Part-5(sweet lip taste)

3.8K 414 2
                                    

(Unicode)

(Sweet lip taste)
ရှောင်းကျန့် Peonyနဲ့အတူကွန်ဒိုကထွက်လာတဲ့လမ်းတလျှောက်လုံးPeonyကတွေ့သမျှအရာတိုင်းကိုအထူးအဆန်းလိုလိုက်ကြည့်ရင်းသူ့ကိုလည်းတတွတ်တွတ်မေးနေသေး။

ကျန့်ကျန့်... အဲ့ဒါကဘာလဲ။ကျန့်ကျန့်...ဟိုဟာလေးကိုကြည့်။ကျန့်ကျန့်...။ကျန့်ကျန့် ကျန့်ကျန့်နဲ့သူ့ကိုတဖွဖွခေါ်နေတာမမောနိုင်မပမ်းနိုင်။သူကလည်းဂြိုလ်သားလေးမေးသမျှကိုစိတ်ရှည်လက်ရှည်ဖြေပေးရင်းတပြုံးပြုံးပင်။

ဘေးကလူတွေကတော့မသိရင်သူနဲ့Peonyကိုချစ်သူရည်းစားတွေလို့ထင်ကြမှာဧကန်။ဘာလို့ဆိုPeonyကလူများလာလေသူ့လက်ကိုတင်းတင်းစုပ်ကိုင်​လာလေသူကလည်းအဲ့အားကိုးတကြီးစုပ်ကိုင်လာတဲ့လက်လေးကိုဘာကိုမှဂရုမပြုနိုင်သလိုလွှတ်ပေးဖို့လည်းဆန္ဒမရှိ။

market လေးစီရောက်တော့အရင်ဆုံးPeonyတွက်ဖိနပ်ဝယ်ပေးဖို့ဖိနပ်အရောင်းဆိုင်လေးစီအရင်သွားဖြစ်ကြတယ်။ဖိနပ်စဥ်လေးကငွေလငါးရုပ်လေးနဲ့အပြာရောင်ရေလှိုင်းလေးတွေနဲ့အလှဆင်ထားတဲ့shoeဖိနပ်လေးတရံရွေးယူလိုက်ပြီးPeonyကိုထိုင်ခုံပုလေးမှာထိုင်စေကာဖိနပ်စီးပေးဖို့လုပ်တယ်။အရင်ဆုံးpeonyစီးလာတဲ့အိမ်စီးဖိနပ်လေးကိုချွတ်ပေးပြီးမှshoeဖိနပ်လေးလဲစီးပေးလိုက်တယ်။

"Peony...ဘယ်လိုနေလဲသက်သောင့်သက်သာရှိလား...သဘောကျရဲ့လား..."

"အင်း...ကျန့်ကျန့်...ဟီး..."

ရှောင်းကျန့် မေးတော့Peonyကသွားတန်းဖြူဖြူလေးတွေပေါ်လာတဲ့အထိဟီးခနဲရယ်ပြတယ်။ဒီဂြိုလ်သားလေးကလူသားသာမဟုတ်တာလိုချင်တာရဖို့တော့မျက်နှာချိုသွေးတတ်သား။

ရှောင်းကျန့်Peonyအိမ်စီးဖိနပ်လေးကိုပါဆယ်အိပ်နဲ့ထည့်ကာငွေရှင်းရန်ကောင်တာစီသွားတော့ငွေရှင်းကောင်တာကအရောင်းဝန်ထမ်းမလေးတွေကပြုံးစိပြုံးစိ။

"အကိုက...အကို့ချစ်သူကိုသိပ်ချစ်တာပဲနော်...ညီမတို့တောင်အားကျမိတယ်...ဟီး..."

"အဟင်း...ညီမတို့ပြောသလို အကို့ချစ်သူဖြစ်အောင်လုပ်လိုက်ရမလား..."

ALIEN LOVER[Complete]Donde viven las historias. Descúbrelo ahora