လေဆိပ်မှာအထုတ်တချို့ကိုချပြီးမန္တလေးမှ မိုးကုတ်ကို ဟေသာအပြေးလေးနှင်ခဲ့သည်
ဟေသာတို့မြို့လေးက ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၈၀၀ မှာရှိတဲ့မြို့လေးမို့အမြဲလိုလိုမြူတွေဆိုင်းလို့ရှိတက်သည်
ခုတလောမှ ခေတ်စားလာတဲ့ ရေတွေတောင်ခဲအောင်အေးတဲ့ ဘားနဒ်ရွာ
မိုးကုတ်ရောက်ရင်မဖြစ်မနေစားရမဲ့မန်တုန်
ပတ္တမြားမြေလို့တောင်တင်စားကြရတဲ့ကမ္ဘာရတနာသိုက်
နီညိုရောင်ခေါင်မိုးညီညီလေးတွေကလည်းမိုးကုတ်ရဲ့ trade mark တစ်ခုလိုဖြစ်ပြီး
အစစအရာရာလွမ်းမောစရာ.....လမ်းတောက်လျောက်အပြိုင်အဆိုင်အလှကြီးလှနေတဲ့တောင်နေကြာတွေကိုငေးကြည့်ရင်း ဟေသာ့မျက်ဝန်းတွေကအတိတ်ဆီရောက်လိုက် ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်တွေးလိုက်နဲ့ ရောထွေးသောပြွမ်းလို့....
တကယ်တမ်းဟေသာပြန်လာခဲ့တာလည်း အမှန်စစ်စစ် အိမ်ပြန်ချင်စိတ်ကတပိုင်း
ဟေသာ့မြို့လေးအတွက်တစ်စိတ်တစ်နေရာကနေတာဝန်ကျေချင်တာကတစ်ပိုင်းဖြစ်သည်
Hotel management ဘာသာနဲ့နိုင်ငံရပ်ခြားမှာပညာတွေ အတွေ့အကြုံတွေရင်းခဲ့သမျှအပင်ပန်းအဆင်းရဲခံခဲ့ရသမျှအခုတော့အသုံးချရတော့မယ်လို့တွေးမိသည်
ဟေသာ့မိဘတွေကအစိုးရဝန်ထမ်းမို့နယ်ပေါင်းစုံမှာဟေသာကြီးပြင်းလာခဲ့ရသည်
မိုးကုတ်ကိုစစရောက်ချင်းမှာပင်ဟေသာ့ဆုံးဖြတ်ချက်တစ်ခုက ဘာပဲဖြစ်ဖြစ်ဒီမြို့လေးမှာပြန်လာပြီးအခြေချဖို့ဖြစ်သည်
ဟေသာစိတ်ကူးယဉ်အိပ်မက်အတိုင်း
သိပ်ကိုခမ်းနားပြီးသက်တောင့်သက်သာရှိမဲ့ resort လေးတစ်လုံးချစ်တဲ့မြေမှာပြန်တည်ဆောက်ဖို့ရယ် ....
မွေးရပ်မြေမှာပြန်ပြီးခေါင်းချဖို့ရယ်.....ပြီးတော့ မရဲတရဲမျှော်လင့်ချက်နဲ့ အတူအချစ်ရဆုံးအမျိုးသားလေးရဲ့ရင်ခွင်ထဲအပြီးအပိုင်ပြန်လာဖို့ရယ် ....
ဟေသာ့ကိုသာမြင်ရင်လေ
အရင်လို မျက်လုံးလေးတွေမှေးတဲ့အထိရယ်ပြပြီး စကားတွေများတဝကြီးပြောနေမလား
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...