Ep 15

1.6K 133 2
                                    

Zawgyi

ရိပေါ် တစ်ယောက် မီးဖိုချောင်ထဲတွင်
အလုပ်ရှုပ်နေသည်
ဒီနေ့ ကျန့်ကောကို ထမင်းစားဖို့ ဖိတ်ထားသောကြောင့်ပင်

"ဉီးလေး နေကောင်းရဲ့လားဗျာ"
ရှောင်ကျန့် ပြောလိုက်တော့

"အဲ ကျန့်ကော အသံကြားပြီ လာပြီနဲ့တူတယ်"
ဆိုပြီး ရိပေါ် အိမ်ရှေ့ထွက်လာလေသည်

ရိပေါ် အိမ်ရှေ့ရောက်တော့
ရှောင်ကျန့်မှာ မျက်လုံးအပြူးစားဖြစ်သွားလေသည်
ဝမ်ရိပေါ်က Apronကြီး ဝတ်ထားသောကြောင့်ပင်ဖြစ်သည်
"အယ် ရိပေါ် Apronကြီးနဲ့ ဒီနေ့ မင်းချက်တာပေါ့ ဟုတ်လား"
ရှောင်ကျန့်ပြောလိုက်တော့

"ဟုတ်တယ်ဗျ ကျွန်တော်လက်စွမ်းပြထားတာ"
ဆိုပြီး ရိပေါ် ပြုံးစိစိဖြင့်ပြောလသည်

ထမင်းစားပွဲရှေ့ရောက်တော့
ရှောင်ကျန့် လန့်ပြီး မျက်လုံးပြူးမိပြန်ပြီ
(အော် ဟော ကျန့်ကျန့် ရှင်ပြူးတာ နှစ်ခါရှိပြီနော် မျက်လုံး🙂)
မျက်စိရှေ့ ရိပေါ်လာချပေးတာက
ကြက်ကြော်ဟု ထင်ရသော မဲမဲကြီး😆
"ရိပေါ် ဒါက ဘာကြီးလဲ"
ရှောင်ကျန့် မေးရလေတော့သည်

"ဒါကလား ကြက်ကောင်လုံးမဲကြော်"
ရိပေါ်ပြောပြီး ရှက်ကိုးရှက်ကန်းဖြင့်
လည်ပင်းလေးကို ကုပ်လျှက်

"ငင့် ဘယ်လို ဘယ်လို ဟင်းနာမည်က ဘာရယ်"

"ကျန့်ကောကလည်း အစကတော့ ကြက်ကြော်ပဲ
သား ​ဆီရောက်တော့ မဲသွားတာ အဲ့တော့ ကြက်ကောင်လုံးမဲကြော်ပေါ့ အဟီး😁"

"သြော် အတူးလေးပေါ့"

"ဒီမှါ နောက်တစ်မျိုးက cold pot"
ရိပေါ် ပြောတဲ့ နာမည်ကြားပြီး ရှောင်ကျန့်မှာ ရယ်ရခက် ငိုရခက်

"ရိပေါ် hot potဟုတ်ဘူးလား"

"ချက်နေတုန်းကတော့ hot potပဲ
ကျန့်ကောက လာတာနောက်ကျနေတော့
ဒါကြီးက အေးသွားပြီလေ
အဲ့တော့ cold pot😁"

"ရိပေါ်တို့ လုပ်လိုက်ရင် အဆန်းကြီးပဲ
ပြောပါဉီး ဒါကြီးကရော ဘာကြီးလဲ"

"အဲ့ဒါက ရှောင်ကျန့်ရိပေါ် ကော"

"what ဘယ်လို ဘယ်လို နောက်တစ်ခေါက်ပြန်ပြောပါဉီး ငါများနားကြားမှားတာလား"
ရှောင်ကျန့်မှာ အံ့သြလွန်းပြီး
အဲ့လိုတောင်မေးယူရသည်
"ငါ ကြားဖူးတာ မာလာရှမ်းကော ပါ"

My Precious DoctorDonde viven las historias. Descúbrelo ahora