Ep 8

1.9K 161 7
                                        

Zawgyi

ရိပေါ်လည်း ပတ်ပြေးနေရင်း စစ်ကျွေးတို့အိမ် ရောက်သွားသည်
"စစ်ကျွေးရေ စစ်ကျွေး ငါ့ကို ကယ်ပါဉီးဟ"

"ဟဲ့ ဘာဖြစ်လာတာလဲ ပြေးလာတာလား
ဘာလဲ ခွေးလိုက်ဆွဲလို့လား"(ဟဲ့ ငရဲတွေတော့ကြီးကုန်တော့မယ်)

"မင်း ဂျီးတော်ကြီးကို ခွေးလိုက်ဆွဲရမှာလား
ငါ့ ပါး လိုက်ရိုက်နေလို့ဟ ကယ်ပါဉီးကွာ"

"အေး အေး ငါ ကယ်မယ်"

ထိုစဉ် ရိပေါ်ပါးက စစ်ကျွေးတို့အိမ်ကို ကျော်သွားမယ် အလုပ်

စစ်ကျွေးက
"ဉီးလေး ဘယ်သွားမလို့လဲ လက်ထဲမှာလည်း တုတ်ကြီးနဲ့"

"ဟို ငနာလေးကို လိုက်ရိုက်နေတာလေ ဒီဘက်ကို လာသေးလား"

"အဲ့ဒါပြောမလို့ပဲ
ရိပေါ်က ပြောသွားတယ်
သူကျွန်တော့်အိမ်ကို လာတာ ဉီးလေးကို မပြောပါနဲ့တဲ့ အဲ့ဒါကျွန်တော် မပြောဘူးနော်
သူပြောတာ"

ရိပေါ် ဒေါသတွေ ထွက်လာလေသည်
"ဒီကောင် ငါ့ကို အချွန်နဲ့မ ပြန်ပြီ"

တွေးနေတုန်း

"လာပါ လာပါ ကိုယ်တော်ချောလေး အိမ်ကိုပြန်လိုက်ခဲ့ပါ"

"ပြန်လိုက်ခဲ့မယ် သားကို မရိုက်နဲ့နော်"

"မရိုကပွါဘူး လာပါ"

"ဟုတ် "ဆိုပြီး မျက်နှာငယ်လေးနဲ့ ပုန်းနေရာမှထွက်လာလေသည်
ထိုနေ့ တစ်နေ့လုံး ရိပေါ်တစ်ယောက် အိမ်ထဲမှာပဲ
နေ နေရလေတော့သည်
ညနေရောက်တော့

"ကျန့်ကော အိမ်ပြန်ရတော့မယ့် အချိန်ရောက်နေပြီ အိမ်က ခိုးထွက်မှ ရမယ်"
ဆိုပြီး အောက်ထပ်ကို ဆင်းလာလေသည်

အောက်ထပ်ရောက်တော့
"ဒါက ဘယ်လဲ"

"ဟို ဟို ဟို....."

"ဟိုတွေ ဒီတွေ လုပ်မနေနဲ့ ဒေါက်တာ ဆီသွားမလို့ မို့လား"

"အဟဲ ပါးကလည်း သိသားနဲ့ မေးနေသေးတယ်"

"ငါနော် မင်းကို မပြောချင်တော့ဘူးနော်"

"မပြောချင်ရင်လည်း မပြောနဲ့ပေါ့ဗျာ ပါးကလည်း"

"မပြောချင်ဘူးဆိုတာ ရွဲ့ပြောနေတာ"

"အော် ဒါဆိုလည်း မပြောပါနဲ့တော့ပါးရယ်
သားနောက်ကျနေပြီ သွားတော့မယ် ပါးရေ"

My Precious DoctorDonde viven las historias. Descúbrelo ahora