(Unicode)
(Peony)
ရှောင်းကျန့် ကောင်လေးစကားကြောင့်အံ့သြမှုနဲ့အတူလူကမျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပေမဲ့ကောင်လေးကတော့သူ့ကိုအပြုံးအရယ်မရှိတဲ့မျက်နှာနဲ့ကြောင်တောင်တောင်လေးကြည့်နေလေရဲ့။"မင်း...မင်း တကယ်ပြောနေတာလား ဂြိုလ်သားတွေကလူတွေလိုပဲစကားပြောတတ်တာလား..."
"ဟုတ်...ကျွန်တော်တို့ကလူသားတွေရဲ့ နှုတ်ခမ်းနဲ့ထိရင် အဲ့ဒီ့လူသားရဲ့ဘာသာစကားကိုပြောနိုင်ကြတယ်..."
"ဒါဆို...မင်းငါ့နှုတ်ခမ်းကိုနမ်းတာစကားပြောချင်လို့ပေါ့ဟုတ်လား..."
"ဟုတ်...လူသားတွေကအဲ့ဒါကိုနမ်းတာလို့သတ်မှတ်ကြတာလားဟင်..."
"အွန်း....ထားပါ ငါ့နာမည်ကရှောင်းကျန့်..."
" ရှောင်း....ကျန့်....."
ကောက်လေးကသူပြောတော့သူနာမည်ကိုသံယောင်လိုက်ကာလိုက်ပြောတယ်။
"ဒါနဲ့...မင်းမှာရောနာမည်ရှိလား...ရှိမယ်လို့လဲမထင်ပါဘူး မင်းတို့ဂြိုလ်သားတွေကနာမည်လည်းပေးတတ်ကြမှာမဟုတ်ဘူး...အဲ့တော့...မင်းကိုငါနာမည်ပေးမယ်...အင်း...ဘယ်လိုခေါ်ရင်ကောင်းမလဲ..."
ရှောင်းကျန့် နားထင်ကိုပွတ်ရင်းစဥ်းစားဟန်ပြုတော့ကောက်လေးကသူ့ကိုခေါင်းလေးစောင်းကာလိုက်ကြည့်တယ်။
"ဟုတ်ပြီ...မင်းကိုPeonyလို့ခေါ်မယ်...ဟုတ်တယ်Peonyမင်းနာမည်က...."
"P...e...o...n...y..."
ကောင်လေးကpeonyဆိုတာလေးကိုသံရှည်ဆွဲကာပြောတော့နှုတ်ခမ်းလေးကဆူဆူလေးထော်ထွက်လာကာရှောင်းကျန့်သတိလက်လွတ်ငေးကြည့်နေမိတယ်။ထိုအချိန်
Ring>>>📲
"Hello...ပါး ပြောကျွန်တော့်ကိုဘာတွေပြောဦးမလို့လဲ...""မင်းဘယ်တော့အိမ်ပြန်လာမှာလဲ..."
"ကျွန်တော်ဒီရက်ပိုင်း အိမ်ပြန်လာဖြစ်မှာမဟုတ်ဘူး..."
ရှောင်းကျန့် ဖုန်းပြောရင်းကောင်လေးကိုစောင်းငဲ့ကြည့်ကာပြန်ဖြေလိုက်တယ်။
"အော် ဒါနဲ့ ပါးရဲ့မိန်းမကြီးကို ကျွန်တော်အကောင်းအတိုင်းရှိနေသေးတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါဦး....ဒါပဲကျွန်တော်ဖုန်းချလိုက်ပြီ..."
![](https://img.wattpad.com/cover/247436722-288-k128010.jpg)
VOCÊ ESTÁ LENDO
ALIEN LOVER[Complete]
FanficZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]