ခြံစည်းရိုးအဖြူလေးတွေနဲ့အတူ လိုက်ဖက်လွန်းတဲ့ Marybes resort hotel ဆိုတဲ့ အဖြူရောင်ဆိုင်းဘုတ်လေး
ပြီးတော့ လမ်းတောက်လျောက်ဖူးပွင့်နေသော daisy ပန်းလေးတချို့နဲ့အတူ အဝေးမှလှမ်းမြင်ရတဲ့ ဖြူလွှလွှ ဘန်ဂလိုလေးတွေ
Hotel ဝန်းထဲမှလှမ်းကြည့်လိုက်ရင် ပြာရီမှိုင်းညို့နေတဲ့တောင်တန်းတွေကိုပိတ်ကားတချို့လိုမြင်နေရသည်
hotel တစ်ခုရဲ့အင်္ဂါရပ်မှာသန့်ရှင်းရေးကအဓိကပဲဆိုသလိုတစ်ဝန်းလုံးကအမှိုက်တစမရှိ
ငွေသာက ဟေသာ့အကြိုက်ကိုအကုန်သိသလို
" swimming pool နဲ့ gym ဘက်လိုက်ပြမယ်"
ငွေသာခေါ်တဲ့နောက်ကိုဟေသာလိုက်သွားခဲ့သည်Gym ထဲမှာစွပ်ကျယ်အဖြူရောင်ဝတ်ထားတဲအမျိုးသားတစ်ယောက် ဟေသာတို့နှစ်ယောက်ဆီလျောက်လာသည်
လူပုံစံက အားကစားသမားတစ်ယောက်လိုကျစ်လျစ်နေသည်
ထိုသူကလျောက်လာရင်း ငွေသာ့ကိုကြည့်ပြီးပြုံးပြသည် ငွေသာကလည်းရွှန်းရရွန်းပြန်ပြုံးပြသည် ဒီလောက်ဆို ဟေသာသဘောပေါက်ပါတယ်
" ဒါ ငါ့ကောင်လေးလေ မမ" ငွေသာက
ဟေသာ့ဘက်ကိုလှည့်ပြီးမိတ်ဆက်ပေးလိုက်သည်
ထိုကောင်လေးခေါင်းညိမ့်ပြီးပြုံးပြသည်"ကျွန်တော့နာမည် ကောင်းဆက်ပါ အမ"
" တွေ့ရတာဝမ်းသာပါတယ်ကွယ်"ဟေသာပြုံးပြီးနှုတ်ဆက်လိုက်သည်
ကောင်လေးပုံစံက ငွေသာနဲ့အသက်အနည်းငယ်ကွာလောက်သည်
ငွေသာ့ကိုကြည့်တော့ပြုံးလို့ရွှင်လို့" နောက်မှာပစ္စည်းတွေဘာလို့ထားခဲ့တာလဲ ကောင်းဆက်"
သူမတို့နောက်မှထွက်လာတဲ့ အသံတစ်ခုကြောင့်ဟေသာ့ရင်ထဲကျင်ခနဲ ဖြစ်သွားသည်
ငွေသာကဟေသာ့ကိုအဓိပ္ပာယ်ပါပါကြည့်ရင်းပြုံးပြလိုက်သည်
ဟေသာ့ကျောပြင်တစ်ခုလုံး ကြက်သီးတွေထသွားခဲ့တဲ့အထိတောင့်တင်းသွားခဲ့သည်
နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ဟေသာမေ့လို့မရတဲ့ သူ့ရဲ့အသံ
YOU ARE READING
Mr Dearest (အချစ်ရဆုံး)
Romanceခါတိုင်းလိုပဲ သူဟာ ပုဆိုးကိုခြေမျက်စိထိခပ်ရှည်ရှည်ဝတ်ထားတယ် ခါတိုင်းလိုပဲ သန့်ပြန့်နေတဲ့ လည်ကတုံးအဖြူရောင်နဲ့ ခါတိုင်းလိုပဲနူးညံ့တဲ့မျက်ဝန်းအစုံတွေနဲ့ ခါတိုင်းလိုပဲ ပါးချိုင့်လေးပေါ်သည်အထိပြုံးတက်တဲ့အပြုံးတွေနဲ့ပါပဲ ဒါပေမဲ့အကြီးမားဆုံးပြောင်းလဲမှုက ...