part - 19

2.5K 160 4
                                    

မဟူရာ

( အပိုင်း - ၁၉ )

မဟူရာက လွဲလျှင် အားလုံး၏ မျက်နှာပျက်ယွင်းသွားကြသည် ။

ဒေါ်သဇင်က မျက်မှောင်ကြုတ်ကာ ဒီပါ့ကို စေ့စေ့ကြည့်၍ မေးသည် ။

"မင်း အိပ်ပျော်နေတာ မဟုတ်လား "

"ဟင့်အင်း ၊ မဟူရာ ထွက်သွားပြီးတည်းက ကျွန်တော် နောက်က လိုက်လာခဲ့တာ "

ဒေါ်သဇင်က အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ဦးမင်းညိုကို မကျေမနပ်ကြည့်သည် ။ ထိုအခါ ဦးမင်းညိုက ထိတ်ထိတ်ပျာပျာနှင့် ။

"ခုန ကျွန်တော် တံခါးဖွင့်ကြည့်တော့ ဘယ်သူမှ မတွေ့ခဲ့ပါဘူး "

ဦးမင်းညိုက ဆင်ခြေပေးသော် ဒီပါ နှုတ်ခမ်းတွန့်ရုံ ပြုံးမိသည် ။ တကယ်တော့ မဟူရာ့ အကြံအစည်ကြောင့် သူ အနောက်မှ တိတ်တဆိတ်  လိုက်လာခဲ့ခြင်းဖြစ်၏ ။ မဟူရာက တံခါးကို အနည်းငယ် ဟ,ထားခဲ့သည် ။ သူ တံခါးအဝမှာ ရပ်ရင်း မဟူရာသက်သေပြမည်ကို ယုံတစ်ဝက် ၊ မယုံတစ်ဝက်ဖြင့် စောင့်နေခဲ့သည် ။ ထို့​ကြောင့် ဒေါ်သဇင်၏ သံသယ စကားကြားတည်းက သူ အလျင်အမြန် ပုန်းလိုက်တာ ဖြစ်၏ ။ ထို့​ကြောင့်ပဲ ကြောက်စရာကောင်းသည့် လိမ်ညာမှုကြီးကို ကြားသိလိုက်ရပြီ ။

"ကျွန်တော် ကိုယ်တိုင်ကြားရတာ မဟုတ်ရင် ယုံမှာ မဟုတ်ဘူး ။ ဒေါ်လေးက ကျွန်တော်တို့ မိသားစုရဲ့ ကျေးဇူးရှင်ဆိုပြီး ရိုသေလေးစားခဲ့မိတာ နောင်တသိပ်ရတယ် ။ ဒေါ်လေးရဲ့ လောဘကြောင့် လူတွေ အများကြီး သေဆုံးခဲ့ရတယ် ။ အဲ့ဒီထဲမှာ ကျွန်တော့် မိသားစုဝင်တွေက ထိပ်ဆုံးက ။ ဒေါ်လေး ဘာကြောင့် ဒီလိုလုပ်ခဲ့ရတာလဲ  "

ဒီပါက ပြောရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည် ။ ရင်ထဲမှာ တစ်စို့နေသလို ခံစားချက်ကြီးက ခံရခက်လှသည်  ။ သူ တစ်လျှောက်လုံး အလိမ်အညာခံနေခဲ့ရသည်ပဲ ။ မဟူရာက ပြောပြခဲ့တာတောင် သူ့မှာ ဒေါ်သဇင့်ကို ယုံကြည်နေဆဲ ။ ထို့ကြောင့် ဒေါ်သဇင့် နှုတ်ဖျားမှ အမှန်တရားကို ကြားသိရချိန် သွေးပျက်မတတ် တုန်လှုပ်သွားရသည် ။

"မင်း ငါ့ကို အပြစ်မတင်နဲ့ ဒီပါ ။ မင်းကရော အပြစ်ကင်းလိ​ု့လား ။ လူတိုင်းက ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်တာပဲလေ ။ ငါလည်း ငါ ဖြစ်ချင်တာကို ရအောင် လုပ်ယူခဲ့တာပဲ ။ အရင်က ငါ ဒီအိမ်မှာ ကျွန်တစ်ယောက်လို နေခဲ့ပြီးပြီ ။ ဒါပေမဲ့ မင်း အဘွားက အပြစ်လေးတစ်ခုအတွက်နဲ့ ငါ့ကို ရိုက်နှက်ပြီး မောင်းထုတ်ခဲ့တယ် "

မဟူရာ ( Completed )Où les histoires vivent. Découvrez maintenant