(Unicode)
(Follow me)
ရှောင်းကျန့် သူ့ပေါင်ပေါ်ကနေPeonyကိုယ်လေးကိုစားပွဲပေါ်ပင့်တင်လိုက်တော့Peonyကခုမှအလန့်တကြားသူ့နာမည်ကိုမုန့်တွေဝါးနေရင်းပလုတ်ပလောင်းအသံလေးနဲ့တတယ်။"ဘာခုမှကျန့်ကျန့်လဲ...ကိုယ်ကကျားနော်ယုန်လေးမဟုတ်ဘူး...အရင်မစခင်ကိုယ့်အန္တရာယ်ကိုယ်မြင်သင့်တယ်..."
"ဟမ်...ကျန့်ကျန့် ကကျား..."
"အင်း...ကျားမှအသားသိပ်ကြိုက်တတ်တဲ့ကျား..."
Peonyကအခုထိသဘောမပေါက်သေးပုံမျက်လုံးလေးတွေတောင်ကြည့်မြောက်ကြည့်နဲ့နားမလည်သလိုစဥ်းစားဟန်ပြုပြီးမှတွေးတွေးစစနဲ့သူ့ကိုမေးခွန်းထုတ်တယ်။
"ကျားကဘယ်လိုမျိုးလဲဟင်ကျန့်ကျန့်..."
"အဟွန်း...ကျားဆိုတာ ဒီလိုဝေါင်း!!!ဆိုပြီးသားကောင်ကိုခုန်အုပ်တတ်တဲ့အကောင်ကြီး..."
"အ...အဟိ...ကျန့်ကျန့် ယားတယ်...ခစ်..."
ရှောင်းကျန့် Peonyအမေးကိုထိုင်နေရာမှထကာPeonyလည်တိုင်မှာမျက်နှာအပ်လို့ဝေါင်းလို့ဆိုကာတိုးဝှေ့ပြတော့Peonyကကလေးပေါက်စလေးလိုတခစ်ခစ်နဲ့။ရှောင်းကျန့်မျက်နှာကိုPeonyလည်တိုင်ကမခွာသေးဘဲPeonyလက်နှစ်ဖက်ကိုယူကာသူ့လည်တိုင်မှာရစ်သိုင်းစေလိုက်တယ်။
လက်တစ်ဖက်ကPeonyခါးကိုဖက်ကာနောက်တစ်ဖက်နဲ့Peonyခေါင်းကိုထိန်းကိုင်လိုက်ပြီးစားပွဲမျက်နှာပြင်နဲ့Peonyကျောပြင်တသားတည်းဖြစ်သွားတဲ့အထိဖြည်းဖြည်းချင်းလှဲချလိုက်တယ်။ရှောင်းကျန့်Peonyလည်တိုင်ကျော့ကျော့ကိုနမ်းရှိုက်နေရာကနေတစ်ချက်စုပ်နမ်းလိုက်တော့Peonyကိုယ်လေးကတွန့်ခနဲ။
"ကျန့်ကျန့်... အာ့...အဲ့ အဲ့ဒါကထူးဆန်းတယ်...ကျွန်တော်မနေတတ်ဘူး..."
ရှောင်းကျန့် Peonyစကားကြောင့်တစ်ချက်ပြုံးလိုက်မိကာလည်တိုင်ကအနမ်းဆက်ကိုPeonyနှုတ်ခမ်းထက်ကူးပြောင်းလိုက်တယ်။ရှောင်းကျန့်Peonyနှုတ်ခမ်းတခုလုံးကိုငုံထွေးကာနှုတ်ခမ်းလွှာလေးတွေကိုအပေါ်တလှည့်အောက်တလှည့်ညင်ညင်သာသာလေးစုပ်နမ်းသည့်တိုင်Peonyကဘာတုံ့ပြန်မှုမှမရှိဘဲငြိမ်ငြိမ်လေးခံယူနေတာကြောင့်ရှောင်းကျန့်အနမ်းတွေခတ္တရပ်တန့်ကာPeonyကိုအုပ်မိုးကြည့်ရင်း
ESTÁS LEYENDO
ALIEN LOVER[Complete]
FanficZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]