Part-6(Notic Sign)

3.6K 373 6
                                    

(Unicode)

(Notice Sign)
ရှောင်းကျန့် ဟောက်ရွှမ်းပြန်သွားတော့Peonyကိုဧည့်ခန်းထဲခဏထားရစ်ခဲ့ကာဝယ်လာတဲ့အထုပ်တွေဆွဲပြီးမီးဖိုဆောင်ထဲဝင်သွားလိုက်တယ်။ရေခဲသတ္တာထဲသစ်သီးတွေနွားနို့ပုလင်းတွေနေရာချနေရင်းPeonyရဲ့ကျွန်တော်ကကျန့်ကျန့်ရဲ့Peonyဆိုတဲ့အသံလေးပြန်ကြားယောင်မိတော့နှုတ်ခမ်းကအလိုလိုပြုံးမိရက်သား။

Peonyကဘာမှနားမလည်ပေမဲ့သူ့မှာတော့အဲ့စကားလေးတစ်ခွန်းနဲ့တင်ရင်ထဲမှာကြည်နူးရိပ်လေးဖြတ်ပြေးသွားကာသူ့ဘက်ကPeonyကိုပုံချစ်ဖို့လုံလောက်ခဲ့ပြီ။ခုကစပြီးသူ့ဘဝထဲမှာPeonyပါရှိနေပြီမို့ဒီထက်မကအလုပ်တွေကြိုးစားလုပ်ရမယ်လို့တွေးမိလိုက်တယ်။

ရှောင်းကျန့် ကစီးပွားရေးနဲ့အဓိကဘွဲ့ရထားပေမဲ့ပါးရဲ့အလုပ်တွေကမသန့်ရှင်းတဲ့ငွေကြေးတွေကိုမသတီတာမို့ပါးကုမ္ပဏီမှာလဲအလုပ်မဝင်သလိုစီးပွားရေးလုပ်ငန်းကိုလည်းသူစိတ်မဝင်စား။စီးပွားရေးကျောင်းတက်ခဲ့တယ်ဆိုတာကလည်းသူ့ဆန္ဒမပါပဲပါးရဲ့သဘောသက်သက်သာ။

စီးပွားရေး ကိုစိတ်မဝင်စားပဲစီးပွားရေးဘွဲ့ရတယ်ဆိုတာကတော့ IQ 160 ရှိတဲ့ရှောင်းကျန့်အတွက်ကမသိချင်တာတောင်မှတ်မိနေတာမို့စီးပွားရေးဘွဲ့ရအောင်ယူနိုင်ခဲ့တာအထူးအဆန်းတော့မဟုတ်ပေ။

ပါးရဲ့အထောက်အပံ့မပါဘဲရှောင်းကျန့်ရပ်တည်နေနိုင်တာကမားချန်ထားပေးခဲ့တဲ့ပန်းချီပြခန်းလေးကြောင့်ပင်။ထိုပြခန်းလေးကရတဲ့ဝင်ငွေကသုံးမကုန်အောင်များပြားတာမဟုတ်ပေမဲ့ရှောင်းကျန့်လိုတကိုယ်ရည်သမားအတွက်တော့ဖူလုံတာထက်ပိုသည်လေ။

ရှောင်းကျန့် ကအဲ့ဒါထက်သူဠေးသားဆိုပြီးဘော်ကျော့မနေတတ်သလိုကြုံရင်ကြုံသလိုအချိန်ပိုင်းအလုပ်တွေလည်းဝင်လုပ်တတ်တယ်။ခုလောလောဆယ်တော့အနုပညာကျောင်းမှာပန်းချီပညာကိုဆက်လေ့လာဖို့စိတ်ကူးထားတယ်။ပါးခွင့်မပြုရင်တောင်မှပေါ့။

"အဟိ...ခစ်...ခစ်..."

ရှောင်းကျန့် ဧည့်ခန်းထဲကPeonyရယ်သံကြားမှအတွေးစပြတ်သွားကာလှမ်းကြည့်မိတော့Peonyကသူဖွင့်ထားပေးခဲ့တဲ့ကြောင်နဲ့ကြွက်cartoonကြည့်ကာsofaပေါ်ထိုင်ရင်းခွက်ထိုးခွက်လန်ရယ်နေလေရဲ့။ရှောင်းကျန့်လုပ်လက်စအလုပ်တွေကိုလက်စသတ်ကာဧည့်ခန်းစီပြန်လျှောက်သွားလိုက်တယ်။

ALIEN LOVER[Complete]Tempat cerita menjadi hidup. Temukan sekarang