သူငယ်ချင်းတဲ့လား
ဟေသာစဉ်းစားရင်း သက်ပြင်းချမိသည်အခုအချိန်မှာဟေသာသူနဲ့အဝေးမှာအေးအေးဆေးဆေးနေချင်တာကလွဲပြီးကျန်တဲ့မျှော်လင့်ချက်မရှိတော့
စိတ်အပြောင်းအလဲတစ်ခုဖြစ်အောင် hotel ဝန်းထဲရှိ ဘန်ဂလိုတစ်လုံးထဲဟေသာပြောင်းနေခဲ့သည်
ဆောင်းရာသီရဲ့နေရောင်နုနုကဟေသာ့အခန်းပြတင်းပေါက်ကနေဝင်ရောက်လာသည်
လေဝင်လေထွက်ရှိအောင်တံခါးတွေအကုန်ဖွင့်ထားရင်း
ခြံရှင်လင်မယားလက်ဆောင်ပေးလိုက်တဲ့ ဝိုင်ကို အရသာခံရင်းသောက်နေခဲ့သည်" ဟေသာ"
နောက်မှသူ့ရဲ့ခေါ်သံ သဲ့သဲ့ကြောင့် ဟေသာလှည့်ကြည်လိုက်သည်သူခပ်တည်တည်နဲ့တံခါးပေါက်ဝင်လာပြီး ပြတင်းပေါက်အနီးရှိထိုင်ခုံလေးမှာဝင်ထိုင်လိုက်သည်
" ငါနဲ့လိုက်ခဲ့ပါလား"
သူ့အပြောကိုနားမလည်ဖြစ်သွားခဲ့သည်
" ငါ ဒီနေ့မင်္ဂလာဆောင်အတွက်အင်္ကျီရွေးရမှာ နင့်လောက်ဘယ်သူမှအမြင်မရှိဘူး"
သူပြောရင်းဆိုရင်း နံရံမှာထောင်ထားတဲ့ ဟေသာ့ရဲ့ဂစ်တာကိုယူပြီး ဘာမှမဖြစ်သလိုကြိုးညှိနေလိုက်သည်
မှတ်မိဦးပါ့မလား
အဲ့ဒီ့ဂစ်တာလေးကိုရော
ကမ္ဘာပေါ်မှာ တစ်ခုတည်းသော သူဝယ်ပေးထားပြီး သူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ဂစ်တာလေးထင်းရှူးသားနဲ့မို့သိပ်ပြီးဈေးကြီးလွန်းလို့မုန့်ဖိုးတစ်လစုပြီးဝယ်ပေးရတာလို့သူပြောဖူးခဲ့တာတွေ
သူ့ပုံစံကအေးအေးလူလူရှိလှသည်
" ဒါမျိုးကိစ္စက နင့်သတို့သမီးနဲ့သွားရမှာလေ ငါလိုက်လို့မသင့်တော်ဘူး"
ဟေသာသူ့ကိုလေသံနှိမ့်ပြီးပြောလိုက်သည်
"နင်မလိုက်လို့မရဘူးဟေသာ"
သူ့အသံကအရင်ကအတိုင်းအမိန့်ပေးသံဆန်လွန်းသည်
" နင်ငါ့အခန်းထဲကထွက်သွား စိုင်း
ခုလိုမင်္ဂလာဆောင်ခါနီးယောကျာ်းတစ်ယောက်ဖြစ်ပြီး ငါ့အခန်းထဲဝင်လာတာတောင်လွန်လှပြီ"
ဟေသာ့အသံကဒေါသကြောင့်ကျယ်လောင်လာသည်
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...