(Unicode)
(I need only Peony)
"ဟာ...ရှောင်းကျန့် မင်းတကယ်ကြီး Peonyကိုရသွားတာလား...""အဟွန်း...ဒါပေါ့ ဘယ်သူမို့လို့လဲ ရှောင်းရှောင်းကျန့်ပဲလေ... ဟင်း...ဟင်း..."
ရှောင်းကျန့် သူ့အပြောကိုမယုံနိုင်သလို မျက်လုံးပြူးမျက်ဆံပြူးနဲ့ ပြန်မေးနေတဲ့သူငယ်ချင်းတစုကို ဂုဏ်ဆာတဲ့လေသံနဲ့ ရှပ်အက်ျီကော်လံကိုသပ်ရင်းပြန်ဖြေလိုက်တယ်။
"မင်း...မင်းဟာ ဟုတ်ရော ဟုတ်ရဲ့လားကွာ ငါတို့ကမင်းကိုပန်းသေနေတယ်အောင့်မှတ်တာ..."
"ဟေ့ရောင်...ဟောက်ရွှမ်း မင်းပဲပန်းသေ ငါအစကPeonyကိုမြတ်နိုးလွန်းလို့သာ..."
"ဟား...ဟား...ငါပန်းသေလားမသေလား ကျိရန်ကိုသာကြည့်တော့...အ..."
"ဟာ...ကို ဘာတွေပြောနေတာလဲ သူငယ်ချင်းတွေရှေ့မှာအရှက်ကိုမရှိဘူး..."
ကျိရန်ကဟောက်ရွှမ်းအပြောကြောင့် ဟောက်ရွှမ်း ဗိုက်ခေါက်ဆွဲကိုဆွဲလိမ်ရင်း မျက်စောင်းဗုန်းကျဲတော့သည်။
"ဟုတ်သားပဲ... ရှောင်းကျန့်ရာ မင်းကငါတို့ဖန်တီးပေးတုန်းကတော့ မခုတ်တတ်တဲ့ကြောင်လို... ခါကျမှဗြုန်းစားကြီးဆိုတော့ ငါတို့မှာယုံကခက်ခက်နဲ့...ဒါနဲ့လေ Peonyကဘယ်လိုမျိုးလေးလဲဟင်... ရှောင်း..."
"မင်းအမေကြီးတော်မို့ ဘယ်လိုမျိုးလေးလဲလာမေးနေတာလဲ...အဲ့ကိစ္စမင်းတို့ကိုစီကာပတ်ကုန်း အစီရင်ခံနေရမှာလား..."
"ဟဲ...ဟဲ...မဟုတ်ဘူးလေသူငယ်ချင်းကလည်း Peonyကဂြိုလ်သားလေးဆိုတော့ လူတွေနဲ့ ဟို ဘယ်နေရာများမတူဘူးလဲလို့ သိချင်ရုန်လေးပါ...မင်းကလည်းစိတ်ကြီးပဲ..."
ကျန်းချန် ကရှောင်းကျန့်ရဲ့ဘုနဲ့ဘောက်အဖြေကြောင့်ဂုတ်ကိုပွတ်သပ်ရင်းတဟဲဟဲနဲ့ပြန်ချေပလေရဲ့။ဒီကောင်တွေကိုစကားစလိုက်မိတာကိုကသူ့အမှား။သူမစခင်ကတည်းကအတွေးတွေကမှောင်မိုက်နေတဲ့ကောင်တွေ။
"ကျန့်ကျန့်... "
"အယ်..." "ဟမ်...."
ရှောင်းကျန့် နောက်ဘက်က ကျန့်ကျန့် ဆိုတဲ့ခေါ်သံလေးကြောင့်ရှေ့ကသကောက်သားတွေက သူ့အနောက်ကိုမျက်တောင်မခတ်တမ်းကြည့်ရင်း အာမေဋိတ်သံကိုယ်စီနဲ့မလှုပ်မလျှက်။ဘာလို့ပါလိမ့်ဆိုပြီးသိချင်စိတ်ကြောင့်လှည့်ကြည့်မိတော့ရှောင်းကျန့်တစ်ယောက်ဂျယ်လီအတုံးလိုက်အတစ်လိုက်နင်ပြီလေ။
ESTÁS LEYENDO
ALIEN LOVER[Complete]
FanficZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]