Zawgyi
ရိပေါ်လည်း ကျန့်ကောကို လိုက်ပို့ပေးပြီးအိမ်တန်းမပြန်ဘဲ
ယွီပင်းဆီကို သွားလေသည်
"အစ်ကို ယွီပင်းရေ"ယွီပင်းလည်း ရိပေါ် အသံကြားတော့
အိမ်ရှေ့ထွက်ကြည့်ရာ
"အော် ရိပေါ်ပါလား အစ်ကိုလေးက ဆေးပေးခန်းမှာလေ ဘာလဲ လမ်းမှားပြီးရောက်လာတာလား""ဟုတ်ပါဘူးဗျာ အစ်ကို့ဆီကိုပဲ တမင်လာခဲ့တာ"
"ဘာကိစ္စရှိလို့လည်း ရိပေါ်ရဲ့ လာလေ အိမ်ထဲ ဝင်ပါဉီး"
"ဟုတ် "
ဆိုပြီး ရိပေါ်လည်း အိမ်ထဲ ဝင်လိုက်သွားသည်"ဘာရယ်တော့ မဟုတ်ပါဘူး အစ်ကိုရာ ကျန့်ကောအကြောင်းလေးတွေ သိချင်လို့ပါ"
"အော် အာ့ကြောင့် အစ်ကိုလေး မရှိတဲ့အချိန်ကို
လာတာပေါ့""ဆိုပါတော့ဗျာ"
"အစ်ကိုလေးမှာက မားပဲ ရှိတော့တာ
ပါးကတော့ ဆုံးသွားတာ သုံးနှစ်ရှိပြီ
အစ်ကိုလေးက အနေအေးတယ်
ကျောင်းတက် တည်းက ခုချိန်ထိ တစ်ခါမှ ရည်းစားမထားဖူးသေးဘူး
မထားရဘူးဆိုရင် ပိုမှန်တယ် အစ်ကိုလေးရဲ့မားက သူ့သားကို ဘယ်မိန်းကလေးနဲ့မှ မပေါင်းခိုင်းဘူး""အော် မားက တင်းကြပ်တယ်နော်"
"ဟုတ်တယ် ပြီးတော့ အစ်ကိုလေး အလုပ်ရတည်းက အလုပ်က အတည်တကျမရှိဘူး
နေရာခဏခဏရွှေ့ရတယ် ဒီရွါလေးနဲ့မှ သူလည်း အလုပ်ရတာ တည်ငြိမ်သွားတာ""အော် ဒါက ကျွန်တော် နဲ့ ညားမယ့် ရေစက်ပေါ့ဗျာ"(ဟဲ့ ပေါ်ပေါ် ရှင်နော် ဇွတ်ပဲ🙂)
"ညီလေး ရိပေါ်မင်းသေချာ စဉ်းစားထားရဲ့လား
အစ်ကိုလေးကို မင်း စိတ်ကစားနေတာဖြစ်မှာပါ""မဟုတ်ဘူး အစ်ကို ယွီပင်း ကျွန်တော် လူတစ်ယောက်ကို ဒီလေါက်ထိ ဘယ်တုန်းကမှ မချစ်ဖူးဘူး သူ့မျက်နှာလေးကို နေ့တိုင်းမြင်ချင်တယ် သူ့အသံလေးကို ကြားချင်တယ်
သူ့အပြုံးလေးတွေက ကျွန်တော့ရဲ့ ကမ္ဘာကြီးပါပဲ အဲ့ အပြုံးလေးတွေကို
ကျွန်တော့ တစ်သက်လုံး ကြည့်ခွင့်ရချင်တာ""အေးပါ ငါ့ညီ မင်းအချစ်သာ စစ်မှန်တယ်ဆိုရင်
အစ်ကိုလေးက မင်းကို ပြန်ချစ်မှာပါ
ဒါပေမဲ့ ရိပေါ် မင်းရင်ဆိုင်ရမဲ့ ကျန့်ကောမားကတော့ အခက်အခဲဆုံးတွေထဲက တစ်ခုပဲနော်"
KAMU SEDANG MEMBACA
My Precious Doctor
Fiksi Penggemar"အသည်းခွဲခဲ့တယ်လို့ပြောရအောင်လည်း ကျန့်ကောက ငါ့ကို ချစ်တယ်လို့လည်း ပြောခဲ့တာမဟုတ် ပြန်လာမယ်ဆိုတာဟာ တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့အတွက်လား ကျန့်ကောရယ်"