part - 16

2.5K 163 8
                                    

မဟူရာ

( အပိုင်း - ၁၆ )

ဒေါက်...ဒေါက်

သူ တံခါးခေါက်ပြီး အခန်းထဲ ဝင်လိုက်သည် ။ ယုယက ပြတင်းနားမှာ ထိုင်နေပြီး မေးထောက်ကာ အပြင်ကို ငေးမောနေသည် ။ ယုယ၏ အနားသို့ လျှောက်သွားရင်း စိတ်ပူစွာ မေးလို်က်မိသည် ။

"ဘာလို့ ပြတင်းပေါက်နားမှာ ထိုင်နေရတာလဲ ညီမလေးရယ် ။ လေက ဒီလောက်တိုက်နေတာ ။ နေကောင်းသေးတာလည်း မဟုတ်ဘဲနဲ့ "

ယုကက သက်ပြင်းသဲ့သဲ့ချ၍ ခေါင်းခါသည် ။ ထို့နောက် ဒီပါ့ကို စေ့စေ့ကြည့်၍ မေးသည် ။

"ကိုကို ၊ ရာရာက ဘယ်တော့ပြန်လာမှာလဲ ဟင် "

ဒီပါ့မျက်နှာ ပျက်ယွင်းသွားရသည် ။ ယုယ ကျန်းမာရေးမကောင်းသောကြောင့် မဟူရာ့အကြောင်းကို အသိမပေးရသေးချေ ။ ကားတိမ်းမှောက်ပြီး မီးလောင်ပေါက်ကွဲသွားတာကြောင့် ခရီးသည်တချို့၏ ခန္ဓာကိုယ်ဆို အစရှာမရသည်အထိ အခြေအနေက ဆိုးရွားသည် ။ မဟူရာ့ ခန္ဓာကိုယ်လည်း ရှာမတွေ့ခဲ့ပါ ။ ဤသည်ကပဲ မဟူရာ အသက်ရှင်လိမ့်မည်ဟု သူ့ကို မျှော်လင့်ချက်တစ်ခုပေးသည် ။ သူကိုယ်တိုင် လိုက်ရှာနေခဲ့သလို မဟူရာကိုယ်တိုင် အိမ်ပြန်ရောက်လာမည်ကိုလည်း တိတ်တဆိတ် မျှော်လင့်မိသည် ။

"ယုယ မေးတာ ဖြေဦးလေ "

ယုယက မျက်နှာမသာမယာနှင့် အတွေးလွန်နေသော ဒီပါ့ကို ကြည့်၍ ဆိုသည် ။

"သူ သိပ်မကြာခင် ပြန်လာမှာပါ ။ သူ့မိသားစုဆီ သွားတာဆိုတော့ ရက်နည်းနည်းတော့ ကြာဦးမှာပေါ့ ညီမလေးရဲ့  "

ယုယက နှုတ်ခမ်းစူ၍ ခေါင်းညိတ်သည် ။ ထို့နောက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့်  မျက်နှာလေး ညိုးကျသွားပြီး ဝမ်းနည်းကြေကွဲသော အသံဖြင့် ဆိုလာသည် ။

"ယုယ နေကောင်းချင်တယ် ကိုကို ။ ဒါမှ ရာရာတို့ဆီ သွားလည်လို့ ရမှာ ။ ဒီအိမ်ထဲမှာပဲ အမြဲတမ်း မနေချင်တော့ဘူး "

ယုယက ပြောပြီးသော် မျက်ဝန်းတွေထဲ မျက်ရည်ဝေ့နေသည် ။ ဒီပါသည် ယုယကို ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်  ။

မဟူရာ ( Completed )Where stories live. Discover now