( Unicode )
🌻 Not sure if you know this..Somewhere, Someone in the world is missing you 🌻"မလွမ်းလောက်ပါဘူး...မလွမ်းသင့်တော့ဘူး...သိရဲ့သားနဲ့စွတ်တရွတ်ရူး..ဘာလုပ်ရမှန်းကိုမသိတော့ဘူး...မလွမ်း လောက်ပါဘူး...ဘယ်လိုမှမလွမ်းသင့်တော့ဘူး..မင်းထွက်သွားတဲ့နောက်တော့ရူး...ဘာလုပ်ရမှန်းကိုမသိတော့ဘူး.."
မျက်၀န်းကုတင်ခေါင်းရင်းဘေးစားပွဲပေါ်မှတခွီခွီမြည်နေသည့် Ph Ringtone သံကြောင့် ဘယ်လိုမှ ဆက်အိပ်၍ မရတော့။ မျက်လုံးကို မနဲဖွင့်၍ စားပွဲပေါ်လက်လှမ်းကာ ဖုန်းကိုလှမ်းယူလိုက်သည်။ အိပ်ချင်မူးတူးအသံဖြင့်....မျက်၀န်း: ဟယ်လို...
လင်းလက်: ဟာ..ညီမလေးမထသေး
ဘူးလား..အိပ်တုန်းလားအခုထိ...မျက်၀န်း: မမလင်းကလည်းအစောကြီး
ရှိသေးတယ်လေ...ပြီးတော့ဒီနေ့Sundayလေ..ကျောင်းသွား..သွားးစရာ...မျက်၀န်း မမလင်းကိုပြောရင်းခေါင်းထဲတန်း၀င်လာသည်ကဒီနေ့..ကျောင်းပိတ်တယ်ဆိုပင်မဲ့.... အိပ်ယာပေါ်မှကုန်းရုန်းထကာ..နာရီကိုမနဲပြူးကြည့်လိုက်သည်...ရှစ်နာရီထိုးတော့မည်။ မျက်၀န်းတို့Final First Semester စတက်နေကြပြီ။ Februaryလထဲတောင်ရောက်နေပြီလေ...
လင်းလက်: ညီမလေး..ဒီနေ့ဘာနေ့လဲ
မေ့နေပြီလားးးးအမနဲ့လိုက်မယ်မလား..ကျောင်းကို..နောက်ပြီးး ပန်းကိစ္စရှိသေးတယ်လေ...မျက်၀န်း: ဟုတ်..မမလင်း မျက်၀န်း ညကအိပ်တာနောက်ကျတော့အိပ်ပျော်သွားတာ...ဘယ်အချိန်လောက်သွား မှာလဲ..
လင်းလက်: ရှစ်နာရီကျော်လောက်အမ ညီမလေးကိုလာခေါ်မယ်..မြန်မြန်လုပ်ထား..ရှစ်နာရီထိုးတော့မှာ...
မျက်၀န်း: ဟုတ်..ဟုတ်မမလင်း...
မျက်နှာသစ်ရေချိုးပြီးအဆင်သင့်ဖြစ်အောင်လုပ်ထားပါ့မယ်...ဒါပဲနော်..ဖုန်းကိုချ၍ ရေချိုးခန်းထဲအပြေးအလွှား ၀င်ရသည်။ ရှစ်နာရီထိုးဖို့ကဆယ်မိနစ် လောက်ပဲလိုတော့သည်ကိုးးးးးး။ လုပ်ရင်းကိုင်ရင်းမနေ့ကအကြောင်းကိုပြန်စဉ်းစားမိသည်။ မမလင်းကအပြင်သွားရင်းလမ်းကြုံမျက်၀န်းအိမ်ရောက်လာသည်။ ဒီတစ်ပတ်ကျောင်းပိတ်ရက်ဖြူဖြူနှင့် သဇင်က မိသားစုလိုက် ပြင်ဦးလွင်အလည်လိုက်သွားကြသည်။ မီမီ့အိမ်နှင့် မျက်၀န်းအိမ်ကနဲနဲဝေးသည်။ မမလင်းကတော့ကားလေးနှင့်ရောက်ရောက်လာတတ်သည်။ သိပ်အဝေးကြီးတော့မဟုတ်ပါ။ Finalမှာ မမလင်းကောင်းမှုကြောင့် မျက်၀န်းတို့ ကျောင်းကားစီးရသည့် ဘ၀ကျွတ်သွား သည်။ ဆိုင်ကယ်လည်း မောင်းစရာမလိုတော့..မမလင်းမောင်းသည့်ကားလေးပေါ်ဇိမ်နှင့် မျက်၀န်းတို့ လေးယောက် လိုက်ရုံပဲ ဖြစ်သည်။ အမှန်တော့မမလင်းအိမ်ရောက်လာသည်က...