Part-10(Bad Dream)

3.2K 328 21
                                    

(Unicode)

(Bad Dream)
"ကျန့်ကျန့်...ကျွန်တော့်ကိုရေချိုးပေးလေ ဘာလုပ်...ဟင် သွေးတွေ...ကျန့်ကျန့်နှခေါင်းမှာသွေးတွေ..."

"ဟမ်...အမ် ဟုတ်လား... ဘယ်ကသွေး..."

ရှောင်းကျန့် Peonyတကိုယ်လုံးကိုသတိလက်လွတ်ငေးကြည့်နေရာမှPeonyကသူ့ကိုလှည့်ကြည့်ကာအလန့်တကြားသတိပေးသံကြောင့်ယောင်ယမ်းပြီးနှခေါင်းကိုပွတ်သုတ်လိုက်တော့တကယ်ပဲသွေးတွေ။

"အီး..ဟီး..ဟီး...ကျန့်ကျန့် သွေးတွေထွက်နေတယ်...အီး...ဟီး...ဟီး..."

Peonyကသွေးတွေပေနေတဲ့သူ့လက်ကိုလက်နှစ်ဖက်နဲ့ကိုင်ကာတအီအီထငိုတော့သည်။

"ဟာ...Peonyကိုယ်ဘာမှမဖြစ်ပါဘူး...တိတ်နော် ရေချိုးရအောင်..."

"ချိုးဘူး ချိုးဘူး... ဟင့်...ကျန့်ကျန့် နာနေလားဟင်..."

ရှောင်းကျန့် ကိုယ့်အန္တရာယ်ကိုယ်မမြင်ဘဲသူ့ကိုစိုးရိမ်တကြီးကြည့်ကာမေးနေတဲ့Peonyမျက်နှာလေးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ကာ

"Peony...အဲ့ဒါနှခေါင်းသွေးလျှံတာလို့ခေါ်တယ်...ကိုယ်ထိခိုက်မိလို့မဟုတ်ဘူး...ကိုယ်ဒီတိုင်းPeonyကိုလိုချင်လို့...Peonyကိုယ့်ကိုပေးနိုင်မလား..."

ရှောင်းကျန့် မထိန်းချုပ်နိုင်တဲ့နောက်ဆုံးPeonyကိုထုတ်မေးလိုက်မိတယ်။

"အွန်း...အွန်း...ပေးမှာ ကျွန်တော့်ကိုယူရင် ကျန့်ကျန့် နေပြန်ကောင်းလာမှာလားဟင်..."

Peonyကတော့သူ့စကားကိုဘယ်လိုနားလည်သလဲမသိတအွန်းအွန်းနဲ့ခေါင်းတဆတ်ဆတ်ငြိမ့်ကာဖြေတယ်။

"ဒါပေါ့...Peonyကိုသာရရင်ကိုယ်နေပြန်ကောင်းရုန်တင်မကဘူး...အားတွေပါပြည့်သွားမှာ Peonyသေချာလားကိုယ့်ကိုပေးချင်တာ..."(အားတွေပါပြည့်သွားမှာ🙄)

"ဟင့်...အင်း...သေချာတယ်...အင့်...ကျွန်တော့်ကိုယူတော့..."

Peonyကသူ့အမေးကိုပါးပြင်ကမျက်ရည်တွေပွတ်သုတ်လိုက်ရင်းလက်ကလေးနှစ်ဖက်သူ့စီဆန့်တန်းကာပြောတယ်။အား ငါမရတော့ဘူးဘယ်လိုတောင်ချစ်ဖို့ကောင်းနေတာ။

"အဟင်း...ဒါဆိုကိုယ်Peonyကိုအပိုင်သိမ်းတော့မယ်နော်...ပြီးမှနောင်တမရနဲ့...ကိုယ်ရပ်တန့်ပစ်မှာမဟုတ်ဘူး..."(😬)

ALIEN LOVER[Complete]Onde histórias criam vida. Descubra agora