Part-19(Don't away)

2.3K 225 3
                                    

(Unicode)

(Don't away)
"Peony...ကျန်းချန်ကောနဲ့ခဏနေခဲ့နော် ကိုယ်ခဏနေပြန်လာခဲ့မယ် ကားထဲကမထွက်နဲ့နော်...ကိုယ်ပြောတာနားလည်တယ်မလား..."

" ရှောင်းကျန့် မင်းသွားစရာရှိတာသွားစမ်းပါ...ဒီမှာငါတစ်ယောက်လုံးရှိနေတာပဲကို Peonyကိုဘယ်သူမှအန္တရာယ်မပြုနိုင်ပါဘူး...စိတ်ချလက်ချသွားဟုတ်ပြီလား..."

"အင်း...ဒါဆိုငါသွားမယ်နော်ကျန်းချန် Peonyကိုသေချာစောင့်ရှောက်ထားပေးပါကွာ... Peonyကိုယ်သွားမယ်နော် ချစ်တယ်..."

ရှောင်းကျန့် ပြောပြီးကားထဲကထွက်မယ်လုပ်တော့Peonyကသူ့အက်ျီစကိုဆွဲကာမျက်နှာငယ်လေးနဲ့​ကြည့်နေပြန်တော့ရှောင်းကျန့်မှာခြေလှမ်းတို့တုံ့နှေးရပြန်ပြီ။ရှောင်းကျန့်Peonyကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ပြီးနှဖူးပြင်လေးကိုတချက်ဖိနမ်းကာရှောင်းအိမ်တော်ကြီးစီဦးတည်လိုက်တယ်။

ပါးသူ့ကိုလှမ်းခေါ်တာအရင်အခေါက်တွေနဲ့မတူအန္တရာယ်အငွေ့သက်တွေရနေသလိုပဲ။ရှောင်းကျန့်စိတ်ထင်လို့ပဲလားဆိုပြီးနောက်ဆံတင်းစွာခြံပြင်မှာရပ်ထားတဲ့ကျန်းချန်ကားစီပြန်လှည့်ကြည့်မိတော့ကျန်းချန်ကကားကိုကျောမှီရပ်နေရင်းသူ့ကိုစိတ်ချဖို့လက်ကာပြတယ်။ရှောင်းကျန့်ကျန်းချန်ကိုခေါင်းအသာငြိမ့်ပြ လိုက်ပြီးဂုဏ်အရှိန်ဝါပကာသနတွေပြည့်နှက်နေတဲ့ရှောင်းအိမ်တော်ကြီးအတွင်းခြေချမိတယ်။

"အကိုလေး ရောက်လာပါပြီလား...ကျွန်တော်တို့နောက်လိုက်ခဲ့ပါ..."

"ဘာကိစ္စငါကမင်းတို့နောက်လိုက်ရမှာလဲ... ပါးကိုတွေ့ဖို့ငါလာခဲ့တာ..."

"ဟုတ်ပါတယ်...သခင်ကြီးကအကိုလေးရောက်လာရင် သူ့စီခေါ်လာပေးဖို့ အမိန့်ရှိလို့ပါ..."

"ကောင်းပြီလေ...ဒါဆိုလည်းမင်းတို့ရှေ့ကသွား..."

ရှောင်းကျန့် ပါးရဲ့လူယုံဝတ်ရုံနက်နဲ့လူနှစ်ယောက်နောက်ကနေလိုက်သွားလိုက်တယ်။တခုခုတော့မူမမှန်တော့တာသေချာတယ်။ပါးကဘာကြောင့်စံအိမ်တော်ရဲ့လုံခြုံရေးကိုဒီလောက်ထိတင်းကြပ်ထားရတာလဲ။ရှောင်းကျန့်ရောက်လာတာကအပေါ်ထပ်ကဧည့်ခန်းကျယ်ကြီးစီကို

ALIEN LOVER[Complete]Tempat cerita menjadi hidup. Temukan sekarang