Part-20(A Sure)

2.3K 225 2
                                    

(Unicode)

(A Sure)
ရှောင်းကျန့် ခေါင်မိုးထပ်ကိုအလျင်အမြန်​​ပြေးတက်သွားလိုက်ကာPeonyကိုအသည်းအသန်ရှာမိတယ်။ရှောင်းကျန့်တွေ့လိုက်တာကခေါင်မိုးထပ်အလယ်မှာရဟတ်ယဥ်ရပ်ရာနေရာတစ်ခုရှိပြီးထိုနေရာမှာရဟတ်ယဥ်တစ်စီးကထွက်တော့မယ့်ဆဲဆဲအခြေနေ။Peonyကိုခေါ်သွားတဲ့လူတွေရဲ့ယဥ်ပဲဖြစ်ရမယ်။

"အားးးး!...လွှတ်!!!!...ကျွန်တော့်ကိုလွှတ်... အင့်!...လူယုတ်မာကြီးတွေ... လွှတ်!..."

ရှောင်းကျန့် ကြည့်နေတုန်းမှာပဲPeonyကမေ့ဆေးပြယ်သွားလို့ထင်ပါ့ခုနကလူကြီးကိုခြေတွေလက်တွေနဲ့ကန်ကျောက်ရင်းအတင်းရုန်းကန်နေကာအသံတစာစာနဲ့အော်နေလေရဲ့။

"Peony!!!..."

"ဟင်!...ကျန့်ကျန့်... "

Peonyကရှောင်းကျန့်ခေါ်သံကြားတော့ရဟတ်ယဥ်ထဲကနေအံ့သြဝမ်းသာသွားတဲ့မျက်နှာလေးနဲ့သူ့ကိုလှမ်းကြည့်တယ်။ခုနကPeonyကိုဖမ်းချုပ်ထားတဲ့လူကြီးကရှောင်းကျန့်ကိုလည်းတွေ့ရောအနည်းငယ်ထိတ်လန့်သွားပြီးPeonyကိုလက်တစ်ဖက်နဲ့ချုပ်ထားရင်းရဟတ်ယဥ်မောင်းသမားကိုယဥ်ထွက်ခွာတော့ဖို့အမိန့်ပေးနေတယ်ထင်ပါ့ ရဟတ်ယဥ်ပန်ကာလည်သံကြောင့် ရှောင်းကျန့် သဲသဲကွဲကွဲမကြားရဘူး။

ရဟတ်ယဥ်ပန်ကာကြီးကအဆတ်မပြတ်လည်နေပြီးရဟတ်ယဥ်နောက်မှီးကြီးကပင်ကြွနေလေပြီ။ရှောင်းကျန့်ရဟတ်ယဥ်ကတဆင့်လာရိုက်ခတ်တဲ့လေအဟုန်ကိုအံတုရင်းရဟတ်ယဥ်နားကိုဖြေးဖြေးချင်းထိန်းပြီးလျှောက်သွားလိုက်တယ်။

"အင့်!...ကျွန်တော့်ကိုလွှတ်...."

"အား!!!...မင်းတော့....ဟာ..."

ရှောင်းကျန့် ရဟတ်ယဥ်နားပင်မရောက်သေးPeonyကခုနကလူကြီးရဲ့လက်ကိုအသားကုန်ကုန်းကိုက်လိုက်ကာအနည်းငယ်သာကြွတက်သေးတဲ့ရဟတ်ယဥ်ပေါ်ကနေသူ့စီကိုခုန်ဆင်းလာတယ်။Peonyကသံကြိုးတွေရဲ့အနှောင်အဖွဲ့ကနေမလွတ်မြောက်သေးတာကြောင့်ရှောင်းကျန့်စီကိုပြေးလာရင်းလမ်းတဝက်မှာတင်ပုံရပ်သားလဲကျသွားတယ်။

"အင့်!...ကျန့်ကျန့်... "

"Peony...ဘာမှမဖြစ်ဘူးမကြောက်နဲ့ ကိုယ်လာခဲ့မယ်နော်...ဟင်!...မဖြစ်ဘူးမလုပ်နဲ့Peony!!!..."

ALIEN LOVER[Complete]Onde histórias criam vida. Descubra agora