Zawgyi
"ရိပေါ် ကိုယ်မင်းကို ချစ်နေမိပြီဆိုတဲ့
ခံစားချက်တွေကို လက်ခံမိတဲ့ အချိန်ကြမှ
မင်းကို ထားခဲ့ရတော့မယ်တဲ့လား
ကိုယ်ဘာဆက်လုပ်ရမလဲ ကိုယ်က
ထွက်သွားမယ့်သူဆိုတော့ မင်းကို
ချစ်ပါတယ်ဆိုတဲ့ စကားတွေနဲ့
ချုပ်နှောင်မထားခဲ့ချင်ဘူး ရိပေါ်ရယ်"
ကျန့်ကျန့် တစ်နေရာတွင် ထိုင်ငိုလျှက်
စိတ်ထဲတွင်လည်း ရိပေါ်ကို ချစ်သည်ဟုသာ
အကြိမ်ကြိမ်ပြောနေတော့သည်ရိပေါ် ကျန့်ကျန့်ရဲ့ ပြောင်းရွှေ့စာကိုမြင်တော့
ပြေးထွက်သွားပြီး အခန်းထဲကို ဝင်ကာ
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ကျန့်ကောက ဘာလို့ပြောင်းရမှာလဲ ဒါမဖြစ်နိုင်ဘူး ဟုတ်တယ် ဒါမဖြစ်နိုင်ပါဘူးဆိုဟာ"
ရိပေါ် အခန်းထဲတွင် အော်ဟစ်ကာ
ငိုနေတော့
ဝမ်ပါး ဘယ်စိတ်ကောင်းပါ့မလဲ"သား ရိပေါ် တံခါးလေး ခဏဖွင့်ပေးပါဉီး
ပါး ပြောစရာရှိလို့""ပါး သားတစ်ယောက်ထဲ နေချင်တယ် သားကို
ခဏလွှတ်ထားပေးပါ ပါးရယ်""သားလေး ပါးပြောတဲ့စကားတွေကို သေချာနားထောင်ပါ ခဏလေးပဲ တံခါးဖွင့်ပေးပါ"
ဝမ်ပါး တောင်းပန်တော့ ရိပေါ် တံခါးလာဖွင့်ပေးလေသည်
"သားလေး တကယ်တော့ ဒေါက်တာက အရင်လတည်းက ပြောင်းရွှေ့စာ အထုတ်ခံရတာ"
ဝမ်ပါး ပြောလိုက်တော့ ရိပေါ် မျက်လုံးတွေမှာ
မျက်ရည်တွေ စီးကျလျှက်"ဘယ်လို အရင်လတည်းက ဟုတ်လား ပါး"
"ဟုတ်တယ် သား ဒေါက်တာ က ပြောင်းရွှေ့ခွင့်ကို ခေတ္တရပ်ဆိုင်းခွင့်တင်ထားတာ သားကိုလည်း သူပြောမထွက်ရက်ဘူးတဲ့လေ
ခုက အတည်ပြောင်းရမယ့် အမိန့်စာကျလာတာ""ကျန့်ကောက သားကို ဘာလို့မပြောပြတာလဲ"
"သား စိတ်ဆင်းရဲမှာ သူမမြင်ရက်လို့ပေါ့
သူက ပြောသေးတယ် သူ သားအပေါ်မှာ
ခံစားချက်တွေရှိနေပြီ ထင်တယ်တဲ့""သူက အဲ့လိုပြောတယ်လား"
"ဟုတ်တယ် သား သူမနက်ဖြန်ပဲ ပြောင်းရတော့မှာ သူသားကို ဒီစာလေးပေးသွားတယ်"
ဆိုပြီး ဝမ်ပါး ကျန့်ကောပေးတဲ့စာလေးကို
ရိပေါ်အား ထုတ်ပေးလိုက်လေသည်
YOU ARE READING
My Precious Doctor
Fanfiction"အသည်းခွဲခဲ့တယ်လို့ပြောရအောင်လည်း ကျန့်ကောက ငါ့ကို ချစ်တယ်လို့လည်း ပြောခဲ့တာမဟုတ် ပြန်လာမယ်ဆိုတာဟာ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက်လား ကျန့်ကောရယ်"