part - 14

2.3K 148 10
                                    

မဟူရာ

( အပိုင်း - ၁၄ )

"အလုပ်သမားတွေ အားလုံးကို စောစောအနားယူခိုင်းလိုက်ပါပြီ မမကြီး ။ နောက်ပြီး မမကြီး နေမကောင်းလို့ ကိုယ့်နေရာမှာပဲ နေပြီး ဘာအနှောင့်အယှက်မှ မပေးဖို့လည်း ထပ်ပြီး သတိပေးလိုက်ပါတယ် "

ဒေါ်ထားက ပြောတော့ ဒေါ်သဇင်က ခေါင်းတဆတ်ဆတ် ညိတ်သည် ။

" ကောင်းတယ် ။ ဒါဆို ပူဇော်ပွဲအတွက် ပြင်ဆင်ရအောင် ။ မူမူ့ကို ကိုယ်လက်သန့်စင်ပေးပြီး အဝတ်အစားပါ လဲပေးထားလိုက် "

"ဟုတ်ကဲ့ "

ဒေါ်ထားက ခေါင်းညိတ်ပြီး ဘီဒိုကို တွန်းဖယ်ကာ လျှို့ဝှက်အခန်းထဲ ဝင်သွားသည် ။

မိနစ်အနည်းအကြာ၌ ဒေါ်သဇင်လည်း အခန်းထဲသို့ ဝင်လာခဲ့သည် ။ ထိုအချိန်၌ ဒေါ်ထားက မူမူ့ကိုယ်ကို မ၍ အခေါင်းထဲသို့ ရွှေ့နေသည် ။ မူမူ့ခန္ဓာကိုယ်က ပျော့ခွေနေတာကြောင့် ဒေါ်သဇင် မျက်မှောင်ကြုတ်သွားရသည် ။

"သူ ဘာဖြစ်သွားတာလဲ "

"ဟို...မူမူ ကလန်ကဆန် လုပ်နေလို့ ၊ ကျွန်မ နည်းနည်း ဆုံးမလို်က်တာပါ "

ဒေါ်ထားက မဝံ့မရဲကြည့်၍ ဆိုလာသည် ။

"ဂရုစိုက်မှပေါ့ ။ ပူဇော်ပွဲစဖို့  အချိန်က ကပ်နေပြီ ။ သူ တစ်ခုခုဖြစ်သွားရင် ငါ့ အစီအစဉ်တွေအကုန် ပျက်ကုန်မှာ ညည်း သိတယ် မဟုတ်လား "

"တောင်းပန်ပါတယ် မမကြီး "

ဒေါ်ထားက မျက်နှာငယ်လေးနှင့် တောင်းပန်စကားဆိုသည် ။

"ကဲ ထားပါတော့ "

ဒေါ်သဇင်က လက်ကာရင်း အခေါင်းရှေ့ကို လျှောက်လာသည် ။ ထို့နောက် အခေါင်းထဲ၌ သတိမေ့မျောနေသော မူမူ့ကို စူးစိုက်ကြည့်နေစဉ်....။

ဒေါက်....ဒေါက်

တံခါးခေါက်သံက ရုတ်ချည်း ထွက်ပေါ်လာ၏ ။

"ကိုမင်းညိုထင်တယ် ၊ ဘာပြသနာရှိလို့လဲ မသိဘူး ။ တံခါး သွားဖွင့်လိုက် "

ဒေါ်သဇင်က အမိန့်ပေး၏ ။ ဒေါ်ထားတစ်ယောက် ခပ်သုတ်သုတ် ထွက်သွားပြီး ခဏအကြာ အပြေးအလွှား ပြန်ရောက်လာသည် ။

မဟူရာ ( Completed )Onde histórias criam vida. Descubra agora