part-5

2.6K 177 5
                                    

မဟူရာ

( အပိုင်း - ၅ )

"ဖြောင်း "

"ချွမ် "

ရိုက်ခတ်သံနှင့်အတူ ဓားက လက်မှ လွတ်ကျသွားခဲ့၏ ။

"ဒါ ဘာလုပ်တာလဲ အစ်မ "

မြမေ၏ ရင်အစုံက အံ့သြထိတ်လန့်မှုကြောင့် မငြိမ်မသက် ။  ခင်အေး၏ လုပ်ရပ်က သူ့ကို သွေးပျက်တုန်လှုပ်သွားစေသည် ။

"ကလေးတစ်ယောက်ရဲ့ မျက်လုံးကို ဓားနဲ့ ထိုးစိုက်ရအောင်ထိ မေတ္တာတရားကင်းမဲ့လှချည်လား အစ်မရယ် "

မြမေ ရင်ထဲ မချိတင်ကဲ ရေရွတ်မိသည် ။ မြမေသာ  ခြေတစ်လှမ်းနောက်ကျသွားခဲ့လျှင် ရာရာလေး၏ အဖြစ်က ဆက်မတွေးဝံ့စရာအတိ ။

ထိုစဉ် သမီးငယ်က ရုတ်တရက် ငေါက်ခနဲ ထထိုင်သည် ။ ရာရာလေး၏ မျက်ဝန်းတို့က ပြူးကျယ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏ ။ ငိုကြွေးသည်မှာ မရှိသလောက် ရှားသည့်သမီးငယ်က ယခုတော့ မျက်ရည်ဝဲကာ တုန်တုန်ယင်ယင်နှင့်  ။

မြမေသည် သမီးငယ်ကို ဆွဲယူ၍ ပွေ့ဖက်လိုက်သည် ။

"အဲ့ဒီကောင်မစုတ်လေးကြောင့် ငါ့အစ်ကို သေရတာ ။ ဒါ သူ့ရဲ့ မကောင်းဆိုးဝါး  မျက်လုံးတွေကြောင့်ပဲ ။  သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ရမယ် "

ခင်အေးက ဒေါသတကြီးနှင့် နာကြည်းစွာ ဆိုသည် ။

"သူက ဘာမှားလို့လဲ အစ်မရဲ့ ။ ရာရာက ဘာအပြစ်မှ မရှိတဲ့ ကလေးတစ်ယောက်ပါ ။ အစ်မရဲ့ တစ်ဖတ်သတ် စွပ်စွဲချက်တွေနဲ့ ဒီလောက်ထိ လုပ်စရာလား ။ နောက်ပြီး ဒါ အစ်မရဲ့ တူမ ။ အစ်ကိုရဲ့ သွေးသားရင်း"

"ဘာသွေးသားရင်းလဲ ။ ကိုယ့်အဖေကိုယ် ပြန်သတ်တဲ့ သွေးသားလား ။ ငါလဲ သူ့ကို တူမလို့ မသတ်မှတ်နိုင်ဘူး ။ ဒီကောင်မလေး ဒီအိမ်မှာ ဆက်ရှိနေရင် မကောင်းတာတွေ ဆက်တိုက် ဖြစ်လာဦးမှာပဲ "

ခင်အေးက မဟူရာ့ကို စူးစူးရဲရဲ စိုက်ကြည့်၍ ဆိုသည် ။ မြမေက ခပ်ဖျော့ဖျော့ ပြုံး၍ ပြန်ချေပလိုက်သည် ။

"အဲ့ဒီလို ဖြစ်လာခဲ့ရင်လဲ ကျွန်မဘက်က လက်ခံဖို့ အသင့်ပါပဲ "

မဟူရာ ( Completed )Où les histoires vivent. Découvrez maintenant