part - 3

3K 210 2
                                    

မဟူရာ

( အပိုင်း - ၃ )

"ဘာပြောတယ် မဟူရာ "

ဒေါ်သဇင်က မျက်မှောင်ကြုတ်၍ လေသံမာမာနှင့် မေးသည် ။

"ဟို သူ့အမေနဲ့ ခွဲရမှာမို့ ရာရာလေးက စိတ်မကောင်းဖြစ်နေတာပါ ။ ကျွန်မ သူနဲ့ အပြင်မှာ ခဏလောက် စကားသွားပြောပါရစေနော် "

ဒေါ်ခင်အေးက ကြားထဲက ဝင်၍ ဖြေရှင်းချက်ထုတ်ကာ မဟူရာ့လက်ကို ဆွဲ၍ ခြံထဲသို့ ခေါ်သွားသည် ။ ခြံထောင့်က ခရေပင်ကြီးအရှေ့ရောက်မှ လက်ကို  လွှတ်လိုက်သည် ။

"ဘယ်လိုလုပ်လိုက်တာလဲ ရာရာ ။ ငါတို့ကို လူရှေ့ရောက်မှ အရှက်ခွဲတာလား "

"မဟုတ်ပါဘူး အန်တီခင် ။ ဒီလက်ထပ်ပွဲကို ရာရာ ကြိုလဲ မသိခဲ့ဘူး ။ လက်ခံဖို့ဆိုတာလဲ လုံးဝမဖြစ်နိုင်ဘူး "

"နင် ရူးနေလား ရာရာ ။ ငါတို့ နင့်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်တည်းက ကြိုပြောခဲ့ပြီးသား ။ နင်ကိုယ်တိုင် သဘောတူကြည်ဖြူပါတယ်ဆိုပြီး ခေါင်းညိတ်ခဲ့လို့ ဒီနေရာထိ ရောက်လာခဲ့ရတာ ။ ခုမှ လက်မခံနိုင်ဘူး ဆိုပြီး ဘာအရူးထရတာလဲ "

အန်တီခင့် မျက်နှာက ဒေါသဖြင့် နီမြန်းနေပြီး ရာရာ့ကို ရန်သူတစ်ယောက်လို  အော်ဟစ်ပြောဆို၏  ။

"ရာရာ မမှတ်မိဘူး "

ရာရာ တကယ်ကို စိတ်ရှုပ်လာရသည် ။ အန်တီခင် ပြောခဲ့တာတွေက အမှန်တကယ်ဆိုလျှင် ရာရာက ဘာလို့ မသိရတာလဲ ။ နည်းနည်းမျှကို မမှတ်မိရတာလဲ ။ ဘာတွေ မှားနေခဲ့တာလဲ ။ တွေးရင်းနှင့် ခေါင်းနောက်လာရသည် ။

"ဘာကို မမှတ်မိပါဘူးလဲ "

"ရာရာ မှတ်မိတာက လက်ထပ်မယ်လို့ ပြောခဲ့တာက ဖြူ ။ ရာရာ မဟုတ်ဘူး "

"နင် အပိုတွေ ပြောမနေနဲ့တော့ ရာရာ ။ ဘာလဲ ညည်း လက်ထပ်မဲ့သူက မြို့ကြီးပြကြီးက မဟုတ်ဘဲ တောကြိုတောင်ကြားကမို့လို့ ဒီလိုတွေ ဖြစ်ပျက်နေရတာလား "

ဒေါ်ခင်အေးက မထိမထိ မျက်နှာထားနှင့် ခနဲ့သလို ရွဲ့သလို ဆိုသည် ။

"မဟုတ်ပါဘူး ။ ရာရာ လက်ထပ်ဖို့ကို တကယ်ကို မတွေးထားခဲ့လို့ပါ "

မဟူရာ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ