part - 15

2.5K 158 10
                                    

မဟူရာ

( အပိုင်း - ၁၅ )

"ဒေါ်လေး ကျွန်တော့်ကို ပြောစရာရှိတယ်ဆို "

သီဟက ဒေါ်သဇင့်ကို မဝံ့မရဲ ကြည့်ရင်း မေးလိုက်သည် ။ ဖြစ်ပျက်သွားသည့် ကိစ္စရပ်များအပြီး ညဉ့်နက်နေပြီဖြစ်၍ သူ အိပ်ရာဝင်မည်ကြံစဉ် ဒေါ်ထားက ရောက်လာပြီး ဆိုသည် ။ ထို့ကြောင့် ဒေါ်သဇင့် အခန်းသို့ သူ ရောက်လာရခြင်းဖြစ်သည် ။

"ဟုတ်တယ် ၊ မင်း အခု ဘာတွေလုပ်နေလဲဆိုတာ သိရဲ့လား "

"ဗျာ "

သီဟက နားမလည်နိုင်သည့် မျက်ဝန်းတွေနှင့် စိုက်ကြည့်သည် ။

"မင်းက ဒီပါ့ရဲ့ သူငယ်ချင်းတစ်ယောက် ။ ဒီကို မင်း ရောက်လာကာက ခြံစိုက်ပျိုးရေးကို လေ့လာဖို့အတွက် ။ ဒါပေမဲ့ မင်းက ကိုယ့် သူငယ်ချင်းရဲ့ မိန်းမနဲ့ တတွဲတွဲ လုပ်ပြီး အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေနဲ့ အချိန်ဖြုန်းနေတယ် ။ ဒါက မဟုတ်သေးဘူးနော် "

သီဟ မျက်ခုံးတွန့်သွားသည် ။ တုံ့ပြန်ရန် စကားလုံးက ချက်ချင်း ထွက်မလာ ။ စက္ကန့်အနည်းငယ်ကြာမှ သူ တွေးတွေးဆဆနှင့် ပြောနိုင်သည် ။

"ဘာလို့လဲဗျ ။ ဒေါ်လေးတို့ရဲ့ လျှို့ဝှက်ချက်တွေ လူသိမှာစိုးလိ​ု့လား "

သီဟက ခနဲ့သလို မေးလိုက်တော့ ဒေါ်သဇင့်မျက်နှာ တည်တင်းသွားသည် ။ ထို့နောက် ဟာသပြက်လုံးတစ်ခုကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်သည် ။

သီဟ မျက်မှောင့်ကြုတ်ပြီး နားမလည်နိုင်သလို ဖြစ်သွားရသည် ။

ဒေါ်သဇင်က ရယ်နေတာကို အဆုံးသတ်ပြီး မခို့တရို့အပြုံးနှင့် ဆိုလာသည် ။

"ဘာလျှို့ဝှက်ချက်လဲ ။ မင်းက ဘာတွေသိထားလို့လဲ "

"ခင်ဗျားတို့ မူမူဆိုတဲ့ မိန်းကလေးကို ဖမ်းချုပ်ထားတယ် ။ နောက်ပြီး သတ်ဖို့ ကြံစည်နေကြတယ် မဟုတ်လား "

"မင်းမှာ သက်သေရှိလား "

သီဟသည် စကားမဆိုနိုင်တော့ဘဲ ဆွံ့အသွားရသည် ။
တကယ်တမ်း သူ့မှာ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေက မရှိ ။

မဟူရာ ( Completed )Où les histoires vivent. Découvrez maintenant