Mr Dearest

8K 180 9
                                    

ထင်းရှူးသေတ္တာခပ်သေးသေးတစ်လုံးထဲ
packaging သေချာထုတ်ထားတဲ့ စပျစ်ခြံအရောင်းအဝယ် စာချုပ်လေးထည့်
ပြီးတော့ ဝိုင်ပုလင်းလေးတွေအစီအရီထည့်
အလှဆုံးဖဲပြားနီနီလေးကိုကပ်ရင်း
ဟေသာကားမောင်းထွက်လာခဲ့သည်

ဟေသာ့အတွက်နှစ်ပတ်လောက်ကြာခဲ့ပြီမို့

စိတ်အနည်းငယ်သက်သာရာရနေသလိုလိုရှိပေမဲ့လည်း

ရင်ဘက်ထဲမှာတဆစ်ဆစ်ကိုက်ခဲနေမြဲ

"မင်္ဂလာအချိန်ကညနေ :၀၀ နင်က ပန်းတွေဆင်တာကြည့်ပေးရမှာမို့နေ့ခင်းထဲကလာမှဖြစ်မှာနော်"
အတန်တန်ဖုန်းဆက်လာတဲ့ငွေသာ့စကားကြောင့်ဟေသာစောစောထွက်လာခဲ့သည်

ဟေသာကိုယ်တိုင်ရွေးပေးတဲ့ထင်းရှူးရောင် suit လေးက သူနဲ့ဆိုဘယ်လောက်တောင်လိုက်နေမလဲ

သူ့သတို့သမီးလေးကလည်းဘယ်လောက်တောင်လှနေလိုက်မလဲ

ဟေသာတွေးရင်းပြုံးမိသည်

အပြုံးတုတွေနဲ့နေရမဲ့သူမို့ ဟေသာပြုံးဖို့ကြိုးစားနေရခြင်းဖြစ်သည်

အဖြူရောင်ခြံစည်းရိုးကို ဟေသာလှမ်းမြင်နေရပြီ

ခြံထဲမှာ ခုံဖြူဖြူလေးတွေစခင်းနေတာကိုတွေ့လိုက်ရသည်

ကားကိုအကျအနရပ်ပြီး အေးဆေးဆင်းလာသည်

" သတို့သမီးလာပြီ ...."

အပေါက်ဝမှစီးပြောသောရုတ်ရုတ်သဲသဲသည်းအသံတွေကြောင့် ဟေသာ နောက်ကိုလှည့်ကြည့်သည်

သူမနောက်မှာလည်းဘာကားမှမဝင်လာ

" မိတ်ကပ်ပြင်ဖို့နောက်ကျနေပြီ"

ဘုမသိဘမသိလက်လာဆွဲသောအမျိုးသမီးငယ် တချို့နောက်ဟေသာတန်းလန်းတန်းလန်းပါသွားခဲ့သည်

အခန်းထဲမှရပ်စောင့်နေတာကငွေသာ

" ဘာတွေဖြစ်နေတာလဲ"

သူမငွေသာ့ကိုမေးငေါ့ပြီးမေးလိုက်သည်

" ငါရှင်းပြပါ့မယ် အရင်ဆုံးအလှပြင်လိုက်ဦး "

Mr Dearest (အချစ်ရဆုံး)Where stories live. Discover now