part - 4

2.8K 195 10
                                    

မဟူရာ

( အပိုင်း - ၄ )

သည်နေ့မနက်စောစောမှာပဲ မေမေနှင့် အန်တီခင်တို့ ပြန်သွားကြပြီဖြစ်၏ ။ ရာရာတစ်ယောက်တည်း ဤအိမ်ကြီးမှာ ကျန်ရစ်ခဲ့ရပြီ ။ အားငယ်စိတ်လေး ဝင်မိပေမယ့် သည်မတိုင်ခင်ကလည်း မိသားစုနှင့် အတူရှိပြီး တစ်ယောက်တည်းအနေများခဲ့တာပဲဟု ကြိုးစားဖြေသိမ့်လိုက်သည် ။ ယခုအချိန်မှစ၍ ဤအိမ်ကြီးမှာ ရာရာ ဘဝသစ်တစ်ခု စတင်တော့မည် ။ ထို့သို့နေနိုင်ရန် ရာရာ့ လျှို့ဝှက်ချက်ကို မည်သူမျှ မရိပ်မိအောင် ဖုံးကွယ်ထားရမည် ။

မနက်စာစားပြီးနောက် ခြံထဲသို့ ဆင်းလာခဲ့သည် ။ ကြွေကျမြေခနေသော ခရေပန်းလေးတွေကို ကောက်ယူ၍ လက်ဖဝါးထဲထည့်ကာ ရာရာ နမ်းရှိုက်မိသည် ။ မနက်ခင်း၏ လေပြည်အေးနှင့်အတူ ခရေရနံ့မွှေးပျံ့ပျံ့က စိတ်ကို ကြည်လင် လန်းဆန်းသွားစေသည် ။

ညက အိပ်မက်ဆိုးကို သတိရတော့ ရာရာ မျက်နှာလေးမဲ့သွားရသည် ။ ဤအိမ်၌ ရှိသည့် အလုပ်သမားအများစုက ယောကျာ်းလေးများဖြစ်ပြီး အနည်းစုက အမျိုးသမီးများဖြစ်၏ ။ ထိုအမျိုးသမီးများက အသက် သုံးဆယ်ကျော် ၊ လေးဆယ်ကျော် ဝန်းကျင်ဖြစ်၏ ။ ရာရာ အိပ်မက်ထဲမှာ တွေ့ခဲ့သည့် ဝိညာဉ်လိုလို ၊ တစ္ဆေသရဲလိုလို မိန်းကလေးများက ငယ်ရွယ်ကြ၏ ။

ဒါ အိပ်မက်တစ်ခုဖြစ်မှာပါလေ ။ ဒေါ်ထား၏ စကားတွေကြောင့် ရာရာ စိတ်ဆွဲ၍ အိပ်မက်မက်တာလည်း ဖြစ်နိုင်၏ ။ ရာရာ ကြောက်လန့်ပြီး ဒီပါ့ကို ပွေ့ဖက်မိသည်ကို သတိရပြန်တော့ မျက်နှာလေး ပူနွေးလာရသည် ။ ထိုစဉ်...

"ယုယ "

ရာရာ အိမ်ကြီးပေါ်သို့ ဖျပ်ခနဲ အကြည့်ရောက်သွားစဉ် ရာရာ့ကို စိုက်ကြည့်နေသည့် ယုယ ။ အခန်းပြတင်းပေါက်မှ ရပ်ကြည့်နေသော ယုယက ရာရာနှင့် အကြည့်ချင်းဆုံသော် လိုက်ကာလေးကို ချက်ချင်း ချလိုက်၏ ။

ရာရာသည် လိုက်ကာစလေးကို ငေးမောရင်း တွေးမိသည် ။ ယုယ၏ အသွင်အပြင်က ထူးဆန်းနေ၏ ။ သွေးမရှိသလို ဖြူဖပ်ဖြူရော်နှင့် အားနည်းနေသလိုပင် ။ ကျန်းမာရေး ချို့တဲ့နေတာများလား ။

မဟူရာ ( Completed )Tempat cerita menjadi hidup. Temukan sekarang