Help me out

3.1K 93 3
                                    

ခပ်မှောင်မှောင်နဲ့အုံ့ဆိုင်းနေသောညနေခင်းရဲ့
တိမ်တွေကိုငေးနေမိသည်

ဟေသာ့ရဲ့စိတ်ကိုဟေသာကိုယ်တိုင်ပင်နားမလည်တော့ပါ

ဒီအချိန်ကျမှာဟေသာသူ့ကိုအဆုံးရှူံးမခံနိုင်တော့

" ငါဘယ်လိုလုပ်ရမလဲငွေသာ
တခြားအမျိုးသမီးနဲ့လက်ထပ်တော့မဲ့ယောကျာ်းတစ်ယောက်ကို တပ်မက်မိနေပြီ"

ငွေသာကဟေသာရင်ဖွင့်သမျှကိုဘေးမှာငြိမ်ငြိမ်လေးနားထောင်နေသည်

" ဟေသာ ငါ့ကိုကြည့်
နင်မမှားဘူး တပ်မက်မိတာလည်းနင့်အမှားမဟုတ်ဘူး သူ့ကိုငါသာနင့်နေရာမှာဆို ခိုးပြေးမိမလားတောင်မသိဘူး"

သူမကဟေသာ့ပုခုံးကိုခပ်ဖွဖွလာကိုင်ပြီးနှစ်သိမ့်သည်

တစ်ခါတစ်လေ ဟေသာနဲ့ငွေသာက ဘယ်သူကအကြီးဘယ်သူကအငယ်လည်းတောင် ဟေသာကိုယ်တိုင်မသည်းကွဲဖြစ်ဖြစ်သွားရသည်

"စိတ်ညစ်မခံနဲ့ဟေသာ ကံတရားနဲ့ နှလုံးသားကသူ့အလုပ်သူလုပ်ပါလိမ့်မယ် နင်ကမျောလိုက်ယုံပဲ "

" ငါသွားတော့မယ်"

ငွေသာပြောပြီး ဟေသာ့ရဲ့ဘန်ဂလိုမှ ခရီးသည်ပို့တဲ့ golf cartလေး ကိုမောင်းကာထွက်သွားခဲ့သည်

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့

ဟေသာပြောသလိုများ သူ့ကိုခိုးပြေးရမလား

ဆေးခပ်ပြီးခိုးပြေးရအောင်လည်းသူကဟေသာ့ထက်ခေါင်းတစ်လုံးလောက်မြင့်တဲ့ယောကျာ်းရင့်မာကြီး

သူကရော ဟေသာ့ခိုးပြေးရင်ခံပါ့မလား

အာ... ဘာတွေတွေးမိနေတာလဲ
ပေါက်ကရအတွေးတွေပါဝင်လာတဲ့ကိုယ့်ကိုယ်ကိုယ် အံ့ဩမိသည်

​ရေခဲသေတ္တာထဲရှိ vodka ပုလင်းကိုဆွဲယူလိုက်သည်

​ပျော်စပြုနေတဲ့ရေခဲရည်လက်ကျန်နဲ့အတူ သောက်ချပစ်လိုက်သည်

နောက် နှစ်ပတ်ဆိုသူမင်္ဂလာဆောင်ပြီ

လည်ချောင်းထဲပူနွေးခါးသီးတဲ့အရသာက သူ့ကိုတော့ခဏမေ့သွားစေသည်

Mr Dearest (အချစ်ရဆုံး)Dove le storie prendono vita. Scoprilo ora