part - 8

2.5K 165 9
                                    

မဟူရာ

( အပိုင်း - ၈ )

ရာရာ ရေချိုးခန်းထဲမှ ထွက်လာပြီး သဘတ်ဖြင့် ခေါင်းသုတ်နေစဉ် ဒီပါက အနားရောက်လာသည် ။ ထို့နောက် သဘတ်ကို ဆွဲယူကာ ရာရာ့ အညိုရောင် ဆံနွယ်ရှည်တွေကို ညင်သာစွာ သုတ်ပေးသည် ။

"မနက်ဖြန် ကိုယ် အလုပ်ကိစ္စနဲ့ မြို့ကို သွားရမယ် ။ နှစ်ရက် ၊ သုံးရက်လောက်တော့ ကြာမယ် "

ရာရာ့စိတ်ထဲ ဝမ်းနည်းသွားသလို နေရခက်သော ခံစားချက်ကြီးက နေရာယူလာ၏ ။ သူ့ကို မော့ကြည့်သော် နူးညံ့သော အကြည့်နွေးနွေးနှင့် ဆုံစည်းသည် ။ သူဟာလေ သိပ်ကို နားလည်ရခက်သည့် ယောကျာ်းတစ်ယောက် ။ တစ်ခါတစ်ရံမှာ ခက်ထန်၍ ကြောက်စရာကောင်းသော်လည်း တစ်ခါတစ်ရံမှာ နူးညံ့ပြီး နွေးထွေးသည် ။ သူ့စိတ်က ခန့်မှန်းရခက်သလို ရာရာ့ နှလုံးသားသည်လည်း နားလည်ရခက်နေ၏ ။

"ဟေး....ဘာလို့ ငြိမ်နေတာလဲ "

"ဟင့်အင်း "

ရာရာ ခေါင်းခါလိုက်သော် သူက ပြုံးရင်း ပါးကို ဖွဖွ ဆွဲ၏ ။

"မျက်နှာကြီး ရှုံ့မဲ့မနေနဲ့ ။ ကိုယ် အလုပ်ကိစ္စပြီးတာနဲ့ အမြန်ဆုံး ပြန်ခဲ့မယ် "

ရာရာ ခေါင်းညိတ်လိုက်ချိန်၌ ဖြတ်ခနဲ ရောက်လာသော အနမ်းတစ်ပွင့် ။ ပါးပြင်တစ်ခုလုံး ပူထူသွားသည် ။ ညာဘက်ပါးပြင်ကို လက်ဖြင့် ယောင်ယမ်း၍ ထိတွေ့မိသည် ။ သူကတော့ ပြုံး၍ အနားမှ ထွက်သွားသည် ။ တသိမ့်သိမ့် နှင့် ရင်ခုန်လှိုက်မော၍ ကျန်ခဲ့သူက ရာရာ ။  ရှက်ရွံ့စွာနှင့်  ပြုံးမိတော့သည် ။

*************

ဒီပါက ယနေ့ မနက်စောစော၌ အလုပ်ကိစ္စနှင့် ခရီးထွက်သွားပြီမို့ ရာရာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတော့သည် ။ ဦးမင်းညို၏ အကြည့်စူးစူးတွေကို ရှောင်ဖယ်ချင်သောကြောင့် အခန်းထဲမှာသာ နေဖြစ်သည် ။

ဒေါက်..ဒေါက်

တံခါးခေါက်သံကြား၍ ရာရာ ထဖွင့်လိုက်သော် ယုယကို တွေ့လိုက်ရ၏ ။ ရာရာ့ကို ပြုံးပြပြီး အခန်းထဲသို့ ဝင်သည် ။ ရာရာ မျက်နှာပျက်သွားရပေမယ့် သက်ပြင်းသဲ့သဲ့ချ၍ တံခါးပိတ်လိုက်သည် ။

မဟူရာ ( Completed )Donde viven las historias. Descúbrelo ahora