Part-1(Meeting)

15.5K 593 18
                                    

(Unicode)
(Facebookမှာcompleteဖြစ်ပြီးသားလေးပြန်upထားတာပါ☺)

ခများတို့ယုံကြည်ဖို့ခက်ခဲမယ်ဆိုတာသိပေမဲ့ ကျွန်တော့်ချစ်သူကောင်လေးက ဒီကမ္ဘာမြေကမဟုတ်တဲ့ ဂြိုလ်သားလေးဗျ။ #XiaoZhan

------------------ 🦋 --------------------
( တွေ့ဆုံခြင်း)

အဆင့်မြင့်အဆောက်အဦးတွေစီက မီးရောင်စုံတွေနဲ့အတူလမ်းမပေါ်ကယဉ်မျိုးစုံစီက အသံပေါင်းစုံရဲ့ညံစီနေမှုက ပေကျင်းမြို့ရဲ့ညအလှကိုပြီးပြည့်စုံစေတယ်။

တချက်တချက်ဖြာထွက်လာတဲ့အဝိုင်းပုံသဏ္ဍန်ရောင်စုံမီးပန်းတွေက မှိန်တုံ့မှိန်တုံ့ကြယ်ကလေးတွေပြည့်နှက်နေတဲ့ညကောင်းကင်ယံကို အစွမ်းကုန်အလှဆင်နေကြလေရဲ့။

ထိုကောင်းကင်ယံရဲ့ညအလှဟာ မြင်သူတိုင်းရင်ကိုအေးစေပေမဲ့ အဆောက်အဦးမြင့်ကြီးတစ်ခုရဲ့ဧည့်ခန်းထဲမှာတော့ လူသားနှစ်ဦးရဲ့လေပြင်းတိုက်ပွဲကြောင့်အခန်းတွင်းမှာရှိသည့်လေထုကပင်ပူနွေးလာသယောင်မအေးချမ်းသောအခြေနေတရပ်စီ တဖြည်းဖြည်း​ဆောင်ကျည်းနေလေရဲ့။

ထိုလူသားနှစ်ဦးထဲမှတစ်ဦးမှာတော့ ပေကျင်းမြို့ရဲ့ဒိတ်ဒိတ်ကြဲသူဠေးကြီးတစ်ဦးဖြစ်ပြီး အများအမြင်မှာတော့ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်ဖြစ်ပေမဲ့နောက်ကွယ်တွင်ဥပဒေကိုလက်တလုံးခြားကာ မှောင်ခိုလုပ်ငန်းများစွာကိုကြိူးကိုင်သူXiaoလုပ်ငန်းစု၏သခင်ကြီးဦးရှောင်းချန်ပင်ဖြစ်သည်။

ဦးရှောင်းချန်သားဖြစ်သူXiao Zanhရဲ့တောင်းဆိုစကားကြောင့်မျက်မှောင်ကျုံ့ကာsofaပေါ်မှာထိုင်နေရာကနေဒေါသတကြီးထရပ်လိုက်တယ်။

" ရှောင်းကျန့်... မင်းငါ့ကိုမင်းအဖေလို့ကောသတ်မှတ်သေးရဲ့လား...ဟမ်...မင်းအမေမရှိတော့ကတည်းက ငါမင်းကိုဒီအရွယ်ထိပြုစုပျိုးထောင်လာခဲ့တာ...မင်းဘယ်တော့မှငါ့ကိုကလန်ကဆန်လုပ်တာတွေရပ်မှာလဲ...ဟမ်..."

"ဟုတ်ပါတယ်...ပါးကကျွန်တော့်ကိုဒီအရွယ်ထိပြုစုပျိုးထောင်ပေးခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ကျွန်တော့်စိတ်နဲ့ရှင်သန်ခဲ့ရတဲ့အချိန်ကမရှိသလောက်ပဲ...ကျွန်တော်ပန်းချီဆွဲတာကပါးအလုပ်ကိုဘာတွေထိခိုက်နေလို့ခွင့်မပြုပေးနိုင်ရတာလဲ...ပါးရဲ့မိန်းမမိထွေးဆိုတဲ့ဟိုမိန်းမကြီးကိုတောင်ကျွန်တော်လက်ခံပေးခဲ့တာပဲ...ကျွန်တော့ဆန္ဒလေးကိုဘာကြောင့်ပိတ်ပင်ချင်နေရတာလဲ..."

ALIEN LOVER[Complete]Where stories live. Discover now