Part-21(Sweet Days)

2.5K 223 2
                                    

(Unicode)

(Sweet Days)
လာဗင်ဒါပန်းခင်းကြီးဘေးကဆောက်လက်စတိုက်ပုလေးမှာကိုယ်စီမအားမလပ်နိုင်ဖြစ်နေကြတဲ့လူတစ်စု။တိုက်နံရံမှာလှေကားလေးထောင်ပြီးဆေးပုံးလေးကိုင်ကာတက်သွားတဲ့ကောင်လေးကတိုက်အိမ်လေးကိုဆေးခြယ်ဖို့မစောင့်နိုင်တော့သယောင်စိတ်အားထက်သန်လို့။

"ဟာPeony...အဲ့အပေါ်မတက်ပါနဲ့ဆို...ဆင်းနော် Peonyကလိမ္မာပါတယ်...ရှောင်းကျန့် ပြန်လာရင်ကျဲတို့ကို Peonyကိုအလုပ်တွေခိုင်းနေပါတယ်ဆိုပြီးဆူခံထိနေဦးမယ်...ကျဲတို့ကိုသနားပါနော်Peony..."

"ကျဲဝမ်ချင်ကလည်း ကျွန်တော်ဆေးခြယ်ချင်လို့ပါဆိုနေ...ကျန့်ကျန့် ပြန်လာရင်ကျွန်တော့်ဘာသာလုပ်တာလို့ပြောလိုက်မယ်လေ နော် နော်..."

"ခက်တော့တာပဲPeonyရယ်...ဒီကောင်လေးနဲ့တော့ ဟင်း..."

ဝမ်ချင်မှာတစွတ်ထိုးအိမ်သုတ်ဆေးတံကြီးကိုင်ကာသူ့ကိုတနော်နော်နဲ့ခွင့်တောင်းရင်းတိုက်နံရံကိုပယ်ပယ်နယ်နယ်ဆေးတွေခြယ်နေတဲ့Peonyကိုမော့ကြည့်ကာခေါင်းကိုတဖျင်ဖျင်ကုတ်မိတော့သည်။

ဟိုရှောင်းကျန့်ဆိုတဲ့အကဲပိုကလည်းအမွှေးအမျှင်မရှိတဲ့သူ့ချစ်သူလေးPeonyကိုမှခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်သဲသဲလှုပ်ချစ်တာနဲ့တော့ဒီလိုအမြင့်တွေလျှောက်တက်နေသာမြင်ရင်သူတို့ကိုမတားရကောင်းလားဆိုပြီးဆူလိုက်မဲ့ဖြစ်ခြင်း။

"Peonyရေ...Peony..."

ဟော့ ပြောရင်းဆိုရင်းအမောင်ရှောင်းကျန့်ပြန်လာပါပြီ။ဝမ်ချင်မှာတံခါးဝကိုကြည့်လိုက်Peonyကိုမော့ကြည့်လိုက်နဲ့ခြေမကိုင်မိလက်မကိုင်မိ။

"ဗျာ...ကျန့်ကျန့် ကျွန်တော်ဒီမှာ..."

ရှောင်းကျန့် ကျန်းချန် နဲ့အတူအိမ်တွက်လိုအပ်တဲ့ပြင်ဆင်စရာတွေမြို့ထဲထွက်ဝယ်ပြီးပြန်လာတော့ခြံထဲမှာဟောက်ရွှမ်းနဲ့ကျိရန်သာရှိနေကြပြီးPeonyကိုမတွေ့တာ​ကြောင့်အိမ်ထဲဝင်သွားလိုက်တော့သူ့ကိုပြန်ထူးတဲ့Peonyအသံလာရာကြည့်မိတော့ ရှောင်းကျန့် တို့သွေးတက်ပြီလေ။

"ဟာPeony...အဲ့အပေါ်ဘာတက်လုပ်နေတာလဲ... ခုချက်ချင်းဆင်းခဲ့...ဟာPeony သတိထား..."

ALIEN LOVER[Complete]Место, где живут истории. Откройте их для себя