Zawgyi
ရိပေါ် ကျန့်ကောရဲ့ ဆေးပေးခန်းနားလေး
သွားပြီး
"လွမ်းတယ် ကျန့်ကော
ပြန်လာမှာမလား ပြန်လာမှာပါနော်
ကျွန်တော် စောင့်နေတယ်နော်
ချစ်ရသူရဲ့ အငွေ့အသက်လေးတွေ
ရှိနေတဲ့ နေရာမှာပဲ
ရိပေါ် နေပါရစေ ကောရယ်"
ရိပေါ် ဆေးပေးခန်းကနေ
ဘုရားဘက်ကို ဆက်သွားလေသည်"ကျန့်ကောရယ်ဘာလို့မှန်းမသိ
ကျန့်ကောနဲ့သွားခဲ့ဖူးတဲ့ နေရာလေးတွေကိုပဲ လျှောက်သွားချင်မိတယ်
ကျန့်ကောရဲ့ အရိပ်အယောင်လေးတွေကို
မြင်နေရတယ်
ဒီလိုလေးတွေနဲ့ပဲကျန့်ကောကို စောင့်ရင်း
ကျွန်တော့် အချိန်တွေကို ဖြုန်းပါရစေ"
ရိပေါ် တစ်နေကုန် အိမ်ကိုလည်း မပြန်
ညနေစောင်းမှ အိမ်ပြန်ရောက်သည်အိမ်ရောက်တော့
စစ်ကျွေးက ဧည့်ခန်းထဲမှာ ရောက်နေသည်
မျက်နှာလည်း မကောင်းတာမို့ ရိပေါ်မေးကြည့်မိသည်
"စစ်ကျွေး ဘာဖြစ်လို့လဲဟင်""ရိပေါ် မင်းကို ပြောစရာ ရှိတယ်
ကျန့်ကောပြန်လာပြီ"
စစ်ကျွေး ပြောတာ ကြားလိုက်တော့
တစ်ကမ္ဘာလုံးမှာ အပျော်ဆုံးလူသားဟာ
ရိပေါ်ပါပဲ
ရိပေါ် တော်တော်ပျော်သွားသည်"ဘာ ကျန့်ကော ပြန်လာပြီ ဟုတ်လား
ငါနဲ့ လက်ထပ်ဖို့ ပြန်လာတာနေမှာ
မင်းကလည်း ငါ့ကို စောစော လာမပြောဘူးကွာ
ခု ဘယ်မှာလဲ ကျန့်ကောက
ငါသွားမယ် ငါခုသွားမယ်"
ရိပေါ် ပျော်ရွှင်စွာ ပြောဆိုနေပုံကို ကြည့်ပြီး
စစ်ကျွေးမှာ ဝမ်းနည်းလွန်းလို့
မျက်ရည်တွေ ကျနေလေသည်"သူငယ်ချင်းရာ မင်းစောင့်မျှော်နေတဲ့
မင်းချစ်ပါတယ်ဆိုတဲ့ ကျန့်ကောက
တစ်ခြားမိန်းကလေးနဲ့ လက်ထပ်ဖို့ ပြန်လာတယ်
ဆိုတာ ငါမင်းကို ဘယ်လိုပြောထွက်ပါ့မလဲကွာ"
စစ်ကျွေး မျက်ရည် များကို
သုတ်ပြီး"လာပါ ရိပေါ် မင်းကို ဆက်ပြောစရာရှိတယ်
မင်းစိတ်အေးအေးထားနော်""မင်းကလည်းကွာ ပြောမှာသာ ပြောစမ်းပါ"
"ဟို ဟို...ဟိုလေ ကျန့်ကော ဟို ..ဟို...."
စစ်ကျွေး ကပြောစရာရှိတာ မပြောပဲ
တစ်ဟိုဟို လုပ်နေတာ ရိပေါ် စိတ်မရှည်တော့
JE LEEST
My Precious Doctor
Fanfictie"အသည်းခွဲခဲ့တယ်လို့ပြောရအောင်လည်း ကျန့်ကောက ငါ့ကို ချစ်တယ်လို့လည်း ပြောခဲ့တာမဟုတ် ပြန်လာမယ်ဆိုတာဟာ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက်လား ကျန့်ကောရယ်"