ညကမှောင်လာသလိုရာသီဥတုကလည်းအေးစိမ့်လာခဲ့သည်
မီးပုံခပ်ပြပြလေးဘေးမှာ
ဟေသာတို့နဲ့အတူ လူ၆ ယောက်လောက်ဝိုင်းဖွဲ့နေကြသည်ဆောင်းရဲ့အအေးဒဏ်နဲ့ အတူခပ်ကြမ်းကြမ်းတိုက်ခက်လာတဲ့မြောက်ပြင်လေတွေကို
မီးတောက်လေးခမျာမနည်းကိုတောင့်ခံနေရရှာသည်ဟေသာ မီးပုံရဲ့တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ စိုင်း ကိုလှမ်းပြီးအကဲခက်လိုက်မိသည်
သူ့မျက်နှာကိုမီးရောင်နဲ့မို့ရှင်းရှင်းလင်းလင်းမြင်နေရသည်
သူ့လက်ထဲမှာကိုင်ထားတာက ဝီစကီတစ်ခွက်
သူဟာအရင်ကဆိုအရက်မပြောနဲ့
ကော်ဖီခါးရင်တောင်မသောက်တက်တဲ့ကောင်လေးတစ်ယောက်အခုတော့သူကအရမ်းကိုနှုတ်ဆိတ်ပြီးတည်ငြိမ်နေပြီ
သူ့မျက်ဝန်းတွေကဟေသာဖတ်ကြည့်လို့မရ
လောက်အောင်နားလည်ရခက်နေသည်သူဟေသာခိုးကြည့်နေတာကိုသတိထားမိသွားပုံရသည်
သူဟေသာ့မျက်လုံးတည့်တည့်ကိုပြန်ကြည့်တယ်
ပြီးတော့ ပါးချိုင်းလေးပေါ်သည်အထိပြုံးလိုက်တယ်
ဒါ
ဟေသာခံစားနေရတာကိုများသူကလှောင်ရယ်နေတာလား" တူးကုန်တော့မှာပဲ"
ငွေသာက ဟေသာ့ရှေ့ကအကင်တချို့ကိုယူလိုက်သည်ဟေသာတိတ်ဆိတ်နေတာကိုငွေသာသတိပြုမိပုံရသည်
ဟေသာ့ဘက်ကိုသူမလှည့်ကြည့်သည်
ငွေသာ့ပုံစံကတစ်ခုခုကိုပြောပြဖို့တွေးနေသလို" နင်မသိပဲ wedding တစ်ပွဲလက်ခံထားမိတယ်မမ"
" ကောင်းပါတယ်"
စိတ်မပါသလိုဖြေလိုက်တဲ့ဟေသာ့အဖြေကိုသူမနောက်ထပ်မေးခွန်းထုတ်လိုက်သည်
" ဘယ်သူ့မင်္ဂလာဆောင်လဲနင်သိလား"သူမရဲ့ထူးထူးဆန်းဆန်းမေးခွန်းကြောင့် ဟေတာ သူမကိုသေချာကြည့်လိုက်သည်
" ကိုစိုင်းမင်္ဂလာဆောင်ပဲ"
သူမပြောလိုက်တဲ့လေသံတိုးတိုးလေးက
ဟေသာ့နားထဲမိုးကြိုးပစ်ချလိုက်သလို
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...