part - 18

2.5K 169 10
                                    

မဟူရာ

( အပိုင်း - ၁၈ )

ရာရာသည် တဖြည်းဖြည်း နှင့် အံ့သြထိတ်လန့်လာရသည် ။

"ဘာဖြစ်လို့လဲ "

ဒီပါက မဟူရာ့ မျက်နှာရိပ်ကို အကဲခတ်ရင်း မျက်မှောင်ကြုတ်ပြီး မေးသည် ။

"မဖြစ်နိုင်ဘူး "

ရာရာ ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းကို ခါရမ်းကာ ဒီပါ့ နောက်လက်ဖဝါးတစ်ဖက်ကိုပါ ဆွဲယူ၍ ဆုပ်ကိုင်လိုက်သည် ။

"မင်း ဘာဖြစ်နေတာလဲ ၊ ကိုယ့်ကို ပြောဦး "

ရာရာသည် ဒီပါ့မျက်နှာကို မော့ကြည့်၍ တွေတွေလေး ငေးနေမိသည် ။ ခဏကြာမှ သတိဝင်ပြီး အလောတကြီး မေးမိသည် ။

"ရှင် ကျွန်မ မျက်လုံးအရောင်ကို မြင်လိုက်လား "

ဒီပါက နားမလည်သလို မျက်ခုံးပင့်၍ ကြည့်သည် ။ မဟူရာ့ အပြုအမှုတွေက သိပ်ကို ထူးဆန်းနေသည် ။

"ကိုယ်က ဘာမြင်ရမှာလဲ ။ မင်း မျက်လုံးက အစိမ်းရောင်ပဲလေ "

"ဟင့်အင်း ၊ တစ်ခုခု မှားနေပြီ "

"ဘာမှားနေတာလဲ "

ဒီပါကလည်း မဟူရာတစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်နေတာကို ကြည့်ရင်း ဘာများဖြစ်လဲ ဟု စိတ်ထဲ တွေးမိသည် ။

"မင်း အနာဂတ်ကို မြင်နိုင်တယ်ဆို ၊ ကိုယ့်လက်ကို ကိုင်ပြီးပြီ မဟုတ်လား ။ ကိုယ် ယုံအောင် သက်သေပြတော့လေ "

ရာရာက ဒီပါ့လက်ကို လွှတ်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချမိသည် ။ ထို့နောက်  မဝံ့မရဲ ကြည့်၍ ဆိုမိသည် ။

"ကျွန်မ ဘာမှ မမြင်ခဲ့ရဘူး "

ရာရာ့ အသံက စိတ်ပျက်မှုကြောင့် ဖျော့တော့သွားသည် ။ ဒါကို ဒီပါက သတိထားမိပြီး ပြုံးသည် ။

"ကိုယ့်ကို နောက်တစ်ခါ အတည်ပေါက်နဲ့ မစနဲ့တော့ ။ ဟား မင်းက  ကိုယ့်ကို လန့်အောင် သိပ်လုပ်တာပဲ "

ဒီပါက ရယ်မော၍ ဆိုလာသော်လည်း ရာရာ မပြုံးနိုင် ။ လက်ဖဝါးချင်းထိတွေ့ကိုင်တွယ်မိသူတိုင်း၏ အနာဂတ်ကို ကြိုမြင်နိုင်သော်လည်း ဒီပါ့ အနာဂတ်ကျ ဘာကြောင့် မမြင်ရသနည်း ။ ထို့ပြင် ရာရာ့မျက်လုံးတွေကလည်း အရောင် မပြောင်းလဲသွားခဲ့ပါ ။ ဘာကြောင့်လဲ ။

မဟူရာ ( Completed )Where stories live. Discover now