖုန်းလေးဖွင့် လိုင်းတက်တိုင်း Facebook မှာ စူးရှ Online ဖြစ်နေတာတွေ့ပင်မဲ့ စကားမပြောမိ….ဟိုတစ်ခါ..တွေ့ရအောင်ပြောပြီး ဖုန်းဆက်တော့ အလုပ်ကိစ္စအရေးကြီးလို့ ပြန်ပြီဆိုသည့်စကား ကအငြင်းခံလိုက်ရသလို စိတ်ထဲတော်တော်အောင့်သက်သက် ဖြစ်သွားသည်။ ထိုအချိန်တွင်…FB မှ Striker လေးတက်လာသည်။ “ဟိုင်း” ဆိုသည့်အရုပ်လေးးးးးးး။ စူးရှဖြစ်သည်။ မျက်၀န်းOnlineဖြစ်နေသည်ကို မြင်သွားပြီထင်ပါသည်…..
စူးရှ: မင်း..ငြိမ်ချက်သားကောင်း လှချည်လားးးဟ….
မျက်၀န်း: မဟုတ်ပါဘူး….
စူးရှ: အင်း..ဘာတွေလုပ်နေလဲ….
မျက်၀န်း: ဘာမှလုပ်ဘူး.. ပျင်းလို့ခနလိုင်းတက်လာတာ….
စူးရှ: ငါလည်းအတူတူပဲ…
မျက်၀န်း: မနက်ဖြန် နှစ်သစ်ရောက်ပြီ…
နှစ်သစ်ဆိုသည့် စကားကြောင့် စူးရှ သက်ပြင်းချမိသည်။ ၁ရက်၁လ ဆိုတာနီနီတို့ စေ့စပ်မည့်နေ့ မဟုတ်လားးးးးး
စူးရှ: အင်း…မင်းကပျော်လို့ လားနှစ်သစ်ရောက်မှာ..
မျက်၀န်း: ဘယ်ကသာ… အသက်တစ်နှစ်ကြီးတော့မှာပျော်စရာလားးးးး..
စူးရှ: အေးနော်….စိတ်ညစ်စရာကြီးးး…
မျက်၀န်း: ဘာလဲ…စိတ်ညစ်စရာ ရှိလို့လားးးးး]