ဟေသာ့အတွက်တော့သူကပထမဆုံးနဲ့နောက်ဆုံးရင်ခုန်သံဖြစ်ခဲ့သည်
အဲ့ဒီ့အချိန်တုန်းကဟေသာကသာတစ်ဖက်သတ်ရင်ခုန်နေခဲ့တာပါ
သူကဖြင့် တစ်ယောက်ပြီးတစ်ယောက်ရည်းစားတွေထားလာခဲ့တာများ
တက္ကသိုလ်ရောက်တဲ့အထိရည်းစားနဲ့လူနဲ့ပြတ်တဲ့လမရှိခဲ့
ဒါနဲ့တောင်များ ဟေသာ့ကိုစိတ်ဝင်စားတဲ့ကောင်လေးတွေကိုကျတော့ သူကဘုနဲ့ဘောက်ပြောလွှတ်တက်သေးတယ်
သူ့ကြောင့်ဘူပိတ်ခဲ့ရခဲ့ရပေါင်းလည်းမနည်းခဲ့ပါဘူး
ဟေသာ့ကိုလည်းဘေးမှာထားပြီးရည်းစားထည်လဲတွဲတယ်
ဒါပေမဲ့
ဟေသာ့ကိုသူ့ဘေးကနေထွက်ခွာခွင့်မပြုခဲ့တာတော့ဆန်းကျယ်လွန်းတယ်ဒီလိုနဲ့
အသားဖြူဖြူ အရပ်မြင့်မြင့် အပြောကောင်းကောင်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်သူနဲ့ခပ်ပုပု ခပ်သေးသေး ခပ်အေးအေးလေးနေတက်ခဲ့တဲ့ဟေသာ friendzone ထဲမှာအကြာကြီးပိတ်မိခဲ့ကြတာပေါ့
လူတွေကသူရောဟေသာ့ကိုပါကောက်ရိုးပုံစောင့်ခွေးလို့ခေါ်တဲ့အထိပဲ
သူ့ရဲ့မရိုးနိုင်တဲ့အချစ်ဇာတ်လမ်းတွေမှာဟေသာက အကြုံပေးပုဂ္ဂိုလ်ဆိုပေမဲ့
သူဟာဟေသာ့ရဲ့အချစ်ဇာတ်လမ်းတွေမှာတော့မဖြစ်ဖြစ်တဲ့နည့်နဲ့တားဆီးဖျက်ဆီးတက်တဲ့လူကြမ်းကြီး
ဟေသာ့ကိုစိတ်ဝင်စားတယ်လို့တစ်စုံတစ်ယောက်ကဒီနေ့ပြောလိုက်ရင်
နောက်နေ့မှာ အဲ့လူနဲ့သူရန်ဖြစ်ပြီးသားပဲအကြောင်းတစ်ခုခုနဲ့ကွိုင်ရှာ ပြသနာရှာတက်တဲ့ ဇိုးလေးကို ဟေသာ့ရင်ထဲမှာတော့ အသည်းယားပြီးချစ်လှပါသည်
တနေ့ တော့နေကြာရိုင်းတွေကို ဖြစ်သလိုစည်းထားတဲ့ပန်းစည်းနဲ့ဟေသာ့ကို သူချစ်ရေးဆိုခဲ့တယ်လေ
ဟေသာငြင်းဆန်လို့ မရအောင် သူ့မျက်ဝန်းတွေထဲပျော်ဝင်နေခဲ့တာနှစ်တွေကြာရှည်ခဲ့ပြီမို့
ခပ်ပြုံးပြုံးကြီးခေါင်းညိမ့်လိုက်တော့သည်
ဟေသာနဲ့ရည်စားဖြစ်ပြီးကတည်းက တည်တည်ငြိမ်ငြိမ်နဲ့
သူပြောင်းလဲလာတာများ
ဟေသာကိုယ်တိုင်တောင်အံ့ဩမိသည်
VOCÊ ESTÁ LENDO
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...