(Unicode)
(Belief of Bff)
ရှောင်းကျန့် Peonyနဲ့အတူပန်းချီပြခန်းမှာရောက်နေခြင်း။အပြင်မှာဆိုPeonyတွက်မလုံခြုံနိုင်တာမို့ရှောင်းကျန့်ပန်းချီဆွဲတဲ့သီးသန့်ခန်းမှာPeonyကိုခေါ်ထားလိုက်တယ်။ဂြိုလ်သားပေါက်ကသူပန်းချီဆွဲတာကိုဘေးကထိုင်ကြည့်ရင်းစုပ်တံတစ်ချောင်းကိုင်ကာရေဆေးတွေကိုစုပ်တံနဲ့ယူပြီးသူ့မျက်နှာကိုစိတ်ကြိုက်ဟိုခြစ်ဒီခြစ်လုပ်ကာတခစ်ခစ်နဲ့ရယ်နေလေရဲ့။"အဟိ...ကျန့်ကျန့်...အယ် လှသွားပြီ...ခစ်...အာ ဒီနားလေးကျန်သေးတယ်...အမ် အစိမ်းရောင်လေးခြယ်ရမယ်..."
ရှောင်းကျန့် ဆွဲလက်စပန်းချီကားကိုလက်စသတ်ရင်းPeonyလုပ်သမျှကိုငြိမ်ငြိမ်လေးခံယူနေလိုက်တယ်။ပန်းချီကားကိုအဆုံးသတ်လို့ပြီးတော့ရှောင်းကျန့်သူ့မျက်နှာပေါ်ဆေးရောင်စုံတွေနဲ့ခြယ်သဖွင့်ပြင်နေတဲ့Peonyလက်နှစ်ဖက်ကိုဖမ်းကိုင်လိုက်တော့အကောင်ပေါက်ကနှုတ်ခမ်းထော်ကာထော်ကာနဲ့သူ့ကိုတောင်အပြစ်တင်လိုက်သေး။
"ဟာ...ကျန့်ကျန့်...ဒီမှာ အစိမ်းရောင်လိုနေသေးတယ်လေ...ကျွန်တော့်လက်ကိုဘာလို့လာကိုင်ထားတာလဲ..."
"အဟွန်း...ပြီးတော့မှထပ်ခြယ်တော့...လာ ကိုယ့်ပေါင်ပေါ်လာထိုင် ဒီပန်းချီကားထဲကဘယ်သူတွေလည်းကြည့်ပါဦး..."
ရှောင်းကျန့် ပြောရင်းPeonyကိုသူ့ပေါင်ပေါ်ထိုင်စေကာခါးသိမ်သိမ်လေးကိုလက်နှစ်ဖက်နဲ့ဖက်ထားလိုက်တယ်။
"အယ်...ဒါကျန့်ကျန့်မှတ်လား နှုတ်ခမ်းအောက်မှာမဲမဲအစက်လေးတောင်ပါသေးတယ်... ဒါနဲ့ကျန့်ကျန့်ပေါ်မှာအိပ်နေတာဘယ်သူလဲဟင်..."
Peonyကပန်းချီကားပေါ်ကမြစ်ကမ်းနဘေးမှာအိပ်ပျော်နေတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ကာရှောင်းကျန့်ကိုကျမှတ်မိပြီးခါးမှာဖြူလွှလွှအဝတ်စလေးသာအုပ်ထားပြီးသူ့ရင်ဘက်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးကိုသူ့ကိုယ်သူမှန်းမသိရှာပေ။
"အဟက်...Peonyသေချာကြည့်ပါဦး ဒီနားရွက်ရှည်ရှည်လေးတွေကဘယ်သူ့မှာပဲရှိတာလဲဆိုတာ... သိပြီလားဒီဖြူလုံးလုံးအကောင်လေးကဘယ်သူတုန်း..."
ŞİMDİ OKUDUĞUN
ALIEN LOVER[Complete]
Hayran KurguZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]