part - 7

2.5K 175 5
                                    

မဟူရာ

( အပိုင်း - ၇ )

ရာရာ ပြန်သတိရလာချိန်၌ စိုးရိမ်တကြီး စိုက်ကြည့်နေသော ဒီပါ့ မျက်ဝန်းတစ်စုံနှင့် တိုး၏ ။ ရာရာ မျက်လုံးဝေ့၍ ကြည့်လိုက်သော် ရင်းနှီးနေသော အခန်း နှင့် လုံခြုံစိတ်ချရသော ရင်ခွင်တစ်ခုထဲ ရောက်နေခဲ့၏ ။

"မင်း သတိရပြီနော် "

သူက ငုံ့မိုးကြည့်ရင်း ဝမ်းသာလှိုက်လှဲသော လေသံနှင့် ဆိုသည် ။ ရာရာ ခေါင်းညိတ်ပြ၍ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည် ။

ရုတ်တရက် ငေါက်ခနဲ ထထိုင်ရင်း... ။

"ယုယ....ယုယ "

ယုယ၏ ပုံစံကို ရာရာ့ မျက်လုံးထဲ ပြန်မြင်ယောင်လာပြီး ရင်ထဲ ကြောက်လန့်စိတ်ကြောင့်  တလှပ်လှပ်နှင့်  တစ်ကိုယ်လုံး တုန်ယင်လာ၏ ။

"ယုယက ဘာဖြစ်လို့လဲ "

"ယုယက....ရာရာ့ကို သတ်ဖို့ လုပ်တယ် ။ သူ ပုံမှန်မဟုတ်ဘူး ။ တစ်ခုခု ဖြစ်နေသလိုပဲ "

ရာရာ ပြန်ပြောပြရင်း အသံတွေက တုန်တုန်ယင်ယင် ။ လူက ယခု တဖန် ကြောက်ရွံ့စိတ်ကြောင့် ခြေဖျားလက်ဖျားတွေပင် အေးစက်လာ၏ ။

"မဖြစ်နိုင်တာ ။ ယုယက ဘာလို့ မင်းကို သတ်ရမှာလဲ ။ မင်း အိပ်မက်ဆိုးမက်ပြီး ကယောင်ချောက်ချားဖြစ်နေတာပဲနေမှာ "

"ဟင့်အင်း ။ သူ ရာရာ့ လည်ပင်းကို ညှစ်ပြီး သတ်ဖို့လုပ်တာ ။ ရာရာ တကယ်ပြောတာပါ "

"ကျစ်..မင်း မှားနေပြီ ။ ကိုယ့်ကို ဒေါ်လေး  လာပြောတာ ။ မင်း ဝရံတာနားမှာ လဲကျနေတယ်ဆိုပြီး ။ ကိုယ့်စိတ်ထင် မင်း ညကြီးအချိန်မတော် အခန်းထဲက ထွက်သွားရင်း အဲ့ဒီနားမှာ သတိလစ်သွားနေတာဖြစ်မယ် ။ ကိုယ်က တွေ့တွေ့ချင်း  မင်းကို    ဆေးရုံ ခေါ်သွားဖို့ပဲ ။ ဒေါ်လေးက မနက်ထိ ခဏစောင့်ကြည့်ဖို့ ပြောတာနဲ့ စောင့်ကြည့်နေခဲ့တာ ။ မင်း နေမကောင်းရင် အခု ဆေးရုံသွားရအောင်   "

" ဟင့်အင်း ၊ ရာရာ ဘာမှမဖြစ်ဘူး "

ရာရာ ခေါင်းကို လေးပင်စွာ ခါယမ်းမိသည် ။

ယုယက ဘယ်ရောက်သွားတာလဲ ။ ရာရာ ဖြစ်ခဲ့သည်က အိပ်မက်တစ်ခု မဖြစ်နိုင် ။ သို့သော် အမှန်တရားပါဟုလည်း လက်ဆုပ်လက်ကိုင်ပြစရာ သက်သေက မရှိ ။ ရာရာ တွေးမိပြီး  စိတ်ပျက်အားလျော့သွားရသည် ။

မဟူရာ ( Completed )Donde viven las historias. Descúbrelo ahora