ဖြူဖွေးသန့်နေတဲ့ wedding gown လေးတွေစီတန်းထားတဲ့ဆိုင်လေးကို ဟေသာတို့ရောက်သွားသည်
"သတို့သမီးအရင်ကြည့်မလားရှင့်"
ဆိုင်ဝန်ထမ်းကောင်မလေးအပြောကြောင့်ဟေသာရှိူးတိုးရှမ်းတန်းဖြစ်သွားခဲ့သည်" မဟုတ်ဘူး...ကျွန်မက..."
ဟေသာပြောမည်အလုပ် ဟေသာ့လက်ကိုသူကဖိပြီး"ကျွန်တော့သတို့သမီးအတွက်အရင်ပြပေးပါ"
သူဟေသာ့လက်ကိုဆွဲပြီး ဟေသာ့ဘက်ကိုစောင်းငဲ့ကာမျက်စိမှိတ်ရင်းပြုံးပြသည်
သူ့အပြုအမူကိုဟေသာလုံးဝနားမလည်တော့
သူကဆိုင်ထဲကိုရှေ့ကဝင်သွားပြီး
ဂါဝန်တစ်ထည်ဆွဲယူလိုက် ဟေသာ့နဲ့ကပ်ကြည့်လိုက်လုပ်နေသည်
"သတို့သမီးကကံကောင်းတယ်နော် သေချာရွေးပေးနေတာ" ဆိုင်ဝန်ထမ်းကောင်မလေးနှစ်ယောက်ရဲ့တီတိုးပြောသံကို သူကကျေနပ်နေသလိုပုံစံနဲ့ပြုံးနေသေးသည်
သူရူးများသွားပြီလား
သူဂါဝန်တွေကပ်ကြည့်နေရင်း
ဆိုင်အတွင်းဘက်မှာအရုပ်မမှာဝတ်ထားတဲ့ဂါဝန်အဖြူရောင်နောက်တွဲခပ်ရှည်ရှည်လေးနဲ့တစ်ထည်ဆီသူ့အကြည့်ရောက်သွားသည်" အဲ့ဒါလေးဝတ်ကြည့်ပါလားဟေသာ"
ဟေသာသူ့ကိုနားမလည်သလိုငေးကြည့်နေမိသည်
"ဝတ်ကြည့်ပါဆို"
သူဟေသာ့ဘက်ကိုလှည့်ပြီးထပ်ပြောသည်
" ငါဝတ်လို့မရဘူးလေ နင့်သတို့သမီးပါပါမှဝတ်ခိုင်းရမှာလေ"
ဟေသာလေသံတိုးနဲ့သူ့ကိုမေးလိုက်တော့ သူမကြားချင်ယောင်ဆောင်နေသည်ဟေသာသူ့လက်မောင်းကိုနာနာကုတ်လိုက်သည်
"နင်ငါ့ကိုအရှက်မခွဲနဲ့ဟေသာ ငါ့သတို့သမီးကမန္တလေးရောက်နေတာပြီးတော့ သတို့သမီးဝတ်စုံတွေက နောက်ကြိုးချည်တွေနဲ့တွေချည်းပဲ နင့်ကိုယ်လုံးတော်ရင်သူတော်တယ် ဟုတ်ပြီလား"
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...