Extra(1)

3K 251 36
                                    

(Unicode)

🦋Alien Lover🦋
••••••••••••••••••••••

"ကျန့်ကျန့်ရေ...ကျန့်ကျန့် မပြီးသေးဘူးလားဗျာကျွန်တော်စောင့်နေတာကြာကြီးရှိနေပြီကို..."

"လာပါပြီကိုယ်တော်လေးရယ်...ရော့Peonyလုပ်ခိုင်းတဲ့သရက်သီးနဲ့အချဥ်ရပြီမလား ကိုယ်မီးဖိုထဲမှာဟင်းအိုးတန်းလန်းကြီးနဲ့မို့..."

"အွန်း...ရပြီ ရပြီ အဟိကျွန်တော်ယောက်ျားကအတော်ဆုံးပဲ ရွှတ်!..."

လိုချင်တာရရင်လက်မလေးထောင်ကာသူ့ပါးကိုရွှတ်ခနဲမြည်အောင်နမ်းတတ်တဲ့Peonyကြောင့်ရှောင်းကျန့်မောဟိုက်နေသည့်ကြာကပင်ပြုံးလိုက်မိတယ်။ခုဆိုPeonyကပိစိလေးကိုယ်ဝန်နဲ့မို့အရင်ကခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားရာကနေခုတော့ဆံပင်မွှေးလေးပင်လေမဟတ်လိုတော့လောက်အောင်ရှောင်းကျန့်တို့ကသဲသဲလှုပ်လေပြီ။အကျိုးဆက်အနေနဲ့အိမ်အလုပ်အားလုံးရှောင်းကျန့်ခေါင်းပေါ်ကျရောက်လာခြင်းပင်။ရှောင်းကျန့်sofaပေါ်ထိုင်ရင်းtvကြည့်နေတဲ့Peonyပါးဖောင်းလေးတစ်ဖက်ကိုဖိနမ်းကာမီးဖိုဆောင်ထဲအပြေးတပိုင်းနဲ့ဝင်သွားလိုက်တယ်။ရှောင်းကျန့်ပုံကအေပရွန်ကြီးနဲ့စုပ်တံကိုင်သည့်လက်ကယောင်မကြီးကိုဂုဏ်ယူဝင့်ကြွားစွာကိုင်ရင်းတကယ့်အိမ်ရှင်ထီးကြီးအတိုင်းပင်။

တင်းတောင်! တင်းတောင်!(ဘဲလ်တီးသံ)

"ကျန့်ကျန့်...အိမ်ရှေ့မှာဘယ်သူလာတာလဲမသိဘူး...ကျွန်တော်သွားဖွင့်ပေးလိုက်ရမလား..."

"နေ နေ Peony...ကိုယ့်ဘာသာသွားဖွင့်ပေးလိုက်မယ်..."

ရှောင်းကျန့်Peonyရဲ့အသံတစာစာနဲ့အကြောင်းကြားချက်ကြောင့်မီးဖိုခလုတ်ပိတ်ကာအိမ်ရှေ့ပြေးထွက်သွားလိုက်တယ်။

ဂျလောက်!(တံခါးဖွင့်သံ)

" ရှောင်းကျန့်...မင်း...ဝါး...ဟား...ဟား....ဟား...."

တံခါးဖွင့်ပေးလိုက်ရုန်ရှိသေးကျန်းချန် ယွီပင်း ဟောက်ရွှမ်းနဲ့ဝမ်ချင်တို့အုပ်စုကရှောင်းကျန့်ကိုကြည့်ကာဝါးလုံးကွဲထရယ်ပါလေရော။

" ဟေ့ရောင်တွေသူများအိမ်လာပြီးတော့သေမလိုထရယ်တာလား..."

"မင်း...မင်းပုံစံကတကယ့်အိမ်ရှင်အဒေါ်ကြီးအတိုင်းပဲ ဟား...ဟား..."

ALIEN LOVER[Complete]Where stories live. Discover now