အရောင်းအဝယ်စာချုပ်လေးကိုဖိကိုင်ရင်းခြံရှင်အဒေါ်ကြီးပြောတဲ့စကားကိုဟေသာဇဝေဇဝါနဲ့ပြန်စဉ်းစားမိသည်
သူ့ခြံကို ဟေသာနဲ့အပြိုင်လာဝယ်တယ်ဆိုတဲ့သူက
အမြဲလိုလို ဒီခြံထဲကိုနေ့တိုင်းလာတယ်တဲ့လေသူ့ကြည့်ရတာ ဟေသာ့လိုပဲ တစ်စုံတစ်ယောက်ကိုလွမ်းနေသလိုပဲတဲ့
သူတို့ပြောချင်တာ ဟေသာသဘောပေါက်တယ်
ဟေ့သာ့လိုပဲစိတ်ထောင်းကိုယ်ကြေဖြစ်နေခဲ့တဲ့ပုံလို့ပြောချင်တာထင်ပါရဲ့
အဲ့ဒီ့ထူးထူးဆန်းဆန်းလူကိုတော့ဟေသာမြင်ဖူးချင်ပါ၏
ဟေသာနဲ့ဖြစ်ရပ်ချင်းခံစားချက်ချင်းတူခဲ့မလားပဲ
ဘာပဲနေနေ ဟေသာဒီခြံကိုရလိုက်တဲ့အတွက်အရမ်းဝမ်းသာတယ်
သူ့အတွက်တော့စိတ်မကောင်းပါဘူးတစ်ယောက်တည်း လမ်းမှာတွေ့တဲ့ကော်ဖီဆိုင်လေးအတွင်းဝင်ထိုင်ရင်းဘာရယ်မဟုတ်တွေးမိနေသည်
ဘယ်လောက်ကြာသွားလဲမသိကော်ဖီတွေတောင်အေးစက်သွားခဲ့သည်
အတွေးတွေလက်စသတ်ရင်း
ပိုက်ဆံရှင်းကာ
ဟေသာဆိုင်ထဲမှ ထွက်လာခဲ့သည်ဟေသာကားစက်ကိုနှိုးလိုက်သည့်အချိန်တွင်အင်ဂျင်ကအနည်းငယ်တုန်ခါပြီး စက်ပါထိုးရပ်သွားခဲ့သည်
"ဒုက္ခပါပဲ "
မြူတွေများလွန်းလို့မီးဖွင့်မောင်းရင်း
Head light ပြန်မပိတ်မိလို့ ဘက်ထရီများ ဒေါင်းသွားတာလားဘာဖြစ်တာလဲဟေသာမသိ
ဟေသာစိတ်တော်တော်လေးရှုတ်သွားခဲ့သည်
ဟေသာရောက်နေတာမိုးကုတ်မြို့ရဲ့အပြင်ဘက်မှာစိတ်ညစ်ညစ်နဲ့ငွေသာ့ကိုဖုန်းခေါ်မလို့လုပ်လိုက်သည်
ကားမှန်တံခါးကိုတစ်စုံတစ်ယောက်လာခေါက်သည်
မြူတွေကရေငွေ့ရိုက်နေတော့သေသေချာချာသဲသဲကွဲကွဲမမြင်ရ
ဟေသာကားမှန်ကိုခပ်ဟဟလေးချလိုက်သည်
ဟင်... သူ" ကားပျက်နေတာလား" သူဆိုင်ကယ်ဦးထုပ်ကိုချွတ်ပြီးမေးလိုက်သည်
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...